စစ်အစိုးရနှင့် KNLA တိုက်ပွဲ စစ်အစိုးရဖက်က အရာရှိအပါအဝင် ၉ ဦးသေ

စစ်အစိုးရနှင့် KNLA တိုက်ပွဲ စစ်အစိုးရဖက်က အရာရှိအပါအဝင် ၉ ဦးသေ
by -
ဇော်ကြီး

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNLA နှင့် မြန်မာစစ်အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရဖက်မှ အရာရှိအပါအဝင် ၉ ဦးသေ...

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNLA နှင့် မြန်မာစစ်အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရဖက်မှ အရာရှိအပါအဝင် ၉ ဦးသေပြီး (၁၀)ကျော်ဒဏ်ရာရရှိသည်ဟု KNU ကပြော သည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ် အတွင်းရှိ KNLA တပ်မဟာ(၇) ထိန်းချုပ် နယ်မြေ၌ ယမန်နေ့ မွန်းတည့်ချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ခရိုင်ဥက္ကဌ ဖဒိုစောအောင်မော်အေးက ယခုလိုပြောသည်။

“တိုက်ပွဲမှာတော့ နအဖ စစ်တပ်က (၈)ယောက်ကျသွားတယ်။ ၁၄ ယောက်ဒဏ်ရာရ တယ်။ မနေ့က ညကတော့ ဒဏ်ရာရတဲ့ထဲက တစ်ယောက်ထပ်သေသွားတယ်ဆိုတော့ အားလုံး ပေါင်း (၉)ယောက် လောက် ကျသွားတာပေ့ါနော်။ ကျသွားတဲ့ကိုးယောက်ထဲမှာတော့ ဒု-ရင်းမှူးတစ်ယောက်တော့ ပါသွား တာပေ့ါ။ ခမရ(၆၂)က ဒုရင်းမှူး ဗိုလ်မှူး ထွန်းမင်းကျူ ဆိုတာပေ့ါ။”

စစ်အစိုးရ၏ စကခ(၁၉) လက်အောက်ခံတပ်ရင်း ခမရ(၆၂)မှ အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းအား KNLA တပ်မဟာ(၇) လက်အောက်ခံတပ်ဖွဲ့ဝင်အင်အား ၁၅ ယောက်ခန့်က ပျောက်ကြားပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွား ချိန် နာရီဝက်ခန့်ကြာခဲ့သည်။

ယင်းတိုက်ပွဲမှာ ဒေါနတောင်ခြေအရှေ့ဖက်ခြမ်းရှိ မယ်ကဲဂွင်အတွင်းဖြစ်ပွားခဲ့ပြီး KNLA ဖက်မှ ထိခိုက်ကျဆုံး မှုမရှိသလို သိမ်းဆည်းရမိသည့် ပစ္စည်းလည်း မရှိကြောင်းသိရသည်။

စစ်အစိုးရတပ်ဖွဲ့များအနေနှင့် ယင်းတိုက်ပွဲကြောင့် ပတ်ဝန်းကျင်ကျေးရွာများအား တစ်စုံတစ်ရာပြုလုပ်မှု မရှိသေး သော်လည်း နောက်ပိုင်းတွင် မည်သို့ဖြစ်ပေါ်လာမည်ကို ခန့်မှန်းရခက်သည်ဟု စောအောင်မော်အေးက ဆက် ပြောသည်။

တချိန်တည်းတွင် DKBA ကိုးသုံးလုံးတပ်ဖွဲ့ဝင်များ KNU တပ်မဟာ(၆) နယ်မြေသို့ ယမန်နေ့က လာရောက် ပူး ပေါင်းခဲ့သည်ဟု တပ်မဟာ(၆)မှ ဗိုလ်ကြီးစောထွဲနေက ပြောသည်။

လာရောက်ပူးပေါင်းရသည့် အကြောင်းနှင့်ပတ်သက်၍ “အနေဆင်းရဲ၊ အစားအသောက် ဆင်းရဲ အားလုံး ပေ့ါလေ၊ အဲတာကတစ်ခု နောက်တစ်ခုကတော့ သူတို့ကြားတာက DKBA တပ်မဟာ ကိုးသုံးလုံး အဖွဲ့က ဒီဗိုလ်မှူး စောလားပွယ် အဖွဲ့ကို လာပြီးတိုက်မယ်။ လာတိုက်မယ်ဆိုတော့ အချင်းချင်း လက် နက်ကိုင်ပဋိပက္ခတွေ သူတို့ကရင်မဆိုင်လိုဘူး။ အဲတာကြောင့်မို့လို့ KNU နဲ့ လာပြီးတော့ ပူးပေါင်း လိုက်တယ်။” ဟု ပူးပေါင်းလာသူ များက ပြောကြောင်း ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် ဂျူလိုင်လ(၃၁)ရက်နေ့က စစ်အစိုးရတပ်မှ အရပ်သားလယ်ထွန်စက် အားချောဆွဲပြီး သယ်ယူ ခိုင်းခဲ့သည့် စစ်လက်နက်ပစ္စည်းများအား KNUတပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း(၁၇)က သိမ်းဆီးရမိခဲ့ပြီး မသယ်နိုင်သည့် စစ်လက်နက်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆက်ပြောသည်။

“လေယာဉ်ပစ်တဲ့ စက်သေနတ်အကြီး အော်လီဂန်းက တစ်လက်၊ သူရစက်အကြီး အထိုင် စက်အကြီး တစ်လုံး၊ ပြီးလို့ရှိရင် အိတ်တီဝမ်း ၈၁ မမကျည်က (၈)လုံး အဲတာ မီးရှို့ဖျက်ဆီးလိုက်တယ်။”

၎င်းပစ္စည်းများမှာ စစ်အစိုးရ၏ ခမရ(၄၀၁) တပ်ရင်းမှ ပစ္စည်းများဖြစ်ပြီး စစ်အသုံးအဆောင်ပစ္စည်းများ၊ နင်း မိုင်းနှင့် လက်နက်ကြီး ပစ်ခတ်ရာတွင်သုံးသည့် ပို့ယမ်းများနှင့် ဆေးဝါးအချို့တို့အား သိမ်းယူခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA ကိုးသုံးလုံး တပ်ဖွဲ့ အများစုက စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံခဲ့သော်လည်း ဗိုလ်မှူးစောလားပွယ် ဦး ဆောင်သည့် တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်းများက ငြင်းဆိုနေမှုအပေါ် စစ်အစိုးရမှ စစ်ရေးအရ လှုပ်ရှား မှုများရှိနေခဲ့သည်။

အကယ်၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသည့် ဗိုလ်မှူးစောလားပွယ်အဖွဲ့အား စစ်အစိုးရက တိုက် ခိုက်လာပါက KNU မှ ကူညီတိုက်ခိုက်သွားမည်ဟု သိရသည်။

Most read this week