နမ်ဆာပါ တံတားတွင် မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

နမ်ဆာပါ တံတားတွင် မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသ နမ်ဆာပါတံတား တွင် မြန်မာစစ်တပ် အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဇွန် ၂၀၊ တနင်္လာနေ့ ည ၁၀ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။

နမ်ဆာပါတံတားစောင့်တပ်ဖွဲ့က တံတားအနီးချဉ်းကပ်လာ သည်ကို လိုက်လံရာမှ ဘုန်းကြီးကျောင်းတွင် ပုန်းအောင်း နေသည့် မြန်မာစစ်တပ်နှင့် ပစ်ခတ်ကြခြင်းဖြစ်သည်ဟု KIA တပ်မဟာ ၄ သတင်းရပ်ကွက် မှသိရသည်။

သေကြေဒဏ်ရာရမှုကို မသိရသော်လည်းမှားယွင်းပစ်ခတ်ကြ သည့်တပ်မှာ မုံးစီအခြေစိုက် ခမရ ၁၂၈ ဖြစ်သည်ဟုသိရ သည်။

သို့သော် ဒေသခံများက မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် သေကြေဒဏ်ရာရမှုများရှိနိုင်သည်ဟု ပြောသည်။

Most read this week