DKBA ကိုးသုံးလုံးတပ်ရင်းက စစ်အစိုးရထံ လက်နက်အပ်နှံ

DKBA ကိုးသုံးလုံးတပ်ရင်းက စစ်အစိုးရထံ လက်နက်အပ်နှံ
by -
အားမီ

စစ်အစိုးရနှင့်အပစ်ခတ်ရပ်စဲထားသည့် တိုးတက်သောကရင်ဗုဒ္ဒဘာသာတပ်မတော် (DKBA) ကိုးသုံးလုံး တပ် ရင်းက စစ်အစိုးရထံ လက်နက်များအပ်နှံ....

စစ်အစိုးရနှင့်အပစ်ခတ်ရပ်စဲထားသည့် တိုးတက်သောကရင်ဗုဒ္ဒဘာသာတပ်မတော် (DKBA) ကိုးသုံးလုံး တပ် ရင်းက စစ်အစိုးရထံ လက်နက်များအပ်နှံလိုက်ကြောင်း သတင်း ရရှိသည်။

ယမန်နေ့နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က DKBA အရာရှိများအပါအဝင် ရဲဘော်အချို့လိုက်ပါ၍ ကိုးသုံးလုံး ဌာနချုပ်အခြေစိုက်ရာ ရွှေကုက္ကူဖက်သို့ ကား(၇)စီးဖြင့် လက်နက်များ အပ်နှံရန်ထွက်သွားသည်ဟု DKBA တပ် ဖွဲ့ဝင်များနှင့်နီးစပ်သူ အမည်မဖော်လိုသော မြဝတီမြို့ခံတစ်ဦးက ယခုလိုပြောသည်။

"လက်နက်အပ်တာလေ၊ အစိုးရက သူတို့မှာလက်ရှိ် လက်နက်ဘယ်နှစ်လက်ရှိလဲ၊ သူတို့ တပ်ရင်းမှာရှိ တဲ့ လက်နက်တွေ အကုန်လုံးအပ်ပေးရမယ်။ အပ်ပေးပြီးတာနဲ့ သူတို့က ပြန်ထုတ်ပေးမှာ။"

ယခုလက်နက်အပ်နှံမှုမှာ မြဝတီ ကော့ကရိတ်ဒေသအတွင်းရှိ DKBA ကိုးသုံးလုံးတပ်ရင်း တစ်ရင်းတည်းကဖြစ်ပြီး ကျန်တပ်ရင်းများအနေနှင့် လာမည့် ရက်အနည်းငယ်အတွင်း အပ်နှံရမည်ဟု ၎င်းကဆက်ပြောသည်။

သို့သော် DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူး စောလားပွယ်ခေါ် ဗိုလ်နုတ်ခမ်းမွေး ဦးဆောင်သည့် တပ် ဖွဲ့ဝင်များအနေနှင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆိုထားဆဲဖြစ်သည်ဟု သတင်းရရှိသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက DKBA တပ်ဖွဲ့များအနေနှင့် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်ခံသ ဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကိုးသုံးလုံးတပ်ဖွဲ့မှ ယခုလို လက်နက်အပ်နှံခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ကိုးသုံးလုံးတပ်ဖွဲ့ဝင်များအား ယမန်နေ့က ဒေသခံ စစ်ဖက်ရေးရာလုံခြံုရေး အရာရှိမှ အစည်းဝေးခေါ်ပြောဆိုခဲ့ပြီး လက်နက်အပ်နှံခိုင်းခြင်း မဟုတ်ဟု DKBA မှ အမည်မဖော်လိုသည့် အရာ ရှိတစ်ဦးက ယခုလိုပြောသည်။

"မနေ့က စရဖ အစည်းအဝေးမှာပြောတာ။ လက်နက်တွေကို မကိုင်နဲ့တော့မဟုတ်ဘူး။ ကိုင်။ ဒါပေမယ့် တပ်ရင်းဆိုတပ်ရင်း၊ တပ်ခွဲဆိုတပ်ခွဲ၊ ဂိတ်ဆိုဂိတ်၊ တပ်စုဆိုတပ်စု အဲ့ဒီနေရာ တွေမှာထား။ လက်နက်တွေကို စည်းမဲ့ကမ်းမဲ့ မြို့ထဲမှာသွားလာရင်းနဲ့ ကိုင်ဆောင်ခွင့် မပေးတော့ဘူးတဲ့။ အဲ့ဒါ ငြိမ်းချမ်း ရေးရော၊ DKBA ရော အကုန်လုံးပဲ။"

အပစ်ရပ်အဖွဲ့များအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ပါက စစ်အစိုးရ တပ်၏ ဖွဲ့စည်းပုံအတိုင်း ပြန်လည်ဖွဲ့စည်း ရ သောကြောင့် လက်နက်များယခုလို အပ်နှံရခြင်းဖြစ်သည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU) မှ အမည် မဖော်လိုသည့် အရာရှိတစ်ဦးက ယခုလို ပြောသည်။

“အဲတာတော့ ထုံးးစံပဲ။ သူတို့ နယ်ခြားစောင့်တပ်လုပ်မယ်ဆိုတော့ လက်နက်တွေအကုန် ပြန်အပ်ရမှာလေ။ ဟိုကနေပြန်ထုတ်ပေးတာဆိုတော့ ကိုယ်ပိုင်နံပါတ်နဲ့ လာရတော့မှာ။”

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အပစ်ရပ်အဖွဲ့များအတွင်း သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေပြီး (KNU)နှင့် ပူးပေါင်းလာသူများလည်းရှိသည်ဟု ဆက်ပြောသည်။

အတည်ပြု၍ မရသည့်သတင်းအရ DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူး စောလားပွယ်ခေါ် ဗိုလ်နုတ်ခမ်း မွေးအား စစ်အစိုးရမှ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျှက်ရှိ သည်ဟု ဘုရားသုံးဆူဖက်မှလာသည့် သတင်းများအရ သိရသည်။

စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့အနက် DKBA သည် ကရင်အ မျိုးသားအစည်းအရုံံးမှ ၁၉၉၄ ခုနှစ်က ခွဲထွက်ခဲ့ခြင်းဖြစ်သည်။

Most read this week