ရာဘသယ်လာသည့် ပြည်သူ့စစ်အား လက်နက်နှင့်အတူ ဖမ်းမိ

ရာဘသယ်လာသည့် ပြည်သူ့စစ်အား လက်နက်နှင့်အတူ ဖမ်းမိ
by -
ဇော်ကြီး

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ ရာဘခေါ် စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ပြည်သူ့စစ်တဦး အပါ အဝင် လူသုံးဦးအား လက်နက်နှင့်အတူ ဖမ်းဆီးမိခဲ့ ...

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ ရာဘခေါ် စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ပြည်သူ့စစ်တဦး အပါ အဝင် လူသုံးဦးအား လက်နက်နှင့်အတူ ဖမ်းဆီးမိခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုန်၊ မိုင်းဆတ်ဖက်မှဆင်းလာသည့်ကားအား တာချီလိတ်မြို့အဝင် လွယ်တော်ခမ်း ဌာန ပေါင်းစုံဂိတ်အနီး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု လွယ်တော်ခမ်းကျေးရွာသား တဦးက ယခုလိုပြောသည်။

“တာချီလိတ်ဝင်ခါနီး လွယ်တော်ခမ်းဂိတ်မရောက်ခင်တစ်မိုင်အလိုလောက်မှာမိတာ။ ကားကလမ်းဘေး မှာရပ်ထားတော့ အဖွဲ့စုံဂိတ်က မသင်္ကာလို့သွားစစ်တာမှာမိတာ။ သေနတ်လည်းမိတယ်လေ။ သေနတ် တွေကလည်း တရားမဝင်သေနတ်တွေဖြစ်နေတယ်။”  

အသက်(၃၅)နှစ်ခန့် လားဟူအမျိုးသား ပါဆီး၊ အသက်(၂၅)နှစ်ခန့် အားဆာနှင့် ထိုင်းနိုင်ငံသား လက်မှတ် ကိုင် ဆောင်ထားသည့် အသက်(၄၀)ခန့် အိုက်ခမ်းတို့အား ရာဘဆေးပြား ငါးထောင်ခန့် နှင့် လက်နက်ခဲယမ်းများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“မနေ့ကညနေ (၃) နာရီလောက်လေ။ ဖိုးဝီးကားနဲ့ သယ်လာတာ။ အဲဒီမှာ လားဟူပြည်သူ့စစ် တ ယောက်ပါတယ်။ သူ့နာမည်က ပါဆီးတဲ့။ သူ့ဆီမှာက ကာဘိုင်တစ်လက်ပါတယ်။ ကိုးမမ ပစ္စတိုတစ် လက်ပါတယ်။”  

နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်းထား သည်ဟု သိရသည်။

ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ယခင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ် သည့် UWSA ၀တပ်ဖွဲ့နှင့် ခွန်ဆာအဖွဲ့တို့ကလုပ်ကိုင်ခဲ့ပေမယ့် လက်ရှိတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ဌာနေပြည်သူ့စစ်များက လုပ်ဆောင်လာခဲ့သည်ဟု ရှမ်းပြည် မူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့၏ စက်တင်ဘာ လထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက ရ၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာ ပေမယ့် စိတ်ကြွဆေးထုတ်လုပ်မှု ပိုတိုးလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး၏ စာ ရင်းများကဆိုသည်။

လွန်ခဲ့သည့်နှစ်က ရှမ်းပြည်နယ်တွင် ဘိန်းဖြူကီလို ၁၅၀၀ ကျော်နှင့် စိတ်ကြွဆေးပြား ၂၃ သန်း ကျော် ဖမ်းဆီး ရမိခဲ့သည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most read this week