မူဆယ်အနီး မြန်မာစစ်ယာဉ်တန်းအား KIA တိုက်ခိုက်

မူဆယ်အနီး မြန်မာစစ်ယာဉ်တန်းအား KIA တိုက်ခိုက်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ်လမ်းတွင် မြန်မာစစ်ယာဉ်တန်းအား ကချင် လွတ်မြောက်ရေးအဖွဲ့ (KIA)က ဇွန် ၃၀ မွန်းလွဲ ၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့သည်ဟု မြင်တွေ့သူများ ပြောသည်။

မူဆယ်မှတောင်ဘက် ၁၅ မိုင်အကွာ ခိုမုန်းကျေးရွာအနီးတွင် မန္တလေးသို့ဦးတည်လာသည့် ၎င်းယာဉ်တန်းအား KIA တပ်ရင်း ၉ မှ မြေမြှုပ်မှိုင်းနှင့် လက်နက်ငယ်များအသုံးပြုပြီး အချိန်တို တိုက်ခိုက်ခဲ့သည်ဟု ဆက်ဆိုသည်။

Ho-Mong-Myan
သေကြေဒဏ်ရာရမှု အတိအကျကို မသိရသော်လည်း ဒဏ်ရာရသူ မြန်မာစစ်သားများအား မူဆယ်ဆေးရုံသို့ ကားဖြင့်ပို့ဆောင်နေကြသည်ဟု မျက်မြင်သက်သေများပြောသည်။

ကွတ်ခိုင်မြို့နယ် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေထဲ မြန်မာ စစ်သားများဝင်ရောက်လာခြင်းကို ဟန့်တားပစ်ခိုက်ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦး ပြောသည်။

ယခုပစ်ခတ်မှုသည် ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်နှင့် KIA အရာရှိများကြား လိုင်ဇာဌာနချုပ်အနီး လဂျားယန်တွင် ငြိမ်းချမ်းရေးကိစ္စ ဒုတိယအကြိမ် တွေ့ဆုံခြင်းနေ့တွင် ဖြစ်ပွားခြင်းဖြစ်သည်။

Most read this week