ကချင်ကျောင်းသားများ နေရပ်ပြန်ရန် အနှင်ခံရ

ကချင်ကျောင်းသားများ နေရပ်ပြန်ရန် အနှင်ခံရ
by -
ကချင်သတင်းဌာန

ချင်းမိုင် (မဇ္စျိမ) ။      ။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ်ရန်ကုန်တိုင်းသန်လျင် မြို့ ၌ နေထိုင်ပညာ သင်နေသည့်ကချင်ကျောင်း သားကျောင်းသူ ၁၉ ဦးအား ဗုဒ္ဓဟူးနေ့ ညနေ ၆

ချင်းမိုင် (မဇ္စျိမ) ။      ။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ရန်ကုန်တိုင်း သန်လျင်မြို့၌ နေထိုင်ပညာ သင်နေသည့် ကချင်ကျောင်းသားကျောင်းသူ ၁၉ ဦးအား ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍  နေရပ်ရင်းပြန်ရန် ဒေသအာဏာပိုင်များက အမိန့်ပေးထားကြောင်းအမျိုးသားဒီမိုက ရေစီိအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၏ ညွှန်ကြားချက်အရ ရဲ၊ စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိ သူများက မထွက်ခွါလျှင် ဖမ်းဆီးအရေးယူမည့် အကြောင်း အင်္ဂါနေ့ ည ၁၂ နာရီတွင် လာရောက် သတိပေးထားခြင်း ဖြစ်သည်။
Bauk-Jaအသက် ၈ နှစ်မှ ၂ဝ နှစ်အတွင်းရှိ ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ရ ဦးမှာ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက် ပညာသင်ကာ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ အုပ်စုရှိ နေအိမ်တအိမ်ကို စုပေါင်း ငှားရမ်းထားကြသည်။

“ကျောင်းသားတွေကို ဧည့်စာရင်း မပေးတော့ဘူး။ ကချင်ပြည်နယ်ကို ပြန်ဖို့ ညက နောက်ဆုံးအကြိမ်ဆိုပြီး လာသတိပေးတယ်။ အဲဒါကို မလိုက်နာဘူးဆိုရင် ကလေးတွေကို ဖမ်းမယ်လို့ ညက လာသတိပေးပြီးပြီ” ဟု ဒေါ်ဘောက်ဂျာက မဇ္စျိမကို ပြောသည်။

ဒေါ်ဘောက်ဂျာသည် NDF ကိုယ်စားပြုကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ သို့သော် ၎င်းမဲဆန္ဒနယ်တွင်ကြံ့ခိုင်ဖွံ့ဖြိုး ရေး ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် အနိုင်ရခဲ့သည်။

စာသင်ရန် လာကြသဖြင့် နေရပ်ပြန်မည် မဟုတ်ဘဲ၊ ဖမ်းဆီးမည် ဆိုပါက အဖမ်းခံသွားမည်ဟု ကျောင်းသား ကျောင်းသူများက ဆုံးဖြတ်ထားကာ ၎င်းအိမ်၌ပင် နေထိုင်ဆဲဖြစ်သည်။

“ကျနော်တို့က ဘာမှလည်း မဟုတ်ဘူး။ ပညာသင်ချင်လို့ ဒီကိုရောက်လာတာ။ ဖမ်းမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့” ဟု တညီတည်း ပြောဆိုကြကြောင်း ဒေါ်ဘောက်ဂျာထံမှ သိရသည်။

ငှားရမ်းထားသော အိမ်ကို လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကချင်အမျိုးသားတဦး ပိုင်ဆိုင်ပြီး၊ ယခုနှစ်
 ကျောင်းအပ်ရာသီ မေလပိုင်းမှစ၍ ဧည့်စာရင်းတိုင်ကာ ငှားရမ်းထားခြင်း ဖြစ်သည်။

နေရပ်ဌာနေသို့ ပြန်ခိုင်းခြင်းနှင့် ဧည့်စာရင်း မပေးခြင်းကို သိနိုင်ရန် ဒေါ်ဘောက်ဂျာကမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမိုးခိုင်ထွန်းထံ သွားရောက် မေးမြန်းခဲ့သည်။

“တိုင်းရင်းသားတွေ ဘာတွေ နားမလည်ဘူးတဲ့၊ လာမပြောနဲ့တဲ့။ ဧည့်စာရင်း မပေးရဘူးလို့ ဘယ်ဥပဒေမှာ
 ပြောထားသလဲလို့ ပြောတဲ့အခါကျတော့ ဘာမှ လာမပြောနဲ့တဲ့ အုပ်ချုပ်ရေးမှူးက အဲလိုပဲ ပြောတယ်။ ကျမတို့ကတော့ နိုင်ငံသားလည်း ဖြစ်တယ်၊ ကျမတို့က အကြောင်းကြားထားပြီးသား ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နေမှာပဲလို့ ကျမက ပြောခဲ့တယ်” ဟု ဒေါ်ဘောက်ဂျာက ပြန်ပြောပြသည်။

ဆက်လက် နေထိုင်ခွင့်ရရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်မည် ဖြစ်ကာ၊ သမ္မတဦးသိန်းစိန်ထံတိုက် ရိုက် တိုင်ကြားရေးအတွက် ဒေါ်ဘောက်ဂျာ စီစဉ်နေသည်။

နှင်ထုတ်ခံနေရသည့် ကျောင်းသားကျောင်းသူများ နေထိုင်ရာ ကချင်ပြည်နယ်အတွင်းကချင်လွတ်မြောက် ရေး တပ်မတော် KIA နှင့် အစိုးရ စစ်တပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် ၎င်းဒေသရှိ ဒေသခံပြည်သူအချို့မှာ တရုတ်နိုင်ငံနှင့် တောတွင်းများသို့ သွားရောက်ပုန်းရှောင်နေကြ သည်။

Most read this week