ကချင်ပါတီ UDPKS ပါတီရုံးချုပ် ဖွင့်ပွဲပြုလုပ်

ကချင်ပါတီ UDPKS ပါတီရုံးချုပ် ဖွင့်ပွဲပြုလုပ်

စည်းလုံးညီညွတ်ရေးနှင ့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) UDPKS ပါတီသည် ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင် ချပေးပြီးနောက် သြဂုတ် ရ ရက် စနေနေ့တွင် ပါတီရုံးချုပ် ဖွင့်ပွဲလုပ်ကာ ဆိုင်းဘုတ်ထောင်....

စည်းလုံးညီညွတ်ရေးနှင ့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) UDPKS ပါတီသည် ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင် ချပေးပြီးနောက် သြဂုတ် ရ ရက် စနေနေ့တွင် ပါတီရုံးချုပ် ဖွင့်ပွဲလုပ်ကာ ဆိုင်းဘုတ်ထောင် ခဲ့သည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ အမှတ် (၃၁၄/၃၁၅) တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (Myitkyina Christian Council, MCC) မှ ဦးဆောင်ကာ ပါတီရုံးချုပ်ဖွင့်လှစ် ဆုတောင်းခဲ့ခြင်းဖြစ်သည်။

“ပါတီဖွံဖြိုးတိုးတက်လာပါစေလို့ ဆုတောင်းခြင်းဖြစ်တယ်” ဟု ပါတီအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

ဆုတောင်းပွဲ တက်ရောက်သူများတွင် ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည)၊ ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) တို့မှ အရာရှိများ နှင့် စစ်အစိုးရသတ်မှတ်ထားသော ဒေသခံ မြို့မိမြို့ဖ များလည်း ပါဝင်ခဲ့ကြသည်။

နိုင်ငံရေးမှတ်ပုံတင်နံပါတ် (၄၀) ဖြစ်သည့် Unity and Democracy Party of Kachin State (UDPKS) ပါတီသည် ပါတီမှတ်ပုံတင်ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် (၂၃) ရက်နေ့တွင် လျှောက်ထားခဲ့ရာ  သြဂုတ် (၂)ရက်နေ့တွင် ရရှိခဲ့သည်။

UDPKS ပါတီဆိုင်းဘုတ်ထောင်ပြီး နောက်တစ်နေ့  သြဂုတ် (၈)ရက်၊ (၈) လေးလုံး ကျောင်းသားသပိတ် ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် စစ်အစိုးရပါတီ USDP (ကချင်ပြည်နယ်) သည် ဒေသခံ မြို့မိမြို့ဖများနှင့် ကချင်ခရစ်ယာန် ဓမ္မဆရာများကို ဖိတ်ခေါ်ပြီး "ပါတီအတွက်အထူးဆုတောင်းပွဲ" ကို မြစ်ကြီးနားမြို့ ပါတီရုံးတွင် ပြုလုပ်ခဲ့သည်။

ကချင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ MCC မှ ဦးဆောင်ပြီး ဆုတောင်းပွဲအစီစဉ်ပြုလုပ်ခဲ့ရာ “နိုင်ငံတော် ငြိမ်းချမ်းဖို့ အဓိကထား ဆုတောင်းခဲ့ကြောင်း” ၎င်း အစီအစဉ် တက်ရောက်သူတစ်ဦး ပြောသည်။

 

 

 

 

Most read this week