မူးယစ်ဆေးဝါးအား အဓိကရန်သူထား ချေမှုန်းသွားရန် KIO ကြေငြာချက် ထုတ်ပြန်

မူးယစ်ဆေးဝါးအား အဓိကရန်သူထား ချေမှုန်းသွားရန် KIO ကြေငြာချက် ထုတ်ပြန်
by -
လဖိုင်နော်ဒင်း

ကချင်လူမျိုးစုပါမက လူသားမျိုးနွယ်စုတခုလုံး၏ အသက်အန္တရယ်ကိုခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးကို အဓိကရန်သူအဖြစ် ပစ်မှတ်ထား ချေမှုန်းသွားကြရန် စီမံချက်အသစ်တရပ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယခုလဆန်း ၅ ရက်နေ့တွင် ချမှတ်...

ကချင်လူမျိုးစုပါမက လူသားမျိုးနွယ်စုတခုလုံး၏ အသက်အန္တရယ်ကိုခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးကို အဓိကရန်သူအဖြစ် ပစ်မှတ်ထား ချေမှုန်းသွားကြရန် စီမံချက်အသစ်တရပ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယခုလဆန်း ၅ ရက်နေ့တွင် ချမှတ်လိုက်သည်။

 

drug-free-kachin-state1ယခုလို အရေးပေါ် စီမံချက်ချမှတ်လိုက်ခြင်းသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ် ၄ ပတ်အလိုနှင့် တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေသည်။

စီမံချက်အသစ်ချမှတ်ရာတွင် လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံး ထား၍ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီ ရောင်းဝယ် ဖောက်ကား၊ သယ်ဆောင် သူများ နှင့် မူးယစ်ဆေးဝါး သုံးစွဲသူအားလုံးကို ပိတ်ပင်တားမြစ်လိုက်ကြောင်း KIO ကြေငြာချက်တွင် ဖော်ပြ ထားသည်။

မူးယစ်စစ်ဆင်ရေးကို မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း KIO ထိန်းချုပ်ဒေသနှင့် မြန်မာစစ်အစိုးရထိန်းချုပ်ဒေသပါ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးစစ်ပွဲ ဆင်နွှဲသွားမည်ဟု KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ (Drug Eradication Committee-DEC) ပြောခွင့်ရ ဆလန်ကဘါး နော်ဘူ ပြောသည်။

နော်ဘူ က “မူးယစ်ဆေးဝါးဟာ ကချင်လူမျိုး နဲ့ လူသားအားလုံးရဲ့ အဓိကရန်သူ ဖြစ်တဲ့အတွက် သူ့ကို တိုက်ဖျက်သွားဖို့ စီမံချက် အသစ် ချမှတ်ရခြင်းဖြစ်တယ်” ဟုပြောသည်။

ယခုလိုကြေညာချက်သည် KIO အဖွဲ့ဝင်များကိုပါ သတိပေးထားပြီး၊ ထိုသတိပေးချက်များကို လိုက်နာခြင်းမရှိသော မည်သူ့ကိုမဆို စာရင်းပြုစုပြီး ထိရောက်စွာ ဖမ်းဆီးအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် သတိပေးထားသည်။

အဖွဲ့ဝင် ၁၀ ဦးပါ DEC ကော်မတီကို ဦးဆောင်ရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဦးစီးချုပ် (Chief of Staff) ဖြစ်သူ ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင် အား ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကော်မတီက တာဝန်ပေးအပ်ခဲ့သည်။

 

101110-drug-myitkyinaမူးယစ်ဆေးဝါးတိုက်ဖျက်ရေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဒေသခံများသိရှိရန် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်အနီး ကေအိုင်အို မြို့တော် လိုင်ဇာတွင် လူထုရာပေါင်းများစွာကို ရှင်းလင်းပြောပြခဲ့သည်။

ဗိုလ်ချုပ်ဂမ်ရှောင် သည် ၁၉၉၀ သူ ဖါးကန့်အခြေစိုက် KIA တပ်ရင်း ၆ ၏ တပ်ရင်းမှူး ဖြစ်ခဲ့စဉ် ဖါးကန့် ကျောက်စိမ်းမှော်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ပတ်သက်သူများအားလုံးကို ဖမ်းဆီးခဲ့ပြီး အထက်အမိန့်အတိုင်း သေနတ်ဖြင့်ပစ်သတ်သည်အထိ ပြင်းပြင်းထန်ထန်အရေးယူခဲ့သော မှတ်တမ်းရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနီး စစ်အစိုးရအကာအကွယ်ပြုထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ လျှို့ဝှက်ဘိန်းချက်စခန်း အသစ်တစ်ခုကို KIA တပ်မဟာ ၄ က ရှာဖွေတွေ့ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်အစိုးရက KIO ကိုလက်နက်ချရန် ဖိအားပေးခဲ့ပြီးနောက် ၎င်းအဖွဲ့ဝင်များကို စစ်အစိုးရပိုင်နက်များသို့ သွားလာလှုပ်ရှားမှုအားလုံး ပြီးခဲ့သည့်စက်တင်ဘာမှစတင်ကာ ကန့်သတ်ခဲ့သည့် နောက်ဆက်တွဲအရ KIO က ယခုလို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်အသစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု စံချိန်တင်လာခြင်း

၁၉၉၄ နောက်ပိုင်း ကချင်လူငယ်ထုအတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုသည် ကချင်လူမှုပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းများအကြား အဓိက လူမှုရေးပြဿနာဖြစ်လာသည်။ ဘိန်း၊ ဘိန်းဖြူ၊ ရာမ နှင့် အခြားမူးယစ်ဆေးဝါးများ ကချင်ပြည်နယ်အတွင်း ယခင်နှစ်များထက် စံချိန် တင်လောက်အောင် များပြားလာခဲ့သည်။

မူးယစ်ဆေးဝါးအမျိုးမျိုးကို အစိုးရအခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် မြို့ကြီး ကျေးရွာမကျန် ရပ်ကွက်အသီးသီးတွင် လွယ်လင့်တကူ ၀ယ်ယူသုံးဆုံးနိုင်သည့်အဆင့်အထိ ရှိနေသည်။

101110-heroinစုစုပေါင်း ကချင်လူငယ်ထု၏ ၆၀ နှုင့် ၇၀ ရာခိုင်နှုန်းကြားသည် အနည်းဆုံး မူးယစ်ဆေးဝါးနှင့် ဆက်နွယ်နေသည့်  ဆေးဝါး တစ်မျိုးမျိုး သုံးစွဲနေကြပြီး ၎င်းနှင့်ဆက်စပ်၍ မိသားစု၊ လူမှုပတ်ဝန်းကျင် နှင့် အဖွဲ့အစည်းများကြား ပြဿနာများစွာ ပေါ်ပေါက်နေကြောင်း ဆလန် ကဘါးနော်ဘူ ရှင်းပြသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် ပြင်သစ်အခြေစိုက် ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medicine du Monde) MDM က အသုံးပြုပြီး ဆေးထိုးအပ်များ ထည့်သွင်းရန် စာတိုက်ပုံးကဲ့သို့ အထူးပြုလုပ်ထားသော အပေါက်တစ်ခုပါပုံးအား တက္ကသိုလ်ကျား/မ ရေအိမ်တိုင်းတွင်ပြုလုပ်ထား ပေးပုံကို ဓာတ်ပုံနှင့်တကွ ကချင်သတင်းဌာနက ၂၀၀၉ တွင်အစီရင်ခံစာ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားအပါအ၀င် ၀ိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့် တို့တွင် MDM နှင့် ဟော်လန်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ (Artsen Zonder Grenzen) AZG တို့က မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းသူများနှင့် HIV ကူးစက် သူများအတွက် ဆေးထိုးအပ်များအခမဲ့ ပေးဝေခြင်း ပြုလုပ်လျက်ရှိကြောင်း MDM နှင့် AZG ၀န်ထမ်းများမှသိရသည်။

၂၀၀၄ ခုနှစ်တွင် KIO က EEDY (Education and Economy Development for Youth) ထူထောင်ပြီး ကချင်လူငယ်များအား ကချင်သမိုင်း သင်ကြားပေးသည့်အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပြီးတပြိုင်နက် ကချင်လူငယ်များအား မူးယစ်ဆေးဝါးဖြင့် တန်ပြန် တိုက်ခိုက်ခြင်းကို စစ်အစိုးရက ပြုလုပ်ခဲ့သည်ဟု ဆလန်နော်ဘူ ပြောသည်။

၂၀၀၃ နောက်ပိုင်း ကချင်လူငယ်လူဦးရေအများဆုံးရှိရာ မြစ်ကြီးနားမြို့နှင့် မြစ်ကြီးနားတက္ကသိုလ်တွင် ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာမ (မြင်းဆေး) များ လွယ်ကူစွာရရှိလာနိုင်ပြီး လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု တစ်ဟုန်ထိုး တိုးပွားလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားကချင်လူမှုအတိုင်းအ၀ိုင်းက ဆိုပါသည်။

KIO ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသမိုင်း

၁၉၆၁ မှ ၁၉၉၀ ထိ “ဘိန်းကင်းစင်သည့်ပြည်နယ်” (Opium Free State) တစ်ခုအဖြစ် KIO ဥက္ကဌ ဟောင်း မရန်ဘရန်ဆိုင်းက ကမ္ဘာသို့မကြေညာခင်အထိ KIO က ဘိန်းခွန်တရားဝင်ကောက်ခံသည်။ ယင်း ကြေငြာချက် နောက်ပိုင်း ၎င်းတို့ထိန်းချုပ်ရာဒေသ အတွင်း မူးယစ်ဆေးဝါးပိတ်ပင်မှုများကို ကချင်ပြည်နယ် နှင့် ရှမ်းပြည်မြောက်ပိုင်းတ၀န်း ပြုလုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်ကတည်းက KIO သည် မူးယစ်ဆေးဝါးပိတ်ပင်မှုကို စတင်ပြုလုပ်ခဲ့သော်လည်း မြန်မာစစ်အစိုးရ နှင့်ဖြစ်သောပြည်တွင်း စစ်ကို ပိုပြီးအားစိုက်နေခဲ့ရသဖြင့် စီမံကိန်းအကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သိရသည်။

တဖန် ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် KIO သည် မူးယစ်ဆေးဝါးပပျောက်ရေးဥပဒေ ချမှတ်ခဲ့သည်။ ထိုဥပဒေအရ ဘိန်းခွန် ကောက်ခံမှု ရပ်တန့်ပြီး ကချင်ပြည်တွင်မူးယစ်ဆေးဝါး ပပျောက်ရန်လုပ်ဆောင်နေသည်မှာ ယခု အချိန်ထိဖြစ်သည်။ သို့သော် ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးယူပြီးနောက် ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကို အာရုံစိုက်နေခဲ့ရသောကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် အခက်အခဲနှင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ပြီး ဘိန်းစစ်ဆင်ရေး အားနည်းခဲ့ရကြောင်း KIO အရာရှိများ ၀န်ခံပြောဆိုသည်။

ထို့အပြင် ၂၀၀၂-၂၀၀၄ ခုနှစ်တွင် ၀ိုင်းမော်မြို့နယ်အတွင်း ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ်အနီးတွင် ဘိန်းခင်းများ ဖျက်ဆီးခြင်းကို စစ်အစိုးရနှင့် လက်တွဲ၍ ပူးပေါင်းလုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

(1)Image: No caption

(2) Image: မြစ်ကြီးနားတက္ကသိုလ် အိမ်သာတခု နံရံတွင် ကပ်ထားသော MDM (ကမ္ဘာ့ဆရာဝန်များအဖွဲ့) မှ အထူးပြုလုပ်ပေးတဲ့ အသုံမြစ်ကြီးနားတက္ကသိုလ် အိမ်သာတခု နံရံတွင် အခုလိုကပ်ထားသော MDM (ပြင်သစ်အခြေစိုက် ကမ္ဘာ့ဆရာဝန်များအဖွဲ့) မှ အထူးစီစဉ်ပေးတဲ့ အသုံးပြုပြီးသော မူးယစ်ဆေးဝါး ဆေးထိုးအပ်များထည့်ရန်ပုံး။ ဓါတ်ပုံ - ကချင်သတင်းဌာနးပြုပြီးသော မူးယစ်ဆေးဝါး ဆေးထိုးအပ်ထည့်ရန်ပုံး။ ဓာတ်ပုံ - ကချင်သတင်းဌာန

(3) Image: စက်တင်ဘာ ၁၉ နေ့က KIA တပ်မဟာ ၄ မှ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနီးရှိ မြန်မာစစ်အစိုးရ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များပိုင် ဘိန်းဖြူထုတ်လုပ်ရေးစခန်းတခုကို ရှာတွေ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ - KIO

 

 

 

 

 

 

Most read this week