ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှဗုံးပေါက်ဖျက်ဆီးခဲ့သည် ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄အရာရှိများ ပြောသည်။

ns_bridge_explosion
ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။

ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက််် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။

Most read this week