ရွှေလီတွင် မြန်မာပြည်သားများ တရုတ်ရဲများ၏ ဖမ်းဆီးရိုက်နက် ခံနေရ

ရွှေလီတွင် မြန်မာပြည်သားများ တရုတ်ရဲများ၏ ဖမ်းဆီးရိုက်နက် ခံနေရ
by -
ကချင်သတင်းဌာန

မြန်မာနယ်စပ် တရုတ်ကုန်သွယ်ရေးမြို့ ရွှေလီတွင် မြန်မာပြည်သားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီး ရိုက်နက် ချုပ်နှောင်ခြင်းများ ပြုလုပ်နေ သည်ဟု ရွှေလီရှိမြန်မာကုန်သည်များပြောသည်။

မေ ၂၉ ရက် မြန်မာသမ္မတဦးသိန်းစိန်၏ သုံးရက်ကြာ တရုတ်ပြည်အလည်အပတ်ခရီးစဉ်အပြီး တရုတ်ရဲနှင့် တရုတ်နယ်ခြားစောင့်တပ်ဖွဲ့များက ရွှေလီမြို့ထဲ တရားဝင်နှင့် တရားမဝင် ရောက်ရှိ နေသည့် မြန်မာပြည်သား များကို ယင်းသို့ ပြုမူခြင်းဖြစ်သည်ဟု ဆိုသည်။

ruili_dehong_chinaယခုချိန် မြန်မာ တစ်ရာကျော်အား ရွှေလီရဲအချုပ်ခန်းတွင်ဖမ်းဆီးထားပြီး ဒဏ်ရာကြောင့် ဆေးရုံတက်ကုသ နေသူများလည်းရှိသည်ဟု ဆိုသည်။

လူတချို့အား တရုတ်ရဲများ ဆီးစစ်ပြီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည်။ သို့သော် အချို့မှာအကြောင်း မဲ့ ရိုက်နက် ဖမ်းဆီးခံနေရသည်ဟု ထပ်ဆိုသည်။

“ထူးထူးခြားခြားပဲ၊ နယ်စပ်ဖြတ်ကျော်လက်မှတ် (ပတ်စပို့) ကိုင်တဲ့လူရော မကိုင်တဲ့သူတွေရော၊ မြန်မာ နိုင်ငံထဲပြန်မယ့်သူတွေကို တရုတ်ရဲနဲ့ နယ်ခြားစောင့်တပ်တွေက ရုတ်တရက်ချက်ချင်းရပ်ခိုင်းပြီးတော့ ရိုက်တော့တာပဲ” ဟု ရွှေလီရှိ ကချင်နိုင်ငံရေးသမားတစ်ဦးပြောသည်။

ထို့အတူ တရုတ်နိုင်ငံထဲမှ ဆိုင်ကယ်ဝယ်ယူပြီး မြန်မာနိုင်ငံထဲ မောင်းနှင်ရောင်းချသူများ (ဆိုင်ကယ်ကယ်ရီ များ) ကို မြန်မာနိုင်ငံထဲသို့မဝင်ခင် တရုတ်ရဲများက ရိုက်နက်ပြီး ကယ်ရီဆိုင်ကယ်များကိုဖမ်းဆီးထားသည် ဟု မျက်မြင်များပြောသည်။

မြန်မာ မူဆယ်မြို့၏ မျက်နှာချင်းဆိုင် ရွှေလီသည် တရုတ်ပြည်၏အကြီးဆုံး မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ပြီး ကချင်ပြည်နယ်ထွက်ကျောက်စိမ်းရောင်းဝယ်ရာ နယ်စပ်အကြီးဆုံးစျေးကွက်လည်း ဖြစ်သည်။

သာမန်မဟုတ်သည့် တရုတ်အာဏာပို်င်များ၏ ယခုလိုမြန်မာပြည်သားများပေါ် ဆက်ဆံနေခြင်းအား နားမလည် ဖြစ်နေသော်လည်း လူတချို့က သမ္မတဦးသိန်းစိန်၏ တောင်းဆိုချက်အရ တရုတ်အစိုးရ ပြုမူခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ချက်ပေးနေကြပါသည်။

Most read this week