KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း

KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန်ကိစ္စ မြန်မာ စစ်အရာရှိများမှ တရုတ်စစ်အရာရှိသို့ ခွင့်တောင်း ခဲ့ကြောင်း သိရသည်။

ဇွန် ၂၃၊ ကြာသပတေး ညက မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီ၌ သွားရောက်တွေ့ခဲ့ဆုံစဉ် ယခုကိစ္စတောာင်းဆိုခဲ့ကြောင်း မန်ရှီသတင်းရပ်ကွက်က ဆိုသည်။
laiza_kio_capital
ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်များ တရုတ်နယ်စပ်တွင် အဝင်အထွက် သွားလာလှုပ်ရှားခွင့် တောင်းဆိုခဲ့ သည်ဟု ဆိုသည်။

ဒေသတွင်းတရုတ်စစ်အရာရှိကြီးများနှင့် နေပြည်တော်မှ မြန်မာစစ်တပ်အရာရှိများ၊ လားရှိုးမှအရှေ့ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်အရာရှိများ၊ ကောင်းခါးအခြေစိုက် ကချင်ကာကွယ်ရေးတပ် KDA အရာရှိတချို့ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည်။

ရွှေလီမြစ်အတိုင်းချီတက်လာသည့် မြန်မာစစ်တပ်များ တရုတ်နိုင်ငံထဲသို့ဝင်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ဟုု ဆိုသည်။

KIO လိုင်ဇာဌာနချုပ်နှင့် KIA တပ်မဟာ ၃ ဒေသကိုတိုက်ခိုက်ရန် မြန်မာစစ်တပ်နှင့် မထုနော်ဦးဆောင်သော KDA တပ်များပူးပေါင်းသွားရန်လည်းရှိသည်ဟု တရုတ်နယ်စပ်အာဏာပိုင်များပြောသည်။

KDA မှ ကချင်ကာကွယ်ရေးတပ်များကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက် ၂ ချက်ကိုလည်း မြန်မာအရာရှိများက တရုတ်ကို ရှင်းပြသည်ဟုဆိုသည်။ လူမျိုးရေးကိုရှောင်လွဲရန်နှင့် စေ့စပ်ညှိနှိုင်းနိုင်ရန်ဖြစ်သည်။ KIO လိုင်ဇာ ဌာနချုပ် ကို သိမ်းပိုက်နိုင်ရေး မြန်မာစစ်တပ်၏ အားထုတ်မှုသည် လူမျိုးရေးဖိနှိပ်မှုအသွင်ကို ဆောင်နေသဖြင့် စေ့စပ်ညှိနှိုင်း ရန် ခက်ခဲစေသည်။

KIA အားတိုက်ခိုက်မည့်အပေါ် တရုတ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း မြန်မာစစ်တပ်နှင့် KDA တပ်များ စစ်ဆင်ရေးအတွင်း တရုတ်နယ်မြေအားဖြတ်သန်းခွင့်ပြုခဲ့သည်ဟု တရုတ်အာဏာပိုင်များနှင့် နီးစပ်သူများ ပြောသည်။

လူအင်အား ၈၀၀ ကျော်ရှိသည့် KDA တပ်များ လိုင်ဇာနှင့် တပ်မဟာ ၃ ကို သိမ်းပိုက်ရန် ရှေ့တန်းသို့ ချီတက်သွားကြပြီဟု KDA နှင့်နီးစပ်သူများပြောသည်။

ဇွန် ၉ ရက် ဆန်ဂန်တိုက်ပွဲအပြီး ရှမ်းပြည်မြောက်ပိိုင်းနှင့် ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ပြန်ဖြစ်လာသည်။ စစ်ကြောင့် မြန်မာအုပ်ချုပ်ရေးနယ်မြေမှ ဒုက္ခသည် ၂၀၀၀၀ ကျော် KIO အုပ်ချုပ်သည့် တရုတ်နယ်စပ်သို့ တိမ်းရှောင်လာခဲ့သည်။

မြန်မာစစ်တပ်က ခေါ်ယူမေးမြန်း နှိပ်စက်ညှင်းပန်းခြင်းနှင့် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့်ထွက်ပြေးလာရခြင်း ဖြစ်သည်ဟု တိမ်းရှောင်လာသူများပြောသည်။

Most read this week