လိုင်ဇာတွင် ကချင်အာဇာနည်နေ့ ကျင်းပ

လိုင်ဇာတွင် ကချင်အာဇာနည်နေ့ ကျင်းပ

၃၅ နှစ်မြောက် ကချင်အာဇာနည်နေ့ (Share Shagan Nhtoi) အခမ်းအနားများကို အေအိုင်အို ထိန်းချုပ်နယ်မြေ၊ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ မနောဝင်းတွင် သြဂုတ် ၁ဝရက်နေ့ ...

၃၅ နှစ်မြောက် ကချင်အာဇာနည်နေ့ (Share Shagan Nhtoi) အခမ်းအနားများကို အေအိုင်အို ထိန်းချုပ်နယ်မြေ၊ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ မနောဝင်းတွင် သြဂုတ် ၁ဝရက်နေ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့သည်။

081010-lahtaw-zau-seng“နိုင်ငံတော်အလံကို အလေးပြုတယ်၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုတယ်၊ အာဇာနည်ဖြစ်ပေါ်လာတာကို ရှင်းပြခဲ့တယ်” ဟု တက်ရောက်ခဲ့သူ တစ်ဦး ပြောပြသည်။
ကချင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ နှင့် ကျင်းပရခြင်းအကြောင်းရင်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အရပ်ဖက်အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါ ဒွဲပီဆာ က ရှင်းပြခဲ့ကြောင်း သိရသည်။

ယင်း အခန်းအနားသို့ လိုင်ဇာရှိ ဌာနပေါင်းစုံမှ ကေအိုင်အို အဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူလူထုများ နာမည်ထည့်သွင်းထားသည့် စာရင်းအရ စုစုပေါင်း ၁ဝဝဝ ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

အစောပိုင်း မနက် ရနာရီကလည်း အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာအထက် Alen Bum စစ်ဌာနချုပ်တွင် ကေအိုင်အို ခေါင်းဆောင်များ နှင့် ၎င်း၏ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) များ သီးသန့် ကျင်းပခဲ့ပါသည်။

ကချင်အာဇာနည်နေ့ကို အေအိုင်အို၏ ပထမဆုံး ခေါင်းဆောင် လထော်ဇော်ဆိုင်း ကျဆုံးခဲ့သည့် ၁၉၇၅ ခုနှစ် သြဂုတ် ၁ဝ ရက်နေ့ကို သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းနေ့တွင် ကျဆုံးခဲ့သည့် ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင် အားလုံးကို အလေးပြု၊ ဂါရဝပြုခြင်းဖြစ်သည်။

၂ဝဝ၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ကေအိုင်အို အောက် ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ၏ ဆုံးဖြတ်ချက်အရ သြဂုတ်လ ၁ဝရက်နေ့ကို  “ကချင်အမျိုးသားအာဇာနည်နေ့” အဖြစ် သက်မှတ်ခဲ့သည်။

ထို့နောက် ၂ဝဝ၅ ခုနှစ်မှစ၍ နှစ်စဉ် ကချင် အာဇာနည်နေ့ကို ကချင်ပြည်နယ် နှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း အဓိက ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် ကျင်းပပါသည်။

Most read this week