ကေအိုင်အို ၏ ရှေ့နိုင်ငံရေးကိစ္စ လူထုကိုယ်စားလှယ်များနှင့် ဆွေးနွေး

ကေအိုင်အို ၏ ရှေ့နိုင်ငံရေးကိစ္စ လူထုကိုယ်စားလှယ်များနှင့် ဆွေးနွေး

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်နှင့် ပတ်သက်၍ လူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ အကြံဉာဏ်ဖလှယ် စည်းဝေးပွဲတစ်ရပ် ကျင်းပ....

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်နှင့် ပတ်သက်၍ လူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ အကြံဉာဏ်ဖလှယ် စည်းဝေးပွဲတစ်ရပ် ကျင်းပနေသည်။

အစည်းအဝေးကို ကချင်ပြည်နယ် အရှေ့ဘက် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်တွင် သြဂုတ် ၁၄ ရက်နေ့မှ ယနေ့ထိကျင်းပရာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှ ဖိတ်ခေါ်ထားသော လူထု ကိုယ်စားလှယ်များ တက်ရောက်ကြောင်း ကေအိုင်အို ဒု-အထွေထွေအတွင်းရေးမှုး ဆင်ဝါး ပြောသည်။

“ကေအိုင်အိုက အသွင်ကူးပြောင်းရေးကိစ္စနှင့်ပတ်သက်ပြီး ရှေ့ဆက်သွားမယ့် လမ်းကြောင်းနဲ့ပတ်သက်ပြီးမှ ကျွန်တော်တို့ ကချင်လူထုရဲ့သဘောထားကိုသိရှိရအောင်လို့ လူကြီးမိဘတွေကို ခေါ်ယူပြီးမှ ဆွေးနွေးတိုင်ပင်တဲ့ စည်းဝေးပါ” ဟု ပြောသည်။

ကေအိုင်အိုသည် မြန်မာစစ်အစိုးရ တင်ပြသည့် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ငြင်းဆိုကာ နှစ်ဖက်ကြားရှိ နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းပြီးမှ စစ်တပ်အပြောင်းအလဲကိစ္စ ဆွေးနွေး လိုကြောင်းကို တင်ပြထားပါသည်။
081610-waw-hkyung-sin-wa
ထိုကြောင့် ယခုစည်းဝေးတွင် “အသွင်ကူးပြောင်းရေးဆိုတဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လိုလုပ်သွားရင် ကောင်းမလဲ ဆိုတဲ့အခြေခံပေါ်မူတည်ပြီးမှ လူထုဆန္ဒကို ပြန်လည် ရယူခြင်းဖြစ်ပါတယ်” ဟု ဒု-အထွေအထွေ တွင်းရေးမှုးမှ ဆက်ပြောသည်။

ဆွေးနွေးပွဲတွင် ကေအိုင်အို ဘက်မှ ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ ကချင်အမျိုးသားများအတိုင်ပင်ခံ အဖွဲ့ မှ ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် နယ် အရပ်ရပ်မှ လူထုကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။

ယင်း အစည်းဝေးရလဒ်ကို အခြေခံပြီး သြဂုတ်လကုန်ပိုင်းတွင်ကျင်းပမည့် “ကေအိုင်အို ပါတီညီလာခံကြီး” တွင် ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

Most read this week