မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ

မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ
by -
ကချင်သတင်းဌာန

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား လတ်တလော စစ်ရေးတင်းမာမှု အခြေအနေများ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာ ၃ ခု တွင်ဖြစ်ပွားခဲ့ သည်ဟု KIA အရာရှိများပြောသည်။

kia-myen-hpyen-masa-bur

ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခန့်တွင် ဒေါ့ဖွမ်းယန်မြို့နယ်ခွဲ၊ မြို့သစ်အခြေစိုက် ခမရ ၃၂၀ သည် KIA တပ်မဟာ ၅ လက်အောက်ခံ ဗန်းမော်ခရိုင်၊ တာခေါ်ခမြစ် (တာပိန်မြစ်) အနောက်ဘက်ကမ်းရှိ KIA တပ်ရင်း ၂၅ ကို  အမြောက်ကျည် (၇၅ မမ) ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ဆိုသည်။

အမြောက်ကျည် ၃ ကြိမ် တပ်ရင်းအနီး ကျရောက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု မရှိဟု KIA တပ်ရင်း ၂၅ အရာရှိများ ကချင်သတင်းဌာနသို့ပြောသည်။

၎င်းနောက် နှစ်ဖက် တပ်လှန့်ထားပြီး KIA တပ်မဟာ ၃ လက်အောက်ခံ မံစီမြို့နယ်ရှိ KIA တပ်ရင်း ၁ အနီးသို့ မြန်မာစစ်တပ်များဖြန့်ချလာကြောင်း ဒေသခံမျက်မြင်သက်သေများက ဆိုသည်။

ထို့အတူ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ကို ယခုနှစ် မေလ ၂၅ ရက်တွင် ပြောင်းရွှေ့ရန် မြန်မာစစ်တပ်က ဖိအားပေးလာပြီးနောက် ကချင်ပြည်နယ်တောင်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာမှု တိုးလာသည်။

လမ်းတည်ဆောက်နေမှုကို ဟန်ပြ၍ မြန်မာစစ်တပ်က KIA တပ်ရင်း ၅ အနီးနေရာယူလာသည်။ KIA က တပ်ရင်းနေရာပြောင်းရွှေ့ရေးကို ငြင်းပယ်ထားသည်။

မြန်မာစစ်တပ်က တပ်ရင်းအနီးချဉ်းကပ်ရန်ကြိုးပမ်းလာပါက စစ်ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

ထို့နောက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြိို့နယ် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄အနီးသို့မြန်မာ စစ်အစိုးရ၏ လမ်းတည်ဆောက်နေမှုကြောင့် မြန်မာစစ်တပ်နှင့် KIA ကြား အချိန်မရွေးတိုက်ပွဲဖြစ်နိုင် သည်ဟု ယင်းတပ်မဟာ ၄ အရာရှိ များပြောသည်။

၇ မိုင်ရှည်သည့်လမ်းခွဲသည် KIA တပ်မဟာ ၄ နှင့် ကွတ်ခိုင်-တာမိုးနဲ-မုံစီ လမ်းမကြီးနှင့်ဆက်သွယ်ပေးရန် ဖြစ်သည်။

KIA တပ်မဟာ ၄ နယ်မြေအလည်မှ ဖြတ်ပြီးဖောက်မည့်လမ်းသည် ၎င်းတို့တပ်မဟာ ကို သိမ်းပိုက်ရန် ဗျူဟာ ဖြစ်သည့်အတွက် မြန်မာအာဏာပိုင်များအား လမ်းဖောက်လုပ်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေး ခဲ့သည်ဟု တပ်မဟာ ၄ သဘာပတိ လဖိုင်ဇော်ရော် ပြောသည်။

လျစ်လျူရှူကာတပ်မဟာ ၄ ကိုဦးတည်သည့်လမ်း ဆက်လက်ဖောက်လုပ်လျှင် အင်အားသုံးပြီးတားမြစ် ရလိမ့် မည်ဟု ဇော်ရော်ဆက်ပြောသည်။

raod_to_kia_brigade_4_brကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ အင်အားကြီးသည့် လက်နက်ကိုင်အဖွဲ့ထဲမှ တစ်ခုဖြစ်သည်။ စစ်မှန်သည့်ပြည်ထောင်စုစနစ်နှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ကို တောင်းဆိုနေသည်။

ထို့အပြင် မြန်မာနိုင်ငံမှ လူမျိုးစု ၁၂ ခု ပါ၀င်သည့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ပါ၀င်ပြီး ယခုနှစ် ဖေဖော်ဝါရီ တွင် ထူထောင်သည်။

UNFC သည်လည်း စစ်မှန်သောပြည်ထောင်စုနှင့် လူမျိုးစုများကြား တန်းတူအခွင့်အရေးအတွက်ရည်ရွယ် ဖွဲ့စည်းသည်။

မြန်မာဗဟိုအစိုးရက ယင်း KIA နယ်မြေများတွင် ဆက်ပြီးဖိအားပေးနေပါက လတ်တလော တင်းမာမှုမှ ပြည်တွင်းစစ်သို့ ပြောင်းလဲနိုင်သည်ဟု KIA အရာရှိများဆိုသည်။

Most read this week