ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်ထံ မြန်မာစစ်တပ်များ တပ်အင်အားဖြင့် ချဉ်းကပ်လာ

ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်ထံ မြန်မာစစ်တပ်များ တပ်အင်အားဖြင့် ချဉ်းကပ်လာ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နှင့် မြန်မာအစိုးရ တပ်တို့ကြား စစ်ရေးပြင်ဆင်မှုများ တိုးချလာခြင်းကြောင့် တိုက်ပွဲဖြစ်မည့်အခြေအနေ ဦးတည်နေကြောင်း KIA အရာရှိများပြောသည်။

SSA-N (ရှမ်းပြည်တပ်မတော်မြောက်ပိုင်း) တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေချိန်မှစ၍အနီးတဝိုက် တွင် အခြေစိုက်ထားသော ‘၀’ နှင့် ကချင်လက်နက်ကိုင်တပ်တို့ဆီ ပြန်လည်စစ်ရေးပြင်ဆင်မှုလုပ်လာခြင်း ဖြစ်ကြောင်း KIA အရာတစ်ဦး ပြောသည်။

burmese_soldier

“အဲလိုဖြစ်နေတဲ့အချိန်မှာပဲ ခုတပ်မဟာ (၄)ဘက်မှာလည်း သူတို့တအားချဉ်းကပ်လာတာပေါ့ မနေ့ညနေက စပြီးတော့။ တပ်မဟာ (၄)ရဲ့ အနီးတဝိုက်မှာ တော်တော်လေး မြန်မာစစ်ကြောင်း ၃ ခု ၀င်ရောက်လာတယ်လို့ ပြောတယ်။ အခုအဲ ဒါကြောင့်အခုအခြေအနေက စစ်ဒီနေ့ဖြစ်မလား ဒီညဖြစ်မလား အဲဒါ အရမ်းအလုပ်များနေ ကြတယ်။”

ရှမ်းလက်နက်ကိုင်တပ် ၀မ်စောဌာနချုပ်ကိုလည်း ၃ နေရာမှ ၀ိုင်းရံတပ်ချထားသကဲ့သို့ KIA တပ်မဟာ (၄)ဌာနချုပ်ကိုလည်း ၃ နေရာမှာ ၀ိုင်းရံ၍ ချဉ်းကပ်လာနေသောကြောင့် တိုက်ပွဲဖြစ်လာမည့်အခြေအနေထိ ခန့်မှန်းနေကြောင်း ပြောသည်။

“အထက်ကနေ အမိန့်ကတော့ သူကနေစပြီး မပစ်ရင်တော့ ကျွန်တော်တို့လည်း မပစ်ဘူး။ သူတို့ဖက်က ဒီမှာဆွေးနွေးဖို့ ကိစ္စပြော လာရင်တော့ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) ကလည်း အချိန်မရွေးဆွေးနွေး မယ်ဆိုတဲ့ အစီစဉ်ရှိတယ်။ ဒါမဲ့ အခုရှေ့တန်းမှာတော့ ဒီနေ့တွင်း တပ်မဟာ (၄) ဖက်ကိုသူတို့ကျူးကျော် ၀င်ရောက်လာရင်တော့ ပစ်ဖို့အမိန့်ပေးထားပြီး ဖြစ်တယ်လို့ပြောပါတယ်။”

မြန်မာစစ်တပ်တိုးချဲ့မှုအခြေအနေကို စောင့်ကြည့်ခြင်းအားဖြင့် ရက်ပိုင်းတွင်း တိုက်ပွဲဖြစ်လာနိုင်ခြေရှိသည်ဟု လည်း ခန့်မှန်းပြောဆိုနေကြသည်။

ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်း KIA တပ်ဘက်မှ တာဝန်ရှိသူ အရာရှိများအားဗဟိုဌာနချုပ်မှ တပ်ပြင်သို့ သွားလာခြင်း မပြုပဲ အနီးကပ် အချိန်ပြည့် သတိနှင့်စောင့်ကြည့်နေရန် အမိန့်ပေးထားကြောင်းတပ်ဖွဲ့ဝင်များမှ သိရသည်။

Most read this week