မြန်မာအစိုးရသစ် ကေအိုင်အိုကို တိုက်ရန်ဆုံးဖြတ်

မြန်မာအစိုးရသစ် ကေအိုင်အိုကို တိုက်ရန်ဆုံးဖြတ်
by -
ကချင်သတင်းဌာန

စစ်အစိုးရကျောထောက်နောက်ခံ မြန်မာစစ် အစိုးရသစ်ကကိုယ်ပိုင်ပြဌါန်းခွင့်တောင်းဆို နေသော ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အို ကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုုက်သည် ဟု မြန်မာ နိုင်ငံမြို့တော် နေပြည်တော်ရှိ ခို်င်လုံသော သတင်းရင်းမြစ်က သိရသည်။

ပြီးခဲ့သည့်အပတ်က အစိုးရသစ်၏ အဓိက ပြည်တွင်းရန်သူအဖြစ် ကေအိုင်အိုအား သတ်မှတ်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့သည်ဟု ယင်းသတင်းရင်းမြစ်ကဆိုသည်။ မကြာမှီ စစ်ဖြစ်လာမည်ဟုလည်း ပြောသည်။

kia_4th_brigade

ခုထိ ယင်းဆုံးဖြတ်ချက် ကို အသိအလင်း ကြေညာခဲ့ခြင်းမရှိသေးပါ။ ထို့အတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို နယ်မြေအနီး မြန်မာစစ်တပ်မှ စစ်ရေးပြင်ဆင်မှု မတွေ့ရသေးဟု ကေအိုင်အိုသတင်းရင်းမြစ်ကပြောသည်။

ကေအိုင်အို၏ လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေကို မြန်မာအစိုးရသတင်းစာက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၅ တွင် သောင်းကျန်းသူဟု ခေါ်ဝေါ်ခဲ့သည်။

ယင်းသို့ခေါ်ဆိုခြင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကေအိုင်အို နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က ငြင်းဆိုခဲ့သည်။ ဆက်လက်ပြီး ကေအိုင်အိုသည် နိုင်ငံတွင်း ပင်လုံစိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်ပြီး တည်မြဲသည့်ငြိမ်းချမ်းရေးလမ်းစရှာဖွေနေသည်ဟု ရှင်းလင်းခဲ့သည်။

တိုင်းရင်းသား ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုများသည် ၁၉၄၇ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီးနောက် ၁၉၄၈ တွင်မွေးဖွားလာသည့် ယခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံရေးညှိနှိုင်းအဖြေရှာရန် ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်တွင် ဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီး မြန်မာစစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံခဲ့သည်။

အပစ်ရပ်ဆိုင်းကာလ ၁၆ နှစ်အတွင်း နိုင်ငံရေးညှိနှိုင်းအဖြေရှာမှု ဖြစ်ပေါ်လာခြင်းမရှိသကဲ့သို့  နိုဝင်ဘာ ရ ရွေးကောက်ပွဲမတို်င်ခင် ကေအိုင်အိုသည် လက်နက်ချပြီး မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force)ပြောင်းလဲရန် ဖိအားပေးခံလာရသည်။

နိုင်ငံရေးအရ အဖြေမရှာခင် လက်နက်ကိုင်တပ် ကေအို်င်အေကို ပြောင်းလဲရန် မဖြစ််နိုင်သည့်အတွက် ကေအိုင်အိုသည် BGF ကို လက်ခံရန်ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုသည် ကေအိုင်အေကို အင်အားဖြည့်တင်းပြီး အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းပြီး ဗဟိုအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တို့အပေါ်ပြုလုပ်လာနိုင်သည့်ထိုးစစ် အတွက် ပူးပေါင်းခုခံသွားရန်ရည်ရွယ်သည်။

ယခုနှစ် ဖေဖော်ဝါရီ လတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ပူးပေါင်းပြီး UNFC ကို တည်ထောင်ခဲ့သည်။
မြန်မာအစိုးရသစ်၏ ကေအိုင်အေအပေါ်ထိုးစစ်သည် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ ဒေသ တွင် စတင်ဖြစ်ပွားနိုင်သည်ဟု လိုင်ဇာ ကေအိုင်အေဌာနချုပ်မှ အရာရှိများပြောသည်။

မြန်မာအစိုးရသစ်က စတင်တိုက်ခိုက်လာပါက ရှမ်းပြည်နှင့် ကချင်ပြည်နယ်တဝှမ်း ပြည်တွင်းစစ်ဖြစ်လာမည်ဟု ကေအိုင်အေ အရာရှိများပြောသည်။

Most read this week