KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်

KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၁၇ ကြာ အပစ်ရပ်ဆိုင်းခဲ့ခြင်းကိုအဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။

KIA-မြန်မာ စစ်ပွဲက ဂုဏ်အသရေမဲ့ရွေးကောက်ပွဲအားဖြင့်တက်လာသည့် မြန်မာအစိုးရသစ်၏ တိုင်းရင်းသား လူမျိုးစုများနှင့်အာဏာခွဲဝေရေးထက် အင်အားသုံးအုပ်ချုပ်သည့်လမ်းစဉ်ကိုမစွန့်လွှတ်နိုင် သေးသည်ကို ပြသနေသည်ဟုု ဆိုသည်။
sang_gang_warကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးယူပြီး ပြည်ထောင်စုကြီးကိုမဖွဲ့စည်း ခင် ဗမာ၊ ရှမ်း၊ ချင်း၊ကချင်လူမျိုး များ ရေးထိုးခဲ့သော ၁၉၄၇ ပင်လုံစာချုပ်အားဖြင့် ကိုယ်ပိုင်ပြဌါန်းချက်ကို တောင်းဆိုနေသည့်ကချင်တော်လှန် ရေးအဖွဲ့ဖြစ်သည်။

ပြည်သူလူကိုကိုယ်စားမပြုသည်သာမကပြည်သူလူထုကိုကွယ်ပေးမှုမရှိသည့်ကာလပတ်လုံးဒီမိုကရေစီ ဖော်ဆောင် နိုင်မည် မဟုတ်ဟူ၍လည်းပါရှိသည်။

သုံးပွင့်ဆိုင် (မြန်မာအစိုးရ၊ မြန်မာလူမျိုုးစုတိုင်းရင်းသားများနှင့် မြန်မာအတိုက်အခံများ) ဆွေးနွေးပွဲနှင့် အမျိုးသား ပြန် လည်ရင်ကြားစေ့ရေးအတွက် အာဆီယံခေါင်းဆောင်များ ပထမဦးစားထားအဖြေရှာပေးသွား မည်ဟု ပါရှိသည်။

မြန်မာစစ်တပ်နှင့် KIA စစ်ထဲဦးတည်သွားမည်ကို အလွန် စိုးရိမ်သည်ဟု အာဆီယံပါလီမန်ဥက္ကဋ္ဌကဆိုထား သည်။

Most read this week