ကချင်ပြည်နယ် နယ်ခြားစောင့်တပ်မြို့ ပန်ဝါမှာ မဲ မသမာမှုရှိနေ

ကချင်ပြည်နယ် နယ်ခြားစောင့်တပ်မြို့ ပန်ဝါမှာ မဲ မသမာမှုရှိနေ
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် ဦးဇခုန်တိန့်ယိန်း ပိုင်နက်နယ်မြေ ပန်ဝါမြို့တွင် ဒီမနက် မနက် ၆ နာရီ မဲရုံဖွင့်လှစ်ကာ မဲရုံတွင် မဲခြစ်ရန် အကာထားခြင်းမရှိ ...

တရုတ်-မြန်မာနယ်စပ် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် ဦးဇခုန်တိန့်ယိန်း ပိုင်နက်နယ်မြေ ပန်ဝါမြို့တွင် ဒီမနက် မနက် ၆ နာရီ မဲရုံဖွင့်လှစ်ကာ မဲရုံတွင် မဲခြစ်ရန် အကာထားခြင်းမရှိဘဲ ပြည်သူများ လုံခြုံမှုမရှိဘဲ လွတ်လပ်စွာ မဲမထည့်နိုင်ဟု ဒေသခံတစ်ဦးပြောသည်။

NDA-K နယ်ခြားစောင့်တပ် ဌာနချုပ် ပန်ဝါ။“မဲရုံရှေ့မှာ ရပ်ကွက်ဥက္ကဋ္ဌက စောင့်နေပြီး မဲထည့်ခါနီးမှ ကြံ့ခိုင်ပါတီ ဦးဇခုန်တိန့်ယိန်းကိုသာထည့်ရမယ် နင်တို့ဘယ်သူ့ဆီမှာထည့်တယ်ဆိုတာ သိတယ်နော၊ သတိထားကြပါဆိုပြီး ပြောတော့ ဒေသခံတွေ အားလုံးက ဇခုန်ကို ပဲထည့်ကြတယ်” ဟု ဒေသခံတစ်ဦးပြောသည်။

မဲရုံ အကာမရှိတာကြောင့် ပြည်သူများ လွတ်လပ်စွာ မဲထည့်နိုင်ခြင်းမရှိကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ မဲထည့်ပြီးသူများအားလည်း ဥက္ကဋ္ဌ မှ တရုတ်ခေါက်ဆွဲဘူး တစ်ဘူးစီ မေတ္တာလက်ဆောင် ပေးဝေနေသည်ဟု ဒေသခံမှ ဆက်ပြောသည်။

ယင်းမြို့နယ်တွင် ရွေးကောက်ပွဲ မဲစာရင်းထုတ်ပြန်ခြင်းမရှိပဲ ၁၈နှစ်ကျော်သူဒေသခံများ အားလုံး ဆန္ဒမဲထည့်ပိုင်ခွင့်ရှိသည်။ ရွေးကောက်ပွဲ အလွန်နီးကပ်နေသည်ဖြစ်၍ မဲစာရင်းမထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌမှ ပြောသည်။

ပန်ဝါမြို့နယ်တွင် ယခုလက်ရှိနေထိုင်သည့် လူဦးရေမှာ ၁၀၇၃ဦးရှိသည်။ မဲရုံကိုတော့ ပန်ဝါမြို့ရှိ မြို့တော်ခန်းမတွင် မဲရုံတစ်ခုတည်းသာထားရှိသည်။

မြစ်ကြီးနားအရှေ့ဖက် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ မဲရုံတွင် ရဲအရာရှိနှင့် မီးသတ်သားပေါင်း ၁၀ဦးကျော် စောင့်ကြည့်သဖြင့် ပြည်သူတွေမဲထည့်ရသည်မှာ လွတ်လပ်မှုမရှိသည်ဟု ဒေသခံတစ်ဦးပြောသည်။

မဲရုံအနီးရှိ လမ်းဆုံလမ်းခွနေရာ၌လည်း မဲထည့်လာသူ ပြည်သူများအား ကြံ့ဖွံ့ပါတီမှ  စောင့်ကြည့်ကာ သူတို့ထံမဲထည့်ရမည်၊ မဲခြစ်ပုံခြစ်နည်းအား သင်ကြားပေးနေသည်။

မဲရုံတွင်လည်း မဲခြစ်ရန်ထားရှိသည့်နေရာသည် ပြူတင်ပေါက်များနဲ့နီးကပ်ကာ ပြူတင်းပေါက်မှ မဲရုံစောင့် ကြံ့ဖွံပါတီမှ ကြည့်နေကာ မဲထည့်ရာတွင်လည်း ကြံ့ဖွံ့ပါတီမှ ကူညီသလို ၎င်းတို့ပါတီထံခြစ်ပေးနေသည်ဟု ဒေသခံတစ်ဦးပြောသည်။

“ကျတော်တို့တိုင်းရင်းသား ကချင်တွေက စစ်းသားတို့၊ရဲတို့ကို ကြောက်နေတယ်လေ၊ ဖြစ်နိုင်ရင်တော့ အရပ်ဝတ်စုံနဲ့ လာစောင့်ရင်တော့ ကောင်းတာပေါ့၊ သူတို့ဝတ်စုံနဲ့ဆို ကြောက်ပြီပေါ့၊” ဟု မဲထည့်ရသည့်အချိန် လွတ်လပ်မှုမရှိ ကြောက်နေရသည်ဟု ဒေသခံတစ်ဦးမှ ပြောသည်။

Most read this week