ပူတာအိုခရိုင်တွင် မြန်မာတပ်နှင့် KIA တိုက်ပွဲစတင်လာ

ပူတာအိုခရိုင်တွင် မြန်မာတပ်နှင့် KIA တိုက်ပွဲစတင်လာ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်၊ မလိခမြစ်နှင့် ခရန်ခမြစ် ကြား (Mali-Hkrang Walawng) ဒေသတွင် ဇွန် ၂၂၊ ယနေ့ ဗုဒ္ဓဟူး ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှ စတင်ပြီး မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲစတင် လာသည်။

dung-7-majan-myenKIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ရ နှင့် ပူတာအိုမှ မြန်မာစစ်တပ်ကြား ခရန်ခ မြစ်ညာတွင် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်ဟု တပ်မဟာ ၁ သတင်းရပ်ကွက်ကဆိုသည်။

ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိတစ်ဦးကလည်း ကချင် သတင်းဌာန သို့ အတည်ပြုပြောဆိုသည်။

ဇွန် ၉ ရက် မြန်မာ-KIA တိုက်ပွဲများစတင်လာကာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိမြန်မာ စစ်တပ်နှင့် KIA ကြား တိုက်ပွဲများ နေရာအနှံ့ဖြစ်လာသည်။

ဇွန် ၂၂ ရက် ၂၀၁၁ မြစ်ကြီနား-မန္တလေးရထားလမ်း မြစ်ကြီးနားမြို့အထွက် Nam Koi (နန်းကွေ့) ချောင်းဖြတ် ပေ ၁၀၀ ကျော် သံဘောင် ရထားလမ်းတံတားအား KIAမှ ဇွန် ၂၂၊ ဗုဒ္ဓဟူးနေ့ညသန်းခေါင် ကျော်ချိန် ဗုံးပေါက်ကွဲ ဖျက်ဆီးခဲ့သည်။

ဒေသခံများပြောပြချက်အရ ချောင်းတံတား ကျိုးပြတ်သွားကြောင်း သိရသည်။

မြန်မာအစိုးရသည် အဓိက ရထားနှင့် သင်္ဘောလမ်းကို အသုံးပြုပြီး ၎င်း၏ စစ်အင်အားနှင့်လက်နက်များ ကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။

Most read this week