ဆွမ်းကြွေးပြန် NLD လူငယ်အဖွဲ့ဝင်များ အာဏာပိုင်တို့၏ နှောင့်ယှက်မှုခံရ

ဆွမ်းကြွေးပြန် NLD လူငယ်အဖွဲ့ဝင်များ အာဏာပိုင်တို့၏ နှောင့်ယှက်မှုခံရ
by -
ဇော်ကြီး

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ်(၇၂) ရပ်ကွက်ရှိ NLD လူငယ်တဦး၏ ဆွမ်းကြွေးမှ ပြန်လာသည့် လူငယ် အဖွဲ့ဝင် (၂၀) ခန့်အား မြို့နယ်အာဏာပိုင်တို့က နှောင့်ယှက်ခဲ့ ...

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ်(၇၂) ရပ်ကွက်ရှိ NLD လူငယ်တဦး၏ ဆွမ်းကြွေးမှ ပြန်လာသည့် လူငယ် အဖွဲ့ဝင် (၂၀) ခန့်အား မြို့နယ်အာဏာပိုင်တို့က နှောင့်ယှက်ခဲ့သည်ဟု သိရသည်။

၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းတွင် စစ်အစိုးရ အာဏာပိုင်တို့၏ ရိုက်နက်မှုကိုခံရကာ ကွယ်လွန်ခဲ့သော အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လူငယ်အဖွဲ့ဝင် ကိုကိုဝင်း (၃) နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲမှ အပြန်တွင် နှောက်ယှက်ခံရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ နှောင့်ယှက်ဟန့်တားမှုအခြေအနေကို တောင်သူလယ်သမား သမဂ္ဂ ပေါ်ပေါက်ရေးအဖွဲ့မှ အဖွဲ့ဝင် တ ဦးဖြစ်သူ ဦးဇော်ဝင်းက ယခုလိုပြောသည်။

“လမ်းထိပ်လည်းရောက်ရော တဖာလုံကျောင်းရှေ့လည်းရောက်ရော၊ အဲဒီမြို့နယ်မှူးနဲ့ အဖွဲ့က အ နှောင့်အယှက်သဘောမျိုးလို ကျနော်တို့ကို ငါးယောက်တတွဲမှမသွားရင် မင်းတို့ကို အရေး ယူမယ်။ ကားပေါ်တက်ဆိုပြီး သူတို့ဒတ်ဆန်းလေးတစီးပေါ် အတင်းတင်တယ်။ တင်တော့ ကျနော်တို့က မတက် ဖူး။”  

တချိန်တည်းတွင် ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်များအား လူထုထံပန်ကြားထား သည့် စာရွက်စာတမ်း များကို အဖွဲ့ဝင်လူငယ်များကဝေငှခဲ့ရာ မြို့နယ်မှူး ဦးတင်မောင်အေးနှင့် ရဲတပ်ဖွဲ့အင်အား (၅၀)ကျော်က ပိတ် ပင်တားဆီးခဲ့သည်ဟု ဆက်ပြောသည်။

“သူကလုပြီးသိမ်းတာ အတင်းအဓမ္မ။ ဘာဖြစ်လို့သိမ်းတာလည်းဆိုတော့ ခင်ဗျားဝေပိုင်ခွင့် မရှိဘူးတဲ့။ ကော်မရှင်ထုတ်ပြန်ထားတဲ့စာတွေ ဘာဖြစ်လို့ဝေပိုင်ခွင့်မရှိတာလဲ၊ ကော်မရှင်က အမိန့်ကို ခင်ဗျားကို ပေးထားလို့လား သိမ်းရမယ်ဆိုတာ။ မပေးထားဘူးတဲ့ ဒါပေမယ့် ကျနော့ အမိန့်နဲ့ ခင်ဗျားတို့ ပြောတာ ဗျာတဲ့။ မဝေရဘူးတဲ့ ဝေရင်တဲ့ကျနော်က အရေးယူမှာပဲတဲ့။ ခင်ဗျားတားသလားဆိုတော့ တားတယ် တဲ့။ ကျနော် တောင်ဒဂုံမြို့နယ်မှူး တား တယ်လို့သာ ခင်ဗျားတို့ သဘောပေါက်တဲ့။”  

ရဲတပ်ဖွဲ့ဝင်အင်အားများလွန်းသည့်အတွက် NLD ပါတီဝင်များက လူစုခွဲလိုက်ကြပြီး လိုင်းကား ပေါ်အတက်တွင် တောင်ဒဂုံမြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ဦးအေးသွင်အား ဖမ်းဆီးသွားခဲ့ သည်ဟု ဆက်ပြောသည်။

“အခုကားပေါ်ဘာဖြစ်လို့ အတင်းအဓမ္မဖမ်းတာလဲဆိုတော့ ကျနော်မြို့နယ်မှူးအမိန့်နဲ့ ဖမ်းတာ တဲ့။ မြို့နယ်မှူးအမိန့်နဲ့ ဖမ်းတာဆိုတော့ ဘယ်မှာလည်းမြို့နယ်မှူး ငါပြောမယ်ကွာဆိုတော့ မြို့နယ်မှူးက ဟုတ်တယ်တဲ့။ သူဖမ်းတယ်ဆိုပြီး ကားအောက်မှာရောက်နေတယ်။ အဲတာနဲ့ ကိုအေးသွင်ကို ကင်မရာ လည်းသိမ်းသွားပြီးတော့ အခုဖမ်းသွားတယ်ဗျာ။”

၎င်းအဖမ်းခံရသည့်သတင်းအား သေခြာသိရှိစေရန် စုံစမ်းနေစဉ်တွင် မည်သည့်အတွက် ကြောင့်ဖမ်းဆီးခြင်းကို မသိရသေးသော်လည်း ဖမ်းဆီးပြီးတစ်ရာနာရီခန့်အကြာတွင် ပြန်လွတ်ပေးလိုက်ပြီဟု ရဲတပ်ကြပ်ကြီးတဦးက ပြောကြောင်း NLD လူငယ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုညီညီက ယခုလိုပြောသည်။

“မြို့နယ်မှူး ဦးတင်မောင်အေးကနေခေါ်သွားတယ်။ ကျနော်တို့ ဒီကနေပြီးတော့ လိုက်မယ် ပြုမယ် ပေါ့နော်။ ဒီတောင်ဒဂုံစခန်းကိုဆိုတဲ့ အတိုင်းအတာတစ်ခု အတောအတွင်းမှာပဲ သူပြန် လွတ်လာ တယ်။”

ကိုကိုဝင်းသေဆုံးစဉ်က အသက်(၂၂)ရှိပြီး စက်တင်ဘာ(၂၇) ရက်ဆန္ဒပြပွဲ၌ ဆူးလေဘုရား အနီး စစ်အစိုး ရလက်ကိုင်တုတ်တို့၏ ရိုက်နက်မှုဒဏ်ကြောင့် (၁၁) ရက်ကျော်အကြာတွင် သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ယခု (၃)နှစ်မြောက် ဆွမ်းကျွေးပွဲအား ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ မိခင်၏နေအိမ်တွင် ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

Most read this week