၂၀၀၈ အခြေခံဥပဒေအစိုးရ၏လုပ်ရပ်များကို KNO ရှုံ့ချ

၂၀၀၈ အခြေခံဥပဒေအစိုးရ၏လုပ်ရပ်များကို KNO ရှုံ့ချ
by -
ကချင်သတင်းဌာန

ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization, KNO) က ၂၀၀၈ အခြေခံဥပဒေ အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်များ အပေါ်ထိုးစစ်ဆင်ခြင်းကိုု ရှုံ့ချသည့်ကြေညာ ချက် ဇွန် ၁၃၊ တနင်္လာနေ့ ထုတ်ပြန်ခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖယ်ရှားရန်ကြံ့ဖွံ့အစိုးရ၏ လတ်တလောထိုး စစ်ဆင် တိုက်ခိုက်မှုသည် နိုင်ငံတကာအသိုင်းအဝန်း၊ တိုင်းရင်းသားလူမျိုးစုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီအတိုက်အခံများတောင်းဆိုနေသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးကို အသိအလင်း လျစ်လျူရှူလိုက်ခြင်း ဖြစ်သည်” ဟု ပါရှိသည်။

032610_bawmwang-larawတိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံစာချုပ်အားဖြင့်ပေါ် ပေါက်လာ ခဲ့သော်လည်း ပင်လုံသဘောတူညီချက်ကို ယခုတိုင်ပုံဖော်နိုင်ခြင်းမရှိပါ။

၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေများဖြင့် နိုင်ငံတော်အလံ အထိ ပြောင်းလဲပြီး တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပုံဖော်ခဲ့သည်။

ယခုအခါ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသက်သွင်းလာစဉ် ပြည်တွင်းစစ် ပြန်ဖြစ်လာသည်။

၂၀၁၀ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲပြီးနောက်တစ်ရက် ဗိုလ်မှူးကြီးစောလားပွယ်ဦးစီးသည့် DKBA ခွဲထွက်တပ်ဖွဲ့နှင့် ထိုင်းနယ်စပ်မြဝတီမြို့တွင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုအချိန်ထိ ကရင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကရင်တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ယခုအခါ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့်ပူးပေါင်းလိုက်သည့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N) အား အစိုးရတပ်က မတ်လ ၁၃ ရက်နေ့တွင် စတင်၍တိုက်ခိုက်ခဲ့သည်မှာ ယနေ့ ၃ လကျော်ပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်ကြား ဇွန် ၉ ရက်မှစတင်၍အပြင်း ထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားလာသည်။

ဇွန် ၁၁ ရက်တွင် (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC, Ethnic Nationalities Councilကတိုင်းရင်းသားဒေသ များ သို့ ထိုးစစ်ဆင်မှုများကို ရပ်တန့်ပေးရန်နှင့် ငြိမ်းချမ်းရေးစကားဆိုရန် သမ္မတဦးသိန်စိန်အားတောင်းဆို ခဲ့သည်ဟု KIC သတင်းတွင်ပါရှိသည်။

၂၀၀၈ အခြေခံဥပဒေအစိုးရ သမ္မတ ဦးသိန်းစိ်န်က “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာယခင်အတွေ့ အကြံုအရ ပါးစပ်နဲ့ပြောနေရုံနဲ့မရပါဘူး။ စားပွဲမှာထိုင်ပြီး ဆွေးနွေးနေရုံနဲ့လည်း ဖြစ်မလာနိုင်ပါဘူး။ ပထဝီ အနေအထားအရ ရေခြားမြေခြားဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေကို တစ်ဆက်တစ်စပ်တည်းဖြစ် သွားအောင် ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးရမယ်။ တံတားတွေ ဆောက်ပေးရပါမယ်၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတွေ မြှင့်တင်ပေးရပါမယ်။ တိုင်းရင်းသား တွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာအောင် စီးပွားရေးအခြေခံကောင်းတွေ ပြုလုပ်ပေးရပါမယ်။ ဒီလမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို အသုံးချပြီး တိုင်းရင်းသားတွေရဲ့ လူမှုဘဝမြင့်မားလာအောင် မြှင့်တင်ပေးရမှာဖြစ်” ဟူ၍ မတ် ၃၀ မိန့်ခွန်းတွင် ပြောဆိုထားသည်။

“ပြည်တွင်းစစ် စတင်ခြင်းသည်မည်သည့်ကောင်းကျိုးကိုမျှ ဖော်ဆောင်မည်မဟုတ်ဘဲပြည်သူပြည်သားများ ၏ အသက်၊ အိုးအိမ်စည်းစိမ်ပျက်စီးစေ၍ လူမှုဒုက္ခ အဖုံဖုံကို ဖြစ်ပေါ်စေမည်။” ဟု KNO ၏ကြေညာချက် တွင်ပါရှိသည်။

Most read this week