ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သည့် နေအိမ်ကို ရှာဖွေ စစ်ဆေး

ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သည့် နေအိမ်ကို ရှာဖွေ စစ်ဆေး
by -
ခွန်အောင်မြတ်

မြဝတီမြို့တွင် မြန်မာ စစ်အစိုးရ တပ်နှင့် ဗိုလ်ချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်း သွားသော ဒီကေဘီအေ တပ်ဖွဲ့က ဗိုလ်မှူးချုပ် စောလပွယ် ...

မြဝတီမြို့တွင် မြန်မာ စစ်အစိုးရ တပ်နှင့် ဗိုလ်ချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်း သွားသော ဒီကေဘီအေ တပ်ဖွဲ့က ဗိုလ်မှူးချုပ် စောလပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သူ များကို လိုက်လံစစ် ဆေးနေသည်။

ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သည့်နေအိမ်များကို လိုက်လံစစ်ဆေးနေသည်ကို မျက်မြင်တွေ့ခဲ့သည့် မြဝတီမြို့ ခံတဦးက ပြောသည်။

“ဒီနေ့ကတော့ ဗိုလ်ချစ်သူအဖွဲ့နဲ့ တပ်က အရာရှိတယောက်နှစ်ယောက်နဲ့တွဲပြီးတော့ဗျာ ဟိုအိမ် လိုက်ရှာ ဒီအိမ်လိုက်ဝင် အဲဒါလောက်တော့ ရှိတာပေါ့ဗျာ။ လိုက်စစ်နေတာပဲ ဒီနေ့ ကားသုံးစီးနဲ့ လိုက်စစ်နေတယ်။ မနေ့ကတည်းကပါ။ ဗိုလ်မုတ်သုံအိမ်ရှေ့မှာ ကားတွေ ရပ်ထားတယ်။ ရပ်ပြီးတော့ လိုက်စစ် နေတာ အခုထိပဲ။ ဒီကေဘီအေနဲ့ပတ်သက်တယ်ဆိုရင် သွားနေတာပေါ့ဗျာ။”

ပြီးခဲ့သည့်နိုဝင်ဘာလ ရရက်နေ့က ဗိုလ်နှုတ်မွေးဦးဆောင်သည့် တပ်ဖွဲ့က မြဝတီမြို့ကို ဝင်စီးပြီး နောက်ပိုင်း ၎င်းနှင့်ပတ်သက်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြဝတီရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။

“သူတို့နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ဒါကတော့ ဒီကေဘီအေနဲ့ အရင်ကတည်းက အတူတူ အ လုပ် တွဲလုပ်နေတာကိုး။ ဒါကတော့ ရှိမှာပေါ့ဗျာ။ လျှောက်ပြီးမှ ဘယ်လိုခေါ်မလဲ ကြွက်မနိုင် ကျီ်မီး နဲ့ ရှို့တဲ့သဘောပေါ့။ အဲလိုတော့ လုပ်တာပေါ့ဗျာ။”

မသင်္ကာသည့်အိမ်များကို လိုက်လံစစ်ဆေးသော်လည်း ဖမ်းရမိခြင်း မရှိမရှိကိုမူ ၎င်းက ဖြေဆိုရန် ငြင်းဆန်ခဲ့ သည်။

မြဝတီမြို့တွင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ၏ ကားများကို လည်း လိုက်လံဖမ်းဆီးနေသည်ဟု ကားပွဲစားတဦးက ပြောသည်။

ယခုလ ၈ ရက်နေ့ ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတို့ မြဝတီမြို့တွင် တိုက်ပွဲပြီးသည့်နောက် အခြေ အနေ ပြန်လည်ငြိမ်သက်သော်လည်း မြို့ပြင်တွင် စစ်အစိုးရတပ်များက လုံခြံုရေး တိုးမြင့်ချထားဆဲဟု မြဝတီမြို့ခံများက ပြောသည်။

Most read this week