တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ

တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ
by -
ကချင်သတင်းဌာန

ပြီးခဲ့အပတ်မှစတင်သည့် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာသူများမှာ တရုတ် နယ်စပ်တစ်လျှောက် လူဦးရေ ၁၀၀၀၀ ကျော်ပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက် အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘာ ဒွဲပီဆာပြောသည်။

kachin-refugees-map
“မနေ့ညစာရင်းအရ လိုင်ဇာမှာ ၂၂၉၁ ၊ တပ်မဟာ ၃ အူရာဘွမ် ဖျင်ရှန်အနားမှာ ၃၀၀ ကျော်၊ လွယ်ဂျေက ၄၂၃၈၊ မန်ဝိန်းဘက် က ၂၀၀၀ ကျော်၊ မိိုင်ဂျာယန်ဘက် ၃၀၀ ကျော်မယ်။”

စစ်ပြေးဒုက္ခသည်များ ၀င်လာဆဲဖြစ်ကာ မိမိရဲ့အိ်မ် မိမိနေရပ် မလုံခြံုဟုယူဆကာ မိမိရဲ့ရွာ မိမိအိမ်ကိုစွန့်ပြီး ဖယ်ခွာတဲ့လူများကို စစ်ပြေးဟုသတ်မှတ်ထားပြီး ယခုအခါ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ အထက်ရှိမည်ဟု အရာ ရှိက ပြောသည်။

Most read this week