ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် KIA စစ်ပွဲပြန်စ

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် KIA စစ်ပွဲပြန်စ
by -
ကချင်သတင်းဌာန

ဇန် ၁၁ ရက်၊ ယနေ့ မွန်းလွဲ ၄းဝဝ နာရီကျော်ကစပြီး မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲပြန်စနေသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။

မြန်မာနှင့် ကချင်တပ်များကြား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခမြစ် (တာပိန်မြစ်) အနီး ဆန်ဂန်ဒေသတွင် ဖြစ်ပွားခြင်းဖြစ်သည်။

၎င်းနယ်မြေအတွင်း ပြီးခဲ့ကြာသပတေးနေ့ ကလည်း သုံးနာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆန်ဂန်ဒေသ KIA ဘွမ်ဆဲန် (Bum Sen) အခိုင်အမာတပ်စခန်းအား ဇွန် ၁၁၊ ယနေ့ ၁၂ နာရီ နောက်ဆုံးထားပြီး လုံးဝ တပ်ရုပ်သိမ်းပေးရန် ဆန်ဂန်တွင် တပ်ချထားသော အစိုးရစစ်တပ်က ရာဇသံပေးထားကြောင်း KIA က ဆိုသည်။

ထိုရာဇတံအား KIA က လိုက်နာခြင်း မရှိသောကြောင့် ဇွန် ၁၁၊ စနေနေ့ စစ်ပွဲ ပြန်စလာပါသည်။

တိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ် အသံများကြားနေရကြောင်း ဒေသခံ များပြောသည်။

ယခုချိန် ဆန်ဂန်မှာ မြန်မာစစ်အင်အား ၅၀၀ ကျော်ရှိပြီး ၎င်းတို့အများစုသည် မန်မော် (ဗန်းမော်) စခက နှင့် မိုးမိတ်စစ်ဗျူဟာ ထိန်းချုပ်မှုအောက်မှဖြစ်ကြောင်း သိရတယ်။

အတည်ပြုနိုင်သော တပ်များတွင် အင်မောက်အခြေစိုက် ခမရ ၄၃၇၊ မန်မော်အခြေစိုက် ခလရ ၂၃ရ နှင့် ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ တို့ ပါ ပါသည်။

Most read this week