KIA နှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

KIA နှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ် ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့ သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟုဆင်ဘိုဒေသခံများပြော သည်။

မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင်ကျဆုံး သွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။
war_sinbo_kachin_burmese

၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကိုကြောက်ရွံ့ သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက် ပံ့ပေးနေသည်။

ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တဝန်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲ များ ဖြစ်ပွားနေသည်။

Most read this week