ကချင် ကျောင်းဆရာတစ်ဦး လက်ထိပ်နှင့့် မန်ဂျေဆေးရုံတွင် ဆေးကုခံနေရ

ကချင် ကျောင်းဆရာတစ်ဦး လက်ထိပ်နှင့့် မန်ဂျေဆေးရုံတွင် ဆေးကုခံနေရ
by -
KNG

ဆိုင်ကယ် အတိုက်ခံရပြီး ဒဏ်ရာပြင်းထန်နေသည့် မန်ဂျေ(မံစီ) ကျေးရွာက ကချင် ကျောင်းဆရာတစ်ဦး လက်ထိပ်ခတ်ပြီး ဆေးရုံတက် ကုသ ခံနေရကြောင်း သိရသည်။ ...

ဆိုင်ကယ် အတိုက်ခံရပြီး ဒဏ်ရာပြင်းထန်နေသည့် မန်ဂျေ(မံစီ) ကျေးရွာက ကချင် ကျောင်းဆရာတစ်ဦး လက်ထိပ်ခတ်ပြီး ဆေးရုံတက် ကုသ ခံနေရကြောင်း သိရသည်။

kachin-burma-manjeကချင်ပြည်နယ် တောင်ပိုင်း မန်မော်(ဗန်းမော်) မြို့နယ်ထဲက မန်ဂျေ(မံစီ) အမှတ်(၁) အစိုးရ မူလတန်းကျောင်း မှ ဆရာ ယောထုန်က မြန်မာ စစ်အစိုးရ အထူးရဲတပ်ဖွဲ့ဝင် လိုက်ပါလာသော ဆိုင်ကယ်နှင့် တိုက်မိပြီး ခေါင်းနှင့် ပေါင်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်၊ ဒေသစံတော်ချိန် ၅ နာရီခန့် ရွှေကူမြို့အထူးရဲတပ်ဖွဲ့ဝင် သတင်းပေး အောင်မျိုးကျော် လိုက်ပါပြီး ၎င်း၏ သူငယ်ချင်း မောင်းနှင်လာသည့် ဆိုင်ကယ်က ဆရာယောထုန် စီးလာသည့်ဆိုင်ကယ်ကို မန်ဂျေဆေးရုံရှေ့တွင် တိုက်မိသည်ဟု ပြောသည်။

ယာဉ်နောက် စီးနင်းလိုက်ပါသူ အောင်မျိုးကျော်(အသက် ၂၄ နှစ်) ဒဏ်ရာကြောင့် အခင်းဖြစ်ပွားရာတွင် သေဆုံးသွားသည်။ ဆရာယောထုန် ခေါင်းကွဲပြီး ပေါင်တွင် ၁၆ ချက် ချုပ်ရသည်ဟု သိရသည်။

“ဆေးရုံမှာ ဆရာ မေ့မျောပြီး သတိမရတရ ဆေးကုသခံနေတုန်း၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အထူးရဲ (Special Branch Police, SB) တွေ လက်ထိပ်လာခတ်သွားတာ” ဟု ဒေသခံ တစ်ဦးပြောသည်။

သတင်းပေး အောင်မျိုးကျော်အား တင်ဆောင်လာသူ ၎င်း၏ သူငယ်ချင်း ထွက်ပြေးတိမ်းရှောင်နေချိန် အတိုက်ခံရသူ ဆရာယောထုန်အား အထူးရဲတပ်ဖွဲ့က ဆေးရုံတွင် လက်ထိပ်လာခတ်သည်ဟု ဒေသခံ ပြောသည်။

Most read this week