မြန်မာအစိုးရနှင့် KIO ကြား တင်းမာမှုကြောင့် ဒေသခံများအခက်ကြုံ

မြန်မာအစိုးရနှင့် KIO ကြား တင်းမာမှုကြောင့် ဒေသခံများအခက်ကြုံ
by -
ကချင်သတင်းဌာန

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ကြားဆက်လက်တင်းမာနေဆဲ အခြေအနေကြောင့် နှစ်ဖက်စစ်ရေးပြင်ဆင်မှုများ သည် ပြည်သူလူထုများ၏ စားဝတ်နေရေးအသက် မွေးဝမ်းကျောင်းအားထိခိုက်စေသည်။

လွန်ခဲ့သည့်နှစ်မှစ၍စစ်ရေးပြင်ဆင်မှုများပြုလုပ်ရာတွင် KIO တပ်အနီးတဝိုက် လုံခြုံရေးမှိုင်းများချထားရာ ဒေသခံများသည် ၄င်းတို့၏ အားကိုးအားထားလုပ်ကိုင်နေသည့် တောင်ယာ စိုက်ခင်းများတွင်တားမြစ်ဧရိ အဖြစ်သတ်မှတ်ခံရသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ တောင်သူတွေအလုပ်လက်မဲ့ အခက်ခဲရင်ဆိုင်နေရသည်ဟု တောင်သူများပြောသည်။

thein-sein-zawng-hra“ဟိုဘက်မသွားရဘူး ဒီဘက်မသွားရဘူး ဟိုဘက်ကလည်း တပ်ချထားတဲ့နေရာကနေ ၄၊ ၅ မိုင်ပတ်လည်မှာ မသွားရဘူး။ ဟိုဘက်ချောင်း အင်းအိုင်မှာ မထွက်ရဘူးအဲလိုပေါ့ သူတို့မြုပ် ထားတဲ့ ဗုံးတွေကြောင့်ပေါ့လေ။ ဒါတွေပေါက်ကွဲ လို့ရှိရင် လျော်ရမယ်တဲ့။နောက်ပြီး တော့ ဟိုဘက်သွား ဒီဘက်သွားဆိုရင်လည်း ပူပန်ပြီးမှ တောင်ယာဘက်သွားမယ်ဆိုရင်ဒါမျိုးအခက်ခဲ များပေါ်မလားလို့စိတ်ပိုင်းဆိုင်ရာထိခိုက်သွား တယ်သူတို့ဒီလိုလုပ်ထားတာ တော့။”

ဒေသခံများ အသက်မွေးဝမ်းကြောင်းရန် အဓိထားလုပ်ကိုင်၍ ကျက်စားနေသည့် တောတောင်နယ်မြေတွင်း တားမြစ်နယ်မြေအဖြစ်သတ်မှတ်ခြင်းကြောင့် ကြောက်လန့်နေရပြီး မိသားစုစားဝတ်နေရေးများပိုမိုကျပ်တည်း လာသည်ဟု မြစ်ကြီးနားမှတောင်သူက ဆက်ပြောသည်။

“အခုအချိန်မှာ စီးပွားရေးကတွင်တွင်ကျယ်ကျယ်လုပ်နိုင်တဲ့အနေအထားမှာမရှိတော့ တောရွာမှာ ထင်းခွေ ကျောက်မီးသွေးဖုတ် နောက်ပြီးမှ တောင်ယာလုပ်ရင်းသစ်ခုတ်ပြီးမှ အသက်မွေးတဲ့လူရွာသူရွာသားတွေက ဒီလိုပဲ တောရွာမှာ အသွားအလာလုပ်ပြီးမှ ရှာဖွေရတဲ့အချိန်မှာ ဒီလို တိုင်းပြည်ရဲ့တင်းမာမှုကြောင့်ပေါ့လေ ဟိုဘက်ကလည်း ဒီဘက်ကလည်း ဒီလိုအဟန့်အတားတွေ အများကြီး မသွားရဘူး မလုပ်ရဘူး ဆိုတဲ့အခါမှာ ဘာမှလုပ်ဆောင်နိုင်ခြင်းမရှိ။ စီးပွားရေး ငွေရေး စားဝတ်နေရေးမှာ ပြသနာအများကြီးပေါ်ပေါက်လာတဲ့ အနေအထားမှာရှိတယ်။”

ယခုလို KIA တားမြစ်နယ်မြေအတွင်း သွားလာခဲ့တဲ့ဒေသခံတချို့ မှိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒာဏ်ရာရ သေဆုံးမှုများလည်းရှိနေသည်။

သို့သော် မှိုင်းကြောင့်သေဆုံးသူများသည် KIA မှတားမြစ်နယ်မြေထဲကိုမဝင်ရန်အတိအလင်းကြေငြာ ထားသည့်ကြား ၌ သွားလာခြင်းကြောင့်လည်းဖြစ်သည်ဟု KIA အဖွဲ့ဝင်တစ်ဦးမှပြောသည်။

“နီးစပ်ရာ နီးစပ်ကြောင်းတော့အကုန်လုံးကို အကြောင်းကြားထားပါတယ်။ အတိအလင်းတော့ပြောမပြထား ပါဘူး။ ကန့်သတ်ထားတဲ့နေမြေမှာမဝင်ရဘူးလို့တော့ အားလုံးကို ပြောပြထားတယ်။ တချို့ကတော့ နေပူလို့ မြေမှာပေါက်ကွဲတာတွေရှိတယ်။ တချို့ကျတော့ မြန်မာစစ်တပ်က မဝင်ခိုင်းတာကို ၀င်လာလို့ဒါဏ်ရာရ တာလဲရှိတယ်။ အဲလို မြန်မာစစ်တပ်တွေဝင်လာနိုင်တဲ့နေရာ သူတို့နင်းတဲ့နေရာတွေတဝိုက်မှာမြုပ်ထားတာ တော့ရှိတယ်။  ပြည်သူတွေရဲ့ တောင်ယာတွေမှာဆိုရင်လည်း စစ်တပ်ကချက်ချင်းဝင် လို့ရတဲ့နေရာသူတို့နဲ့နီးတဲ့ နေရာတွေမှာ ထောင်ထားတာတော့ရှိပါတယ်။”

ကချင်ပြည်သူလူထုများသည် KIA တပ်နှင့် မြန်မာစစ်တပ်ကြား ယခုလိုအခြေအနေ အတိုးအလျှော့မရှိ ပုံမှန်စစ်ရေးပြင်ဆင်မှုဖြင့်သာ ဆက်လက်ရှိနေလျှင် ပြည်သူလူထု၏ စားဝတ်နေရေးလှုပ်ရှားသွားလာမှုတွင် သာ၍ထိခိုက်နိုင်သည်ဟု သုံးသပ်နေသည်။

လွန်ခဲ့သည့်နှစ် ၂၀၁၀ အောက်တိုဘာလမှာစ၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား မြန်မာစစ်အစိုးရ တောင်းဆိုခဲ့သည့် နယ်ခြားစောင့်တပ် လက်မခံသောကြောင့် သောင်းကျန်သူအဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး ထိုချိန်မှစ၍ နှစ်ဖက်တင်းမာမှုစတင်ဖြစ်ပေါ်လာပြီး KIA တပ်တွေချထားသည့်နေရာတဝိုက်တွင်လုံခြုံရေးမှိုင်း များ မြုပ်ထားခဲ့သည်ဟု KIO အရာရှိများပြောသည်။

Most read this week