စစ်ကိုင်းလွှတ်တော်သို့ KIAကို ကန့်ကွက်ရန် အဆိုတင်သွင်း

စစ်ကိုင်းလွှတ်တော်သို့ KIAကို ကန့်ကွက်ရန် အဆိုတင်သွင်း
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့်ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)အရာရှိများ ဇွန် ၃၀ ရက် တွေ့ဆုံစဉ် တစ်ရက်တည်းတွင်စစ်ကိုင်းလွှတ်တော် က KIAကို ကန့်ကွက်သည့် အဆိုတင်သွင်းချက်ကို ဆွေးနွေးသွားမည်ဟု ဇူလှိုင် ၁ ရက် မြန်မာအစိုးရ အာဘော်သတင်းစာတွင် ပါရှိသည်။

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် ထီးချိုင့်မြို့ နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင် က “ကချင်ပြည် နယ်အခြေစိုက် KIA အဖွဲ့၏ ကချင်ပြည် နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းဆောင်ရွက် မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ရေအားလျှပ် စစ်လုပ်ငန်းများ ဆောင်ရွက်နေသည့်တရုတ်နိုင်ငံသား ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း၊ ပြည်နယ်တွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများ အား KIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း” တင်သွင်းချက်ကိုလက်ခံ ဆွေးနွေးသွားရန် သတင်းစာတွင် ဖော်ပြထားသည်။
sagaing_parliament
ထို့အတူ ဇွန် ၁၇ ရက် ပြည်နယ်အစိုးရကို်ယ်စားလှယ်များနှင့် KIO/KIA တွေ့ဆုံပြီးနောက်ရက်တွင်လည်း အစိုးရအာဘော်သတင်းစာ၌ “KIA တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ စတင်ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့သည့် အတွက် မိမိတပ်မတော်စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက်ခဲ့ရ” ဟုဖော်ပြထားပြန် သည်။

ဇွန် ၉ ရက် ဗန်းမော်ခရိုင် အင်မောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်စီမံကိန်းများအနီး ဆန်ဂန်တွင် မြန်မာ စစ်တပ်က KIO/KIA အခြေစိုက်စခန်း Bum Sen (ဘွမ်ဆဲန်)ကို ၀င်ရောက်သိမ်းပိုက်ရာမှ နှစ်ဖက်ကြား တိုက်ပွဲများစတင်လာပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တဝန်း စစ်ပွဲများ ပျံ့နှံ့လာသည်။

ကချင်ပြည်နယ်အတွင်းတွင် စစ်ကိုရှောင်ရှားရန် နေရပ်စွန့်ခွာလာသည့် ပြည်သူများ ၂၀၀၀၀ ကျော်လာကာ ယခုချိန်ထိ အရေအတွက်တိုးလာနေဆဲဖြစ်သည်။

အာဆီယံပါလီမန်က ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်ဖွဲ့ (KIO/KIA)နှင့် (၁၇) ကြာပစ်ရပ်ဆိုင်းခဲ့ခြင်းကို အဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား ပြင်းထန်စွာ ဝေဖန်လိုက်သည်။

ထို့အပြင် နိုင်ငံတကာရှိ ကချင်အမျိုးသားများနှင့်အတူ စစ်ပွဲကို မလိုလားသူများသည် သက်ဆိုင်ရာနိုင်ငံ အသီးသီးတွင် ကန့်ကွက်ဆန္ဒပြပွဲများကို ဇွန် ၂၄ ရက်တွင် တပြိုင်နက် ကျင်းပခဲ့သည်။

မြန်မာအစိုးရအာဘော်၏ဖော်ပြချက်သည် ဗဟိုအစိုးရအဆင့်မဟုတ်ဘဲ ကချင်ပြည်နယ်အစိုးရကိုယ်စား လှယ်များနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ အဆင့် ဆွေးနွေးနေချိန်တွင်ထွက်ပေါ်နေခြင်း ဖြစ်သည်။

Most read this week