KIA အား “သောင်းကျန်းသူများ” ဟု စစ်အစိုးရ ပထမဆုံးအကြိမ် တရားဝင် ခေါ်ဆိုလိုက်

KIA အား “သောင်းကျန်းသူများ” ဟု စစ်အစိုးရ ပထမဆုံးအကြိမ် တရားဝင် ခေါ်ဆိုလိုက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုင်းမိ၍ လူနှစ်ဦး သေဆုံးသွားသည်ကို  ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) သောင်းကျန်း သူများ ထောင်ထားသည့် မိုင်းအား နင်းမိခြင်းကြောင့် ဖြစ်သည်ဟု အောက်တိုဘာ ၁၅၊ ယနေ့ ထုတ်ဝေသည့် စစ်အစိုးရပိုင် သတင်းစာ များက စွပ်စွဲ....

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုင်းမိ၍ လူနှစ်ဦး သေဆုံးသွားသည်ကို  ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) သောင်းကျန်း သူများ ထောင်ထားသည့် မိုင်းအား နင်းမိခြင်းကြောင့် ဖြစ်သည်ဟု အောက်တိုဘာ ၁၅၊ ယနေ့ ထုတ်ဝေသည့် စစ်အစိုးရပိုင် သတင်းစာ များက စွပ်စွဲလိုက်သည်။

151010-james-lum-dauKachin Independence Army (KIA) အား “သောင်းကျန်သူများ” ဟု ဖော်ပြ ရေးထားခြင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် စစ်အစိုးရကြား အပစ်ရပ်စဲကာလ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်မှ ပြောသည်။

“ဒါက အရင့်အရင် ကျတော်တို့ အပစ်အခတ် ရပ်စဲခြင်း မလုပ်သေးခင် သူတို့ ပြောနေကြ နာမည် ဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျတော် တို့ နားလည်မှု အများကြီး ပေးပါတယ်။ ဒီစက်တင်ဘာလ ၁ ရက်၊ ပြီးခဲ့တဲ့ ၁ လမှ စပြီးတော့မှ ကျတော်တို့ကို ပြန်ပြီးမှ သူတို့ရဲ့ အသိ အမှတ်ကတော့ မိတ်ဆွေ မဟုတ်ပဲနဲ့ ရန်သူ အသိအမှတ် ပြန်လုပ်လိုက်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်တယ်” ဟု ဂျိမ်းစ်လွမ်းဒေါင် မှ ပြောသည်။

စစ်အစိုးရနှင့် KIO အပစ်အခတ် ရပ်စဲငြိမ်းချမ်းရေး ယူထားခဲ့သည့် ၁၆ နှစ်ကြာကာလတွင် စစ်အစိုးရမှ တရားဝင် “သောင်းကျန်း သူများ” ဟု ပထမဆုံးအကြိမ် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

အခုလို ခေါ်ဆိုလိုက်ခြင်းသည် စစ်စိုးရမှ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားကာ KIA အား နယ်ခြားစောင့်တပ် အသွင် ကူပြောင်းဖို့ရန်၊ အကယ်၍ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းခြင်း မရှိလျှင် အပစ်အခတ်ရပ်စဲ မတိုင်ခင်ကာလတို့ ရောက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပေါ် KIO မှ ငြင်းဆန်လိုက်ခြင်းကြောင့် ဖြစ်သည်။

အောက်တိုဘာ ၁၃ နေ့က ကချင်အထူးဒေသ (၂) နယ်မြေတွေ ဖြစ်ပျက်ခဲ့သည့် မိုင်းပေါက်ကွဲမှုမှာ ဒေသခံနှစ်ဦး သေဆုံးခဲ့ကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုသည် ဆင်ဘိုမြို့အနီးအစိုက် KIA တပ်ရင်း ၅ ထိန်းချုပ်နယ်မြေအထဲတွင် ဖြစ်သော်လည်း KIA အရာရှိများကတော့ ၎င်းတို့၏ မိုင်းဟု အတည်မပြုနိုင်သေးကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု KIO တွဲဖက်အထွေထွေအတွင်းရေးမှူး ဆင်ဝါးမှ ပြောသည်။

နယ်စပ်ရေးရာ စောင့်ကြည့်သူ ဦးအောင်ကျော်ဇောက “ဗုံးပေါက်တဲ့ ကိစ္စတော့ သိပ်မထူးပါဘူး။ သူတို့ အပြိုင်ထောင်ထားတာ ဖြစ်တယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရဘက်က စစ်ရေးပြင်ဆင်မှု ရှိတယ်။ နောက်တော့ ကိုယ့်လူတွေလဲ ကိုယ့်ဒေသကာကွယ်ရေး အတွက်ပေါ့။ အချို့နေရာတွေမှာပေါ့ ထောင်ထားပါတယ်” ဟု ပြောဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်ဖွဲ့ KIA ကို ၁၉၆၁ တွက်ဖွဲ့စည်းပြီး လက်နက်ကိုင် တော်လှန်ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

KIO အနေဖြင့် စစ်အစိုးရအား “ရန်သူအဖြစ် သက်မှတ်ခြင်း မရှိဘဲ မိသားစုတစ်ယောက် နောင်တော်ကြီး အကိုကြီး အနေဖြစ် ဆွေးနွေး သွားရန်သာ ရှိသည်” ဟု ဂျိမ်းစ်လွမ်းဒေါင်မှ ဆက်ပြောသည်။

 

 

 

 

Most read this week