ကေအိုင်အို လက်နက်ချရန် ပထမဆုံး မြန်မာစစ်အစိုးရ ညွှန်ကြား

ကေအိုင်အို လက်နက်ချရန် ပထမဆုံး မြန်မာစစ်အစိုးရ ညွှန်ကြား

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ”၀” တပ်ဖွဲ့ပြီးနောက် အင်အားအကြီးဆုံး ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် ”လက်နက်ချရန်” ပထမဆုံး မြန်မာစစ်အစိုး၏ ညွှန်ကြား....

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ”၀” တပ်ဖွဲ့ပြီးနောက် အင်အားအကြီးဆုံး ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် ”လက်နက်ချရန်” ပထမဆုံး မြန်မာစစ်အစိုး၏ ညွှန်ကြားခြင်းခံရသည်။

သြဂုတ်လ (၂၂)၊ တနင်္ဂနွေနေ့၊ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားတွင် နှစ်ဖက်အရာရှိများတွေ့ဆုံစဉ် “KIO အဖွဲ့ လက်နက်ချရန်” မြန်မာစစ်အစိုးရက စာဖြင့် တရားဝင်ညွှန်ကြား လာခြင်းဖြစ်ကြောင်း KIO မှ သိရသည်။

(၁၆) နှစ်ကြာ KIO နှင့် မြန်မာစစ်အစိုးရအကြား အပစ်အခတ်ရပ်ဆိုင်းပြီးနောက် KIO အား လက်နက်ချရန် ဖိအားပေးခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။
1025-kio-48
ဤကိစ္စပေါ် သြဂုတ်လ (၂၇)၊ ယခုပတ် သောကြာနေ့မှ စတင် ကျင်းပမည့် KIO အဖွဲ့ဝင်များ၏ ပါတီ ကွန်ကရက်တွင် “KIO  လက်နက်ချရေး မ ချ ရေး နှင့် ရှေ့နိုင်ငံရေးလမ်းစဉ်” ကို ဆွေးနွေး ဆုံးဖြတ်သွားရန် ရှိကြောင်း အဖွဲ့ ဒု-ထွေထွေ အတွင်းရေးမှူး ဆလန်ကဘာ ဝေါ့ခရုန်း ဆင်ဝါးက ကချင် သတင်းဌာနသို့ ပြောကြားခဲ့ပြီးဖြစ်သည်။

ခါတိုင်းလိုပဲ တွေ့ဆုံပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်ဝင်းရှိ မလိခရိပ်သာတွင် ပြုလုပ်ရာ KIO အရာရှိ (၅) ဦး နှင့် မြန်မာစစ်အစိုးရ အရာရှိ (၄) ဦး တို့တက်ရောက်ခဲ့သည်။

KIO အရာရှိများတွင် ဥက္ကဌ လညှော် ဇောင်းဟရား၊ ဒု-ဥက္ကဌ အဆင့် (၁) ဒု-ဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ လက်ထောက် KIA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂွန်မော် တို့ တက်ရောက်ခဲ့သည်။

စစ်အစိုးရ ဘက်မှ မပခ တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ ယခင် မပခ တိုင်းမှူး ဦးအုန်းမြင့်၊ စစ်ဖက်ရေးရာရေးဌာန (စရဖ) အကြီးအကဲ ဦးရဲမြင့် နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့ ပါဝင်ခဲ့သည်။

KIO သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်ကို သောကြာနေ့မှ စတင်မည့် ကွန်ကရက်အစည်းအဝေးတွင် အရေးပါ သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း မပြုလုပ်မီ ယခုလို မြန်မာစစ်အစိုးရနှင့် တွေ့ဆုံခြင်းဖြစ်သည်။

အစောပိုင်းကလည်း ကချင်အရပ်ဖက်ခေါင်းဆောင်များနှင့် ဌာနချုပ်လိုင်ဇာတွင် သြဂုတ် ၁၄-၁၆ အထိ တွေ့ဆုံ ခဲ့ပြီး ရှေ့ KIO နှင့် ကချင်နိုင်ငံရေး အပြောင်းအလဲကိစ္စပေါ် အကြံပြုချက်များ ရယူခဲ့ပြီးဖြစ်သည်။

ကေအိုင်အို ”လက်နက်ချမလား သို့မဟုတ် စစ်ပြန်တိုက်မလား” ဆိုသည့် မေးခွန်းကို အဖွဲ့တော်လှန်ရေးသမိုင်း ၄၉ နှစ်မှာ ပထမဆုံးကျင်းပသည့် ကွန်ကရက်အစည်းအဝေးတွင် ပြတ်ပြတ်သားသား အဖြေပေးရတော့မည်ဖြစ် သည်။

 

 

 

 

Most read this week