KIO အရာရှိဟောင်းများ ကြံ့ဖွံ့ပါတီ ၀င်ခွင့်အတွက် လျှောက်လွှာတင်ထား

KIO အရာရှိဟောင်းများ ကြံ့ဖွံ့ပါတီ ၀င်ခွင့်အတွက် လျှောက်လွှာတင်ထား
by -
KNG

ဒေါက်တာ မနမ်တူးဂျာနှင့် ဖျက်သိမ်းပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) မှ အခြား အထက်တန်း ပါတီဝင်ဟောင်း ၅ ဦး မြန်မာစစ်တပ် ကျောထောက်နောက်ခံ ပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံ ပါတီဝင်ခွင့် လျှောက်လွှာတင်ခဲ့သည်ဟု ၎င်း KSPP ပါတီဝင်ဟောင်းများနှင့် နီးစပ်သူများက ဆို ...

ဒေါက်တာ မနမ်တူးဂျာနှင့် ဖျက်သိမ်းပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) မှ အခြား အထက်တန်း ပါတီဝင်ဟောင်း ၅ ဦး မြန်မာစစ်တပ် ကျောထောက်နောက်ခံ ပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံ ပါတီဝင်ခွင့် လျှောက်လွှာတင်ခဲ့သည်ဟု ၎င်း KSPP ပါတီဝင်ဟောင်းများနှင့် နီးစပ်သူများက ဆိုသည်။

KIO ဒု-ဥက္ကဌ-၂ ဟောင်းနှင့် KSPP ပါတီခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ။မြစ်ကြီးနားရှိ ပြည်နယ်ကြံ့ဖွံ့ပါတီရုံးသို့ ၎င်း KSPP (Kachin State Progressive Party) ခေါင်းဆောင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဝင်လျှောက်လွှာကို လွန်ခဲ့သည့် အပတ်က တင်သွင်းခဲ့သည်ဟု ဆက်ဆိုသည်။

ပြည်နယ်ကြံ့ဖွံ့ရုံးမှလည်း KSPP ပါတီခေါင်းဆောင်ဟောင်းများ၏လျှောက်လွှာကို “လက်ခံသင့်မခံသင့် နက်နက်နဲနဲ စဉ်းစားနေသည်” ဟု ပြည်နယ်ကြံ့ဖွွံ့ရုံးနှင့် နီးစပ်သူများဆိုသည်။

ဒေါက်တာ တူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ-၂ လုပ်ခဲ့ဖူးသည်။ ထို့အပြင် အင်ဂျာ နော်ရစ်၊ ဒူကဘာ ၀ါအင်ဒူ မုန်ခေါင်၊ ဒူကဘာ ပေါင်ရှီ ဇော်ဖန်း၊ ဒူကဘာ နှုပ်လဲ့ နှင့် ဆလန်ကဘာ စဘော်ကရန် တို့သည်လည်း KIO မှ အဆင့်မြင့်အရာရှိများဖြစ်ခဲ့ကြသည်။

ဒေါက်တာ တူးဂျာနှင့် KIO အဆင့်မြင့်အရာရှိ ၅ ဦးသည် မြန်မာစစ်တပ်မှကြီးမှုူုးကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းတို့အား ၂၀၀၉ ခုနှစ် စက်တင်ဘာ၌ KIO မှ ထုတ်ပယ်လိုက်သည်။ ထိုအချိန်သည် KIO ကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် မြန်မာစစ်တပ်က ဖိအားများပေးနေချိန်ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်က ထိန်းချုပ်သည့် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာ တူးဂျာ ဦးဆောင်သော KSPP ပါတီကို ရွေးကောက်ပွဲမှာ ပါ၀င်ခွင့်မပြုခဲ့ပါ။

KSPP ပါတီကို KIO အရာရှိဟောင်းများကဦးဆောင်နေခြင်းနှင့် KIO သည်လည်း မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို ငြင်းဆန်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်က KSPP ပါတီကို ပါတီထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု KSPP ပါတီဝင်များက ဆိုခဲ့သည်။

ထို့အပြင် မြန်မာစစ်တပ်၏ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၎င်းတို့ပါတီကို ဖျက်သိမ်းခဲ့ရသည်ဟု KSPP ပါတီခေါင်းဆောင်များ ပြောခဲ့သည်။

KSPP ပါတီ၏ ရွေးကောက်ပွဲဝင်ရန်အားထုတ်မှုအတွက် ၎င်းပါတီသည် ကချင်ပြည်နယ်လူထုနှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly)၊ KIO စသည့် ကချင်အဖွဲ့အစည်းများ၏ မူအရ ထောက်ခံအားပေးမှု များစွာရရှိခဲ့သည်။

ယခုလို KIO နှင့် KSPP ခေါင်းဆောင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဝင်လျှောက်လွှာတင်ခြင်းအပေါ် လက်ရှိ KIO ခေါင်းဆောင်များ မှတ်ချက်ပေးရန် ငြင်းဆန်နေသော်လည်း ကချင်နိုင်ငံရေးတက်စွလှုပ်ရှားသူများကတော့ ၎င်းခေါင်းဆောင်များ၏ ဒီမိုကရေစီနှင့် နိုင်ငံရေးခံယူချက်ကို ဝေဖန်နေကြပါသည်။

Most read this week