လဂျားယန်ဂိတ် ညဖက်ပိတ်၍ ကုန်သည်များ အခက်တွေ့

လဂျားယန်ဂိတ် ညဖက်ပိတ်၍ ကုန်သည်များ အခက်တွေ့
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်သို့ တရုတ်နယ်စပ်မှလာသည့် အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိလဂျား ယန်ဂိတ်ကို ညနေ (၆) နာရီ နောက်ပိုင်း လူနှင့် ကုန် ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် စီးဆင်းရာတွင် ကြန့်ကြာနေသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေ ဖြစ်သည့် လိုင်ဇာမြို့နှင့် ဗန်းမော်မြို့နယ် လမ်းဆုံရှိ မြန်မာစစ်တပ် ထိန်းချုပ်ထားသော လဂျားယန်ဂိတ်ကို နံနက် (၇) နာရီ မှ ညနေ (၆) နာရီ အတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုထားသည်မှာ တစ်လခန့် ကြာနေပြီဖြစ်ကြောင်း ကုန်သည်များနှင့် ကေအိုင်အို အရာရှိများက ပြောသည်။

laja-yang-gate-kachin“ခါတိုင်းညက ကျနော်တို့ ည (၈) နာရီ၊ (၉) နာရီအထိ သွားလာလို့ရတယ်။ အခု ဂိတ်ကနေ ပြန်ခေါက်ပြီး လိုင်ဇာမှာ သွားအိပ်လိုက်ရတယ်။ တစ်နေ့ အချိန်ကုန်သွားတယ်။ ခါတိုင်းက မနက်အစောကြီး ဖြတ်လို့ရတယ်။ ခုက ဂိတ်မှာ သွားတန်းစီပြီး စောင့်နေရတယ။်၊ ရ နာရီထိုးမှ ဖွင့်ပေးတယ်ဆိုတော့ အချိန်တွေက အလကား ဖြစ်သွားတယ်” ဟု မြစ်ကြီးနား ကုန်သည်ကြီး တစ်ဦးက ငြီးငြူပြောကြားသည်။

ယခုကဲ့သို့ တားမြစ်မှုများ ပြုလုပ်ခြင်းသည် ကေအိုင်အို၏ စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့ဝင်များကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ကေအိုင်အို လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦးမှ ပြောသည်။

“ကေအို်င်အိုက သူတို့နဲ့ ဆန့်ကျင်ဘက်ဆိုတော့ လိုင်ဇာက ကုန်တွေ ပိတ်ချင်တာပါ။ လူသွားလာခွင့် ပိတ်တာကလည်း ကျတော်တို့ကို ပေးမသွားချင်လို့ပေ့ါ။ နာရေး၊ အရေးကြီးကိစ္စတွေ ဆိုရင်တော့ ဒေသခံတွေက မိုးချုပ်လည်း သွားလို့ရပါတယ်။”

နယ်စပ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုလိုက်သည့် ကေအိုင်အိုအဖွဲ့ဝင်များအနေဖြင့် မြို့ရွာများကို ဖြတ်သန်းသွားလာလိုလျင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ခွင့်ပြုချက် ယူရမည်ဟု  ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းမှ စ၍ ကန့်သတ်ခံထားရခြင်း ဖြစ်သည်။

လဂျားယန်ဂိတ်ကို ကေအိုင်အိုနှင့် စစ်အစိုးရကြား အပစ်ရပ်စဲသည့် ၁၉၉၄ ခုနှစ်တွင် လဂျားယန်ရွာအနီးရှိ နားလုံကျေးရွာ၌ နားလုံဂိတ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၆ ခုနှစ်၌ လဂျာယန်းရွာသို့ ပြောင်းရွှေ့ပြီး လဂျားယန်ဂိတ် အဖြစ် ဖွင့်ခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ ယခင် စစ်ဘက်ရေးရာ လုံခြံုရေး တပ်ဖွဲ့ဝင်များနှင့် ရဲဝန်ထမ်းများကို တာဝန်ချထားသည့် ယင်းဂိတ်ကို ၁၉၉၈ ခုနှစ်တွင် စစ်အစိုးရတပ်မှ နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခုအဖြစ် တရားဝင် ခွင့်ပြုခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင်မူ တရားမဝင်ဂိတ် အဖြစ် ပြင်ဆင် သက်မှတ်ခဲ့သည်။

လောလောဆယ်တွင် စစ်အစိုးရလက်ထက်က နယ်စပ်ကုန်သွယ်ရေးဂိတ် အဖြစ် တရားဝင် သတ်မှတ်ခဲ့သည့် ကန်ပိုင်တီဂိတ်ကိုသာ အကန့်အသတ်မရှိ ကူးသန်း သွားလာခွင့့် ပြုထားသည်။

Most read this week