ဒေသခံထံ ဘိန်းဝယ်ရန်လာသည့် ရှမ်းနှင့် ပအိုဝ်း တပ်ဖွဲ့ တိုက်ပွဲဖြစ်

ဒေသခံထံ ဘိန်းဝယ်ရန်လာသည့် ရှမ်းနှင့် ပအိုဝ်း တပ်ဖွဲ့ တိုက်ပွဲဖြစ်
by -
ခွန်အောင်မြတ်

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ်းဒေသ အတွင်းရှိ ဒေသခံ စိုက်ပျိုးထားသည့် ဘိန်းကို ရှမ်းနှင့်ပအိုဝ်း တပ်ဖွဲ့တို့ ဝယ်ယူရန် လာကြစဉ် တိုက်ပွဲ ဖြစ်ပွားကြရာ ကျေးရွာသားများ တိမ်းရှောင်နေကြရ ...

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ်းဒေသ အတွင်းရှိ ဒေသခံ စိုက်ပျိုးထားသည့် ဘိန်းကို ရှမ်းနှင့်ပအိုဝ်း တပ်ဖွဲ့တို့ ဝယ်ယူရန် လာကြစဉ် တိုက်ပွဲ ဖြစ်ပွားကြရာ ကျေးရွာသားများ တိမ်းရှောင်နေကြရသည်ဟု ဒေသခံ များက ပြောသည်။

ယခုချိန်တွင် ဘိန်းစေးခြစ်ယူသည့်ရာသီဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်းနှင့် စစ်အစိုးရထံ လက်နက်အပ်နှံခဲ့သည့် ပအိုဝ်းပြည်သူ့စစ်(ပီအဲန်အို)တို့ ဒေသခံများထံ ဘိန်းဝယ်ယူရန် ဝင်ရောက်လာစဉ် ဟိုနမ်းမြို့နယ်ခွဲ လွယ်ယေးတောင်အနီး ထီပျဉ်ကျေးရွာ အနောက်ဖက်တွင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု မောက်မယ် ဒေသခံတဦးကပြောသည်။

“ပြီးခဲ့တဲ့ (၇)ရက်နေ့နဲ့ (၈)ရက်နေ့က ရှမ်းနဲ့ပအိုဝ်းတိုက်ပွဲဖြစ်တော့ ရွာသားတွေ ထွက်ပြေးကြရ တယ်။ ရွာမှာ ဘိန်းလာဝယ်ကြတာလေ။ အခု မြန်မာစစ်သားရော ပအိုဝ်း စစ်သားရော ပေါ်တာဆွဲတယ်။ ရှမ်းကို တိုက်ဖို့အတွက်တဲ့။ နောက်ပြီး ဘိန်းက ကောင်းကောင်း မခြစ်ရ သေးဘူး။ အခွန်တွေ အရမ်းတောင်းနေတယ်။ ကျနော်တို့ ယောက်ျားတွေဆို ရွာမှာမနေရဲတော့ဘူး။ (ဘိန်း) ခြံလည်း အဲဒီအတိုင်းပဲ ထားထားရတယ်။”

ယင်းဒေသတွင် ယခု မြန်မာစစ်အစိုးရတပ်ဖွဲ့က ဝင်ရောက်လာကာ ကျေးရွာသားများကို ခြိမ်းခြောက် ပြီး ဆက်ကြေးများတောင်းသည့်အပြင် အိမ်မွေးတိရိစ္ဆာန်များကိုလည်း ဖမ်းဆီးကြသည်ဟု ယင်းဒေသ တွင် ဘိန်းခြံသွားရောက်လုပ်ကိုင်နေသည့် တောင်ကြီးဒေသခံ တဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာက နှစ်ပွဲထဲပဲ ဗမာစစ်တပ်တွေ တအားလာရှုပ်နေတယ်။ ပြောတော့ ဘိန်းခွန်တဲ့ လုပ်တာ ငါးသိန်းလောက်တောင် ရမလားမသိဘူး၊ တောင်းလိုက်တာ ဆယ်သိန်းတဲ့။ အဲဒါကြောင့် အဲလောက်ပေးရမယ့်အတူတူ မပေးပဲနဲ့ ဒီကို ပြန်ပြေးပြန်လာတာ။ ပေါ်တာလည်း နေ့တိုင်းဆွဲနေတယ်။ လွယ်ယေးတို့ ထီပျဉ်တို့ဆို ယောက်ျားတွေ တယောက်မှ မရှိတော့ဘူး။ ထွက်ပြေးတာ။”

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ယခုလို တုန့်ပြန်ပြောဆိုသည်။

“အော် ပီအဲန်အိုနဲ့လား အခုတလော ကျနော်တို့ တိုက်ပွဲသတင်းတွေတော့ သိပ်ပြီးတော့ သိပ်မရှိဘူး ခင်ဗျား။ မသေချာတဲ့ သတင်းတွေတော့ ကြားတော့ ကြားပါတယ်။ မသေချာဘူးဆိုတော့ ပြောလို့လည်း မကောင်းဘူးလေနော်။ အတည်ပြုပြောလို့မရဘူး ဖြစ်နေတယ်။ ကျနော်တို့ကို ကျူးကျော်လာတဲ့ အဲဒီ နအဖတပ်တွေရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ကျနော်တို့ကတော့ နအဖတပ်တွေနဲ့ လိုက်လာရင် ကျနော်တို့ကတော့ အဲလိုမျိုး တိုက်တော့ တိုက်ရမှာပဲ။”

မူးယစ်ဆေးဝါးကြောင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုအပေါ် မြန်မာ စစ်အစိုးရတွင် တာဝန်ရှိသည်ဟု ရှမ်းပြည်အရေးစောင့်ကြည့် လေ့လာသူ ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာချုပ် ဦးခွန်စိုင်းက သုံးသပ်ပြောဆိုသည်။

“မူးယစ်ဆေးဝါးလုပ်ကိုင်ခွင့်ကို နိုင်ငံရေးနဲ့သူကဆက်ထားတာကိုးဗျ။ သူ့ကို နိုင်ငံရေးအရ ထောက်ခံ တယ်ဆိုလို့ရှိရင် စီးပွားရေးအတွက် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ကို သူက ပေးထားတာကိုးဗျနော။ အဲဒါကြောင့်မလို့ ဒီကိစ္စက ဖြစ်လာခြင်းဖြစ်တာကိုးဗျ။ နောက်တခုခါကျတော့ ဒီလိုမျိုးဖြစ်လာတဲ့ အခါကျတော့ သူတို့ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့တင် ဖြစ်တာမဟုတ်ဘူး။ သူတို့ပြည်သူ့ စစ်အချင်းချင်းတောင်မှ သူတို့ဖြစ်ကြတယ်ဆိုတာ တွေ့ရတယ်ပေါ့ဗျာ။”

ယခုလဆန်းပိုင်းအတွင်း ရှမ်းပြည်တောင်ပိုင်းတွင် မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များ တိုက်ပွဲမကြာခန ဖြစ်ပွားလျှက်ရှိရာ ပြီးခဲ့သည့် ဇန္နဝါရီ ၃ ရက်နေ့တွင် မြန်မာစစ် အစိုးရ ယာဉ်တန်းကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုကြောင့် မြန်မာစစ်အစိုးရက အပြစ်မဲ့ ကျေးရွာသား ၆ဝ ကျော်နှင့် သံဃာ နှစ်ပါးကို ဖမ်းဆီးခဲ့ရသည်။

Most read this week