တရုတ် ယင်ကျန်းငလျင်ကြောင့် လူ ၂၅ ဦးသေ၊ ၂၅၀ ဒဏ်ရာရ

တရုတ် ယင်ကျန်းငလျင်ကြောင့် လူ ၂၅ ဦးသေ၊ ၂၅၀ ဒဏ်ရာရ
by -
KNG

ယမန်နေ့ မြန်မာနယ်စပ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ယင်ကျန်းနယ်တွင် ဗဟိုပြု တုန်လှုပ်ခဲ့သည့် မြေငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိ ...

ယမန်နေ့ မြန်မာနယ်စပ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ယင်ကျန်းနယ်တွင် ဗဟိုပြု တုန်လှုပ်ခဲ့သည့် မြေငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

yingjiangယင်ကျန်းသည် ယူနန်ပြည်နယ်ထဲ ဂျိန်းဖော (ကချင်)နှင့် ရှမ်းလူမျိုးစုတို့၏ အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Dehong Dai and Jingpo Autonomous Prefecture တွင် တည်ရှိသည်။

အင်အား ရစ်ချက်တာ စကေး ၅.၈ ရှိသည ့်ငလျင်သည် ပီကင်းစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် တုန်လှုပ်ခဲ့ပြီး လူနေအိမ် အများအပြား ပြိုကျခဲ့သည်ဟု တရုတ်အာဏာပိုင်များ ဆိုသည်။

အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများတွင် မြန်မာပြည်မှ ကချင်  စီးပွားရေးသမားများပိုင် ယင်မောမ် ဟိုတယ်လည်းပါကြောင်း ဟိုတယ် တာဝန်ရှိသူများ ကချင်သတင်းဌာနသို့ ပြောပြသည်။

အဆောက်အအုံုပြိုကျမှု အပိုင်းအစများအောက် လူများ ဖုံးဖိထားခံရနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူဦးရေ တိုးလာနိုင်သည်ဟု မျက်မြင်သက်သေများ ဆိုသည်။

လမ်းလျှပ်စစ်မီးတိုင်များကျိုးပျက်ကာ လျှပ်စစ်မီးလည်း ပြတ်တောက်သွားသည်ဟု သိရသည်။

ပျက်စီးသွားသောနေရာများတွင် စစ်သားများ ကယ်ဆယ်ရေးလုပ်ငန်း ပြုလုပ်နေကြောင်း မျက်မြင်သက်သေများ ပြောသည်။

ငလျင်ဗဟိုမှာ ယင်ကျန်းမှ ၂ ကီလိုမီတာအကွာရှိ ရှီမိန်းကျေးရွာတွင်ဖြစ်သည်ဟု တရုတ်ဗဟိုငလျင်ကွန်ရက် က ဆိုသည်။

ငလျင်လှိုင်းလှုပ်ခတ်မှုကို စီရင်စုတစ်ခဲတည်းရှိ မန်ရှီ၊ ရွှေလီနှင့် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ လိုင်ဇာ နှင့် မြစ်ကြီးနားမြို့များအထိ ရိုက်ခတ်ခဲ့သည်ဟု ဒေသခံများပြောသည်။

Most read this week