ကချင်ပြည်နယ်ငြိမ်းချမ်းရန် အစိုးရမှစီစဉ် ဆုတောင်း

ကချင်ပြည်နယ်ငြိမ်းချမ်းရန် အစိုးရမှစီစဉ် ဆုတောင်း
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ၏ စီစဉ်မှုဖြင့် ကချင်ပြည်နယ်ငြိမ်းချမ်း ရန် ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ ဆုတောင်းခြင်း အစီအစဉ်ကို ဗန်းမော်မြို့တွင် ဇွန် ၂၆၊ တနင်္ဂနွေနေ့ ညနေက ပြုလုပ်ခဲ့သည်။

ခရိုင် ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်မှ ဒေသခံခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ အသင်းတော် (၁၄) ပါးမှ ရာ တော်များ အားဖိတ်ခေါ်၍ ခရိုင်ရုံးတွင် အထူးဆုတောင်းခြင်းအစီအစဉ် ပြုလုပ်ခြင်းဖြစ်သည်။

bhamo-kachinကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား စစ်ဖြစ်နေမှုကြောင့် ပြည်သူများဒုက္ခ ရောက် နေရသဖြင့် “ငြိမ်းချမ်းရေးရရန် ဦးတည်ဆုတောင်းခြင်း” ဖြစ်ကြောင်း ယင်းဆုတောင်းပွဲပါဝင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (UDPKS)ပါတီမှ အတွင်းရေးမှူး ဦးဖောင်လားဂမ်ဖန် ပြောသည်။

“မနေ့ကဆုတောင်းတာကတော့ငြိမ်းချမ်းရေးအတွက်ပါပဲ။ ကျတော်တို့နိုင်ငံ၊ ကျတော်တို့ ပြည််၊ကျတော်တို့ နယ်မြေ၊ ကျတော်တို့ဒေသမှာအေးချမ်းဖို့အတွက်ပါ။”

ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်မှလည်း တိုင်းပြည်ငြိမ်းချမ်းရန်၊ နိုင်ငံရေးတည်ငြိမ်ရန်၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆရာတော်များအားဆုတောင်းကူညီပေးရေးပြောကြားခဲ့သည်။

ဆုတောင်းအစီအစဉ်တွင် သဘာပတိအဖြစ် ကချင်ဆရာတော် ဒရှီအောင်ဒွန်း၊ ကက်တလစ် ဆရာတော်ဇော်ဒွဲမှ ဒေသနာ“မဿဲ ရးရ-၁၄” ကိုဟောကြားခဲ့သည်။

ဆုတောင်းစည်းဝေးတွင် မြို့နယ်မှူးဦးဥက္ကာ၊ မန်မော်ခရိုင် အုပ်ချုပ်ရေးရုံးမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဆရာတော်များနှင့် ကျေးရွာလူကြီးများ၊ အားလုံးစုစုပေါင်းအယောက် (၂၅၀)ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်တွင်လည်း ဦးမောင်မောင်ညွန့်မှ နိုင်ငံတော်ငြိမ်းချမ်းရန် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း သိမ်တော်ကြီးဘုရားတွင် ဆွမ်းကပ်လှူဒါန်းခြင်း အစီစဉ်များ ပြုလုပ်ခဲ့သည်။

မန်မော် မြို့ခံပြည်သူများအနေမူယခုလိုဆုတောင်းစည်းဝေးပြုလုပ်ခြင်းသည် KIA ထိုးစစ်ဆင်ရန်ပြည်သူများ အား အသိပေးခြင်းဖြစ်နို်င်ကြောင်း သုံးသပ်ကြသည်။

ဇွန် ၉ ရက် တွင် မြန်မာစစ်တပ်မှ မန်မော်ခရိုင် ဆန်ဂန် KIA စခန်းသို့ စတင်ဝင်ရောက်တိုက်ခိုက်လာရာမှကချင် ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် နေ့စဉ်တိုက်ပွဲများဖြစ်လာသည်။

Most read this week