ကြံ့ဖွံ့ပါတီမှ ဖါးကန့်တွင် ယာယီမှတ်ပုံတင် အခမဲ့ လုပ်ပေးပြီး လူထုစည်းရုံး

ကြံ့ဖွံ့ပါတီမှ ဖါးကန့်တွင် ယာယီမှတ်ပုံတင် အခမဲ့ လုပ်ပေးပြီး လူထုစည်းရုံး

ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်စိမ်း ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်သည် မှတ်ပုံတင် မရှိသူများအား အဝါရောင် ယာယီမှတ်ပုံတင် အခမဲ့ ပြုလုပ်ပေးခြင်းဖြင့် မဲဆွယ် စည်းရုံးနေ....

ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်စိမ်း ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်သည် မှတ်ပုံတင် မရှိသူများအား အဝါရောင် ယာယီမှတ်ပုံတင် အခမဲ့ ပြုလုပ်ပေးခြင်းဖြင့် မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများ ပြောသည်။

ohn-myint“ယာယီကဒ် အဝါရောင်မှာ၊ မှတ်ပုံတင်နံပါတ် PKK (Phakant Kachin) မှာ နံပါတ် ရေးကပ်ထားပေးတာပါ။ လဝကတွေ ပေးတာပါ” ဟု ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာမှ ဆယ်အိမ်မှူးတစ်ဦး ပြောသည်။

၎င်းယာယီမှတ်ပုံတင်ကဒ်ပြားသည် အကျယ် ၆ လက်မ ရှိပြီး အမည်၊ နေရပ်လိပ်စာ နှင့် PKK နံပါတ်များ ပါရှိသည်။ သို့သော် ယာယီ မှတ်ပုံတင် ကဒ်တွင် ဓါတ်ပုံ မပါရှိ ကြောင်း ဆယ်အိမ်မှူးမှ ပြောသည်။

ယာယီလက်မှတ်အား ရပ်ကွက်စုပေါင်းရုံးသို့ မှတ်ပုံတင် မရှိကြောင်း နာမည်ပေးသူ အားလုံးအတွက် လဝကနှင့် ဦးအုန်းမြင့်တို့ ပူပေါင်းကာ ကြံ့ဖွံ့ပါတီထံ မဲထည့်နိုင်ဖို့ရန် အခမဲ့ လုပ်ဆောင်ပေးခြင်း ဖြစ်သည်ဟု ဆယ်အိမ်မှူးက ပြောသည်။

၂၀၀၅-၂၀၀၈ ကချင်ပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူးဟောင်း ဦးအုန်းမြင့်သည် အခမဲ့ ယာယီမှတ်ပုံတင်ဖြင့် မဲဆွယ်ခြင်းသာမက ရောက်ရှိသည့် ဒေသခံအိမ်များသို့ ကျပ် ၁၀၀ တန်နှင့် ငွေအကြွေစေ့များ ပေးကာ လိုက်လံစည်းရုံးနေသည်။

“၁၀၀ ဆိုတာ ငွေစက္ကူ ကျပ် ၁၀၀ တန် တစ်သောင်းနဲ့ အကြွေစေ့ ၅၀ တွေ လိုက်ပေးနေတယ်” ဟု ငွေလက်ခံရရှိသည့် ဖားကန့် ဒေသခံတစ်ဦး ပြောသည်။

ဦးအုန်းမြင့်သည် ကျောက်စိမ်း လောင်းပန်းများထံမှ ငွေလိုက်ကောက်နေသည်ကို “သူကတော့ မဟုတ်ဘူး။ သူ့လက်အောက်က ဗျူဟာမှူး တွေကို သူဌေးတွေဆီကနေ ကျပ် ၁၀သိန်း၊ ၁၀ သိန်းစီ ကောက်ပြီး အဲပိုက်ဆံနဲ့ပဲ လောင်ပန်း၊ သူဌေး၊ လူထုတွေကို ပြန်စည်းရုံးနေတယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

ရပ်ကွက်ဥက္ကဋ္ဌများအား ဦးအုန်းမြင့်၏ ကိုယ်ရေးအကျဉ်းစာရွက်နှင့် ငွေစက္ကူများ ဝေခိုင်းနေသည်။

ငွေလက်ခံသူ ဒေသခံများသည် ကြံ့ဖွံ့ပါတီမှ ဦးအုန်းမြင့်အား မကြိုက်မနှစ်သက်သော်လည်း မဲထည့်ပေးရတော့မည်ဟု ဒေသခံများ ဝေဖန်ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကဒ်ပြား မှတ်ပုံတင်တစ်ခု လုပ်ရန် ကျပ် ၁ သိန်းခွဲ ကုန်ကျသည်ဟု မှတ်ပုံတင် လုပ်ထားသည့် ဒေသခံတစ်ဦး ပြောသည်။

 

 

 

 

 

 

Most read this week