ကချင်ပြည်သူ့စစ် ခေါင်းဆောင်နှစ်ဦး ဆင့်ခေါ်ထားခြင်းကိစ္စ နောက်လိုက်များ စိုးရိမ်

ကချင်ပြည်သူ့စစ် ခေါင်းဆောင်နှစ်ဦး ဆင့်ခေါ်ထားခြင်းကိစ္စ နောက်လိုက်များ စိုးရိမ်

နေပြည်တော်သို့  ဆင့်ခေါ်ချက်အရ သွားရောက်သော ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်သူ့စစ် ခေါင်းဆောင် နှစ်ဦးပေါ် ၎င်းတို့၏ မိသားစုဝင်များနှင့် နောက်လိုက်များ စိုးရိမ်....

နေပြည်တော်သို့  ဆင့်ခေါ်ချက်အရ သွားရောက်သော ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်သူ့စစ် ခေါင်းဆောင် နှစ်ဦးပေါ် ၎င်းတို့၏ မိသားစုဝင်များနှင့် နောက်လိုက်များ စိုးရိမ်ပူပန်နေကြသည်။

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင် ဦးခွန်မြတ်နှင့် ဖောင်းဆိုင်ပြည်သူ့စစ် ခေါင်းဆောင် ဦးလော်ယောင်း တို့်နှစ်ဦး ထွက်ခွာခဲ့သည်မှာ တစ်လနီးပါး ကြာသွားပြီး ပြန် မရောက်လာသည့် အပြင် အဆက်အသွယ်လည်း ပြတ်တောက်သွားခြင်းဖြစ်သည်။

ဦးခွန်မြတ်၌ ကွတ်ခိုင်နာမည်ခံ နောက်လိုက်ပြည်သူ့စစ်အင်အား ၁၀၀၀ ကျော်ရှိပြီး ဦးလော်ယောင်းမှာ နောက်လိုက် အင်အား ၄၀၀ ကျော်ဖြင့် ဖောင်းဆိုင်တွင် ခြေစိုက်ထားသည်။

ဦးလော်ယောင်းနှင့် ဦးခွန်မြတ်တို့သည် ကချင်ဓလေ့အရ “သားအဖ” တော်စပ်ကြပြီး နှစ်ဖွဲ့လုံးသည် မြန်မာစစ် အစိုးရသစ္စာခံများ ဖြစ်ကြသည်။

ခေါင်းဆောင်နှစ်ဦးအား လားရှိုးအခြေစိုက် ရှမ်းပြည်နယ်အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှှူး၊ ဗိုလ်ချုပ်အောင်သန်းထွဋ်မှတဆင့် ဇူလိုင်လ လယ်ပိုင်းတွင် ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု နောက်လိုက်များ ပြောသည်။

“သူတို့ကို အကြောင်းရင်းအမျိုးမျိုးကြောင့် နေပြည်တော်သို့ ဆင့်ခေါ်ပြီးတော့ နေအိမ်အကျယ်ချုပ်သဘော ပြုလုပ်ထားတာလည်း ဖြစ်နိုင်တယ်” ဟု နောက်လိုက်များ စိုးရိမ်မှုနှင့် ခန့်မှန်းပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍အကျွမ်းဝင်သူ မုန်ကိုးဒေသခံလူကြီးတစ်ဦးက “လွယ်ကန်အခြေစိုက် ကေအိုင်အေ တပ်မ (၄) ကို ပြည်သူ့စစ်အသွင်ပြောင်းဖို့ ဖိအားပေးတိုက်တွန်းခိုင်းတာ တုံ့ဆိုင်းနေတဲ့အတွက်ရယ်၊ လာမယ့် ရွေးကောက်ပွဲ အတွက် ဖောင်းဆိုင်နဲ့ မုန်ကိုးဒေသခံတွေကို စည်းရုံးခိုင်းပေမယ့် အခု အဲဒီဒေသနှစ်ခုလုံးက မြန်မာစစ် အစိုးရကို ပို ပိုပြီး မနှစ်သက်လာတာကြောင့်ရယ် သူတို့နှစ်ယောက်ကို နေပြည်တော်ခေါ်တွေ့တာ ဖြစ်နိုင်တယ်” ဟု သူ့အမြင်သုံးသပ်ပြောဆိုသည်။

naypyitaw

ရှမ်းပြည်အခြေစိုက် ကချင်ပြည်သူ့စစ်တပ်အဖွဲ့တွင်း အင်အားကြီးသောအဖွဲ့ဖြစ်သည့် ဦးခွန်မြတ်နှင့် ဦးလော််ယောင်း အဖွဲ့နှစ််ဖွဲ့သည် ယခင်က မြန်မာစစ် အစိုးရနှင့်ပူးပေါင်းပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်း ကချင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေ ကို ခုခံတိုက်ခိုက်ခဲ့သည်။

ယခုလို မြန်မာစစ်အစိုးရမှ ခေါင်းဆောင်နှစ်ဦးအားဆင့်ခေါ်ခြင်းသည် မည်သည့်ကိစ္စနှင့် စပ်လျဉ်းနေကြောင်း တိတိကျကျမသိရသော်လည်း နောက်လိုက်များနှင့် မိသားစုဆွေမျိုးများက ဖြစ်နိုင်သည့်အကြောင်းအမျိုးမျိုးကို သုံးသပ်ကာ စိုးရိမ်ပူပန်လျက် ရှိနေကြသည်။

 

 

 

 

Most read this week