ကချင်ပြည်နယ်နေ့ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင် ကျင်းပနေ

ကချင်ပြည်နယ်နေ့ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင် ကျင်းပနေ
by -
KNG

ဇန်နဝါရီလ ၁၀ ရက်နေ့ ကျရောက်မည့် ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကြီး ကြိုဆိုသည့် အနေဖြင့် “ပြည်ထောင်စု မနောပွဲတော် ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ” အား ယနေ့မနက်မှ စတင်ကျင်းပ ...

ဇန်နဝါရီလ ၁၀ ရက်နေ့ ကျရောက်မည့် ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကြီး ကြိုဆိုသည့် အနေဖြင့် “ပြည်ထောင်စု မနောပွဲတော် ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ” အား ယနေ့မနက်မှ စတင်ကျင်းပနေပြီဖြစ်သည်။

kachin_state_day_golfပြိုင်ပွဲအား မနက်၈နာရီခွဲတွင်  မြစ်ကြီးနားမြို့ Northern Star ကွင်း၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်မှ ဂေါက်ပြိုင်ပွဲ စတင် ဖွင့်ပေးကာ တိုင်းမှူးလည်း ပါဝင်ယှဉ်ပြိုင်မည်ဟု ဂေါက်သီးရိုက်ပြိုင်ပွဲ ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်း ဂေါက်ရိုက်ပြိုင်ပွဲ၌် မြန်မာတစ်နိုင်ငံလုံးရှိ Professional Golfer ပညာရှင်အဆင့့် စိုးကျော်နိုင်၊ ဇော်ဇော်လတ်၊ သော်ဇင်ဝင်း အပါအဝင် ကချင်ပြည်နယ်မှ သူဌေး အင်ဆန်တူးအောင်နှင့် ဦးနေမင်း အားလုံးပေါင်း၂၄ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ အပျော်တမ်းအဆင့် ၄၈ ဦးတို့နှင့် ဗန်းမော်၊ မိုးညှင်း မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနားစသည့် မြို့နယ်မှ အသင်းလိုက် ကစားသည့်အယောက် ၁၀၀ ကျော် ရှိသည်။

စိုးကျော်နိုင်သည် လွန်ခဲ့သည့်နှစ် ၂၀၀၉ခုနှစ်၌ ကျင်းပခဲ့သည့် ပထမအကြိမ် Myanmar Masters ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ဒိုင်သူကြီးအဖြင့် ရန်ကုန်ဂေါက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဗိုလ်မှူးဟောင်း ဦးကိုကိုလေးနှင့် ကိုသျှားဟန် တို့ဖြစ်သည်။

ယခုလို ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်တွင် မြန်မာတစ်ပြည်လုံးရှိ Professional Golfer တို့အားဖိတ်ခေါ်ကစားသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ၆၁နှစ်ပြည့် ကချင်ပြည်နယ်အထိမ်းအမှတ် မနောပွဲတော်တွင်လည်း “ကချင်ပြည်နယ် မနောပွဲတော် ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ” ကျင်းပခဲ့သည်။

၆၁ နှစ်ပြည့် ကချင်ပြည်နယ်နေ့တွင် ဂေါက်ပညာရှင်အဆင့် အယောက် ၄၀ကျော်နှင့် အားလုံးပေါင်း အယောက် ၃၀၀ကျော် ယှဉ်ပြိုင်ကစားခဲ့သည်။

ကချင်ပြည်နယ်အထိမ်းအမှတ် မနောပွဲတော်တွင် ဂေါက်ပြိုင်ပွဲအား ယခုနှစ်၌ ပြည်ထောင်စုဟု အမည်တပ်ခေါ်လိုက်ခြင်းအား မနောကော်မတီဝင််မှ “ပြည်နယ် အထိမ်းအမှတ်ကို ပျောက်ခိုင်းနေတာ။ ဒီဂေါက်ကို အစက စိတ်ဝင်စားပါတယ်။ ဒီနှစ်တော့ စိတ်လည်း မဝင်စားဘူး၊ သိလည်း မသိချင်ဘူး။ ပြောလည်း မပြောချင်ဘူး။” ဟု သူ၏ စိတ်မကောင်းကြောင်း ပြောသည်။

တစ်ချို့ပြိုင်ပွဲဝင်မည့် ဂေါက်သမားတွေမှာ ပြိုင်ပွဲအမည်ပြောင်းခြင်းမကျေနပ်သော်လည်း “ကောင်းတဲ့အချက် က ဒီကဂေါက်ရိုက်သမားတွေ နိုင်ငံအဆင့်တွေနဲ့ အတူကစားရတယ်ဆိုတော့ အတွေ့အကြံုရတယ်ဆိုတာပေါ့။” ဟု ပြောသည်။

ပြိုင်ပွဲအား ဇန်နဝါရီလ ၄ရက်နေ့မှစတင်ကာ မနောပွဲတော်ကြီးဖွင့်သည့် ရရက်နေ့ထိ ကစားသွားမည်ဖြစ်ပြီး ဆုပေးပွဲအစဉ်အစီလည်း တစ်ဆက်တည်းရှိမည်ဟု သိရသည်။

Most read this week