မြစ်ကြီးနားတွင် ဓါတ်ဆီစျေးတက်

မြစ်ကြီးနားတွင် ဓါတ်ဆီစျေးတက်
by -
ကချင်သတင်းဌာန

ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဓါတ်ဆီစျေးနှုန်း တစ်ဂါလံတွင် ကျပ် ၃၀၀ နှင့် ၄၀၀ ကြား၊ ၁၅ ရာခိုင်နှုန်း တက်လာကြောင်း မြို့ခံများ ပြောသည်။ ...

ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဓါတ်ဆီစျေးနှုန်း တစ်ဂါလံတွင် ကျပ် ၃၀၀ နှင့် ၄၀၀ ကြား၊ ၁၅ ရာခိုင်နှုန်း တက်လာကြောင်း မြို့ခံများ ပြောသည်။

မြစ်ကြီးနား မြို့ပြင်တစ်နေရာရှိ မိတားစု ဓါတ်ဆီ အရောင်းဆိုင် တစ်ဆိုင်။ ဓါတ်ပုံ - ကချင်သတင်းဌာနဓါတ်ဆီတစ်ဆင့် ၀ယ်ယူ ရောင်းချသူ တစ်ဦးက “ဓါတ်ဆီ တစ်ဂါလံကို မြန်မာဆီ ဆိုရင် ၅၂၀၀ ကျပ်၊ တရုတ်ဆီဆိုရင် ၄၈၀၀ ကျပ် ပေးဝယ်ရတယ်။ ပြီးတော့ တစ်ပုလင်း ၉၀၀ နဲ့ပြန်ရောင်းနေပြီ” ဟု မြစ်ကြီးနား ဓါတ်ဆီပုလင်းလိုက် လက်လီ ရောင်းချနေသူတစ်ဦး ပြောခြင်းဖြစ်သည်။

ထို့ကြောင့် အစိုးရထံမှလွှဲပြောင်းဝယ်ယူခဲ့သော မြစ်ကြီးနားရှိ ပုဂ္ဂလိကပိုင် ထူးကုမ္ပဏီမှ  ဓါတ်ဆီတစ်ဂါလံ ၂၅၀၀ ကျပ်ဖြင့်သာ သက်သက်သာသာ ရောင်းချပေးသော ဓါတ်ဆီဆိုင်နှစ်ခုတွင် ဓါတ်ဆီဝယ်ယူသူ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ အလုအယက် တန်းစီစောင့်ဆိုင်း၍ ၀ယ်ယူနေကြသည်။

၄င်းဓါတ်ဆီဆိုင်တွင် လိုင်စင်ရှိသော ဆိုင်ကယ်များသာ ၀ယ်ယူနိုင်ပြီး တစ်ပတ်တစ်ဂါလံ တစ်လ ၄ ဂါလံနှုန်းဖြင့်ရောင်းပေးနေခြင်း ဖြစ်သည်ဟု ဒေသခံများပြောသည်။

သို့သော် ယခုဓါတ်ဆီစျေးနှုန်းတက်နေချိန်ဖြစ်သော ကြောင့် ဓါတ်ဆီ တစ်ဂါလံ ၃၅၀၀ ကျပ် ထပ်တက်ဖွယ်ရှိသည်ဟုလည်း သိရသည်။

လူဦးရေ ၅ သိန်းနီးပါးနေထိုင်သည့် မြစ်ကြီးနားတွင် ၁၀၀ ရာခိုုင်နှုန်း(စီးရေ ၁၇၅၀၀ခန့်)နီးပါး တရုတ်ဖြစ်ဆိုင်ကယ်များဖြစ်ပြီး သုံုးပုံ နှစ်ပုံမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည်ဟုသိရသည်။

အခြားစားသောက်ကုန်များဖြစ်သည့် မုံညှင်းဆီမှာ ၁၀ ကျပ်သားအား ၃၅၀ ကျပ်၊ ဆန် ရွှေဝါထွန်းအမျိုးအစား ၂ တင်းဝင်အိတ် တစ်အိတ်အတွက် ၂၅၀၀၀ ကျပ်၊ မှော်ဘီအမျိုးအစားအတွက် ၂၇၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

သင်္ကြန်ရက်နီးလာပြီး ဧပြီလကုန် ဘဏ္ဍာရေးနှစ်သစ်တွင် အစိုးရလစာတိုးမည်ဟူသော ကောလဟလကြောင့် ယခုကဲ့သို့စျေးတက်သည်ဟု မြင်ကြောင်းဒေသခံများပြောနေကြသည်။

သို့သော် ယနေ့ပြုလုပ်ခဲ့သော နေပြည်တော်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပင်စင်စား၊ အစိုးရဝန်ထမ်းလစာတိုးပေးရန် အစီအစဉ်မရှိကြောင်း အခွန်နှင့်ဘဏ္ဍာရေးဝန်ကြီးက အဆိုရှင်တစ်ဦး၏မေးခွန်းကို ဖြေကြားရာတွင်ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

Most read this week