NDF ပါတီ၏ လူထုမဲဆွယ်စည်းရုံးခြင်း ကချင်ပြည်နယ်တွင် ဟန့်တား

NDF ပါတီ၏ လူထုမဲဆွယ်စည်းရုံးခြင်း ကချင်ပြည်နယ်တွင် ဟန့်တား

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ လူထုမဲဆွယ်စည်းရုံးခြင်းကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ဟန့်တားနေ.....

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ လူထုမဲဆွယ်စည်းရုံးခြင်းကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ဟန့်တားနေကြောင်း သိရသည်။

101210-ndf-kachinလာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွက် NDF မှ မြစ်ကြီးနားမြို့ ရပ်ကွက်များတွင် လူထုမဲဆွယ်စည်းရုံးခြင်းအား ပိတ်ပင် ကြောင်း တပ်ကုန်းဥက္ကဌ၏ ခံဝန်ကတိပြုချက် တစ်ခုတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ “ရွေးကောက်ပွဲမဲဆွယ် စည်းရုံးခြင်းဆိုင်ရာ” သတိပေးကြေငြာချက် ၉၁/၂၀၁၀ နှင့် ကိုက်ညီခြင်း မရှိသောကြောင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ညွန်ကြားချက်အတိုင်း ထိုရပ်ကွက်များတွင် NDF မှ လူထု စည်းရုံးခြင်း မပြုရန် ပိတ်ပင်ကြောင်း ထိုစာမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ တရားဝင် အကြောင်းကြားမှု မရကြောင်း မြစ်ကြီးနား NDF ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမာခါးက ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ယနေ့ ပြောသည်။

သို့သော် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က သူ့အား ဆင့်ခေါ်ထားသည်မှာ ၃ ရက်ကြာပြီ ဖြစ်သော်လည်း မတွေ့ဆုံနိုင်သေးကြောင်း နှင့် အကြောင်းစုံအား ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပြီးမှ သိရမည် ဖြစ်ကြောင်း သူဆက်ပြောသည်။

တစ်ချိန်ထဲတွင် ဒူကထောင်ရပ်ကွက် သူ့နေအိမ်သို့ ရပ်ကွက်အတွင်းရေးမှူးနှင့်အဖွဲ့ လာရောက်သတိပေးခဲ့ကြောင်း ဦးမာခါးက  “စည်းရုံရေး မဆင်းနဲ့လို့ အိမ်ကို လာပြောတယ်။ ရပ်ကွက်အထိ ထိခိုက်လာမယ် ဒါကြောင့် စည်းရုံးရေး မဆင်းခိုင်းနဲ့ သဲသဲမဲမဲ လာပြောနေတယ် ငါတော့ မရှိဘူး” ဟု ပြောသည်။

စစ်အစိုးရ ကြံ့ဖွံ့ပါတီအား NDF ပါတီက အတိုက်အခံ ပြုခြင်းနှင့် ပါတီမှ တနင်္သာရီတိုင်း၊ မြိတ်အမတ်လောင်း ဦးဌေးမြင့် ဦးစီးသည့် ယုဇန ကုမ္ပဏီအား မြေသိမ်းမှုဖြင့် ကချင်ပြည်နယ် ဟူးကောင်းလယ်သမားများဘက်မှ NDF ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာ အရေးဆို ပေးနေခြင်းကြောင့် စည်းရုံးခွင့် ပိတ်ပင်ရခြင်း ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အသိုင်းအ၀ိုင်းမှ သိရသည်။

 

 

 

 

 

Most read this week