နယ်ကျော်ဝင်ရောက်သော မြန်မာစစ်တပ်အား KIA မောင်းထုတ်

နယ်ကျော်ဝင်ရောက်သော မြန်မာစစ်တပ်အား KIA မောင်းထုတ်
by -
ကချင်သတင်းဌာန

မတ်လ ၁၂ ရက် စနေနေ့က ကချင်ပြည်နယ်အရှေ့ဘက် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေထဲသို့ နယ်ကျော် ၀င်ရောက်လာသည့် မြန်မာစစ်တပ်အား KIAတပ်ဖွဲ့များမှ အတင်းမောင်းထုတ်ခဲ့ ...

မတ်လ ၁၂ ရက် စနေနေ့က ကချင်ပြည်နယ်အရှေ့ဘက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေထဲသို့ နယ်ကျော် ၀င်ရောက်လာသည့် မြန်မာစစ်တပ်အား KIAတပ်ဖွဲ့များမှ အတင်းမောင်းထုတ်ခဲ့သည်။

kachin-army၀ိုင်းမော်မြို့နယ်၊ တရုတ်နယ်စပ်ကိန်ပိုင်တီနှင့် ဆဒုံးကြား၊ လဖိုင်ရွာအနီးရှိ KIA ငွါးလေးစစ်စခန်းသို့ နယ်ကျော် ၀င်ရောက်လာသည့် မြန်မာစစ်သား ၁၈ ယောက်ပါတပ်စုအား “ဆုတ်ခွာခြင်း မပြုလျှင် ပစ်ခတ်မည်” ဟု KIAမှ သတိပေးပြီးနောက် ယခုလို ပြန်ဆုတ်ပေးခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။

ဆဒုံးနယ်တွင် မြန်မာစစ်ကြောင်းများ လှုပ်ရှားမှု တိုးလာခြင်းကြောင့် KIA တပ်များလည်း တိုး၍ ချထားလာသည်။

KIA ငွါးလေးစခန်းမှတဆင့် တရုတ်နယ်စပ် ကန်ပိုင်တီမြို့သို့သွားရန် မြန်မာစစ်တပ်၏ အကြိမ်ကြိမ် ကြိုးပမ်းမှုကို KIAက လုံးဝဖြတ်သန်းခွင့် မပြုခဲ့ဟု KIA က ဆိုသည်။

ယင်းမြန်မာစစ်သားများသည် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒကစ-တနိုင်း (ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး ဌါနချုပ်)မှ ဖြစ်သည်ဟု လဖိုင်ကျေးရွာ ဒေသခံများပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နှစ်ဖက်ကြား စစ်ရေးတင်းမာလာချိန်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေထဲ မြန်မာစစ်သားများဝင်ရောက်ခြင်း မပြုရန် KIO က မြန်မာစစ်အစိုးရအား အကြာင်းကြားခဲ့ကြောင်း KIO အရာရှိများပြောသည်။

KIO နိုင်ငံခြားရေးတာဝန်ရှိသူ ထိုင်းနိုင်ငံ ဘန်ကောက်မှ ဂျိမ်းလွမ်းဒေါင်က “ကျနော်တို့ဘက်ကစပြီး မြန်မာစစ်တပ်ကို စတိုက်မှာမဟုတ်ဘူး။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးအဖြေရှာဖို့  ကျနော်တို့ ကြိုးပမ်းနေပါတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။

မနှစ်က ဒီဇင်ဘာလကတည်းက မြန်မာစစ်ကြောင်းများ (စစ်ကြောင်းတစ်ကြောင်းတွင် စစ်သား ၁၀ ကျော် သို့မဟုတ် ၁၀၀ ကျော်ပါရှိ) ဆဒုံးဧရိယာထဲရှိ KIO နယ်မြေများအနီး လှုပ်ရှားမှုတိုးပြုလုပ်လာကြောင်း KIA အရာရှိများပြောသည်။

ယခု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင်-NDA-K) တို့ပူးတွဲထိန်းချုပ်သည့် ဆဒုံးနယ်တွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိသေးကြောင်း KIO မူးယစ်တိုက်ဖျက်ရေးကော်မတီက ပြောသည်။

မြန်မာဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ဘိ်န်းခင်းပိုင်ရှင်များထံမှ ပိုက်ဆံတောင်းသည့်အပြင် KIO မူးယစ်တိုက်ဖျက်ရေးကော်မတီ၏ ဘိန်းခင်းဖျက်ဆီးနေမှုကိုလည်း နှောင့်ယှက်နေကြောင်း ဒေသခံများနှင့် KIO မူးယစ်တိုက်ဖျက်ရေး အရာရှိများပြောသည်။

ရှမ်းပြည်နယ်၊ မိုင်းရှူးနယ် မိုင်းအောက်ကျေးရွာအုပ်စုတွင်  မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)ကြား မတ်လ ၁၃ မှ ၁၄ ရက်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

KIO နှင့် SSA-N သည် ယခင်လက ဖွဲ့စည်းသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ကြသည်။

UNFC သည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရန် မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေးဖြင့် တွန်းအားပေးရန်ဖြစ်သည်။ ယခု ဖွဲ့စည်းနေသည့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်၏ တိုင်းရင်းသားများပေါ် ထားရှိမည့်သဘောထားကို UNFC က စောင့်ကြည့်နေကြောင်း သိရသည်။

မြန်မာစစ်အစိုးရ၏ KIO နှင့် အခြား လူမျိုးစု လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရခြိမ်းခြောက်ခြင်းသည် ၎င်း၏ “လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း” KIO နိုင်ငံခြားရေးရာ တာဝန်ရှိသူ ဂျိမ်းလွမ်းဒေါင် ပြောသည်။

Most read this week