မြန်မာစစ်အစိုးရ ထူထောင်ပေးသည့် ကချင်ပါတီ မှတ်ပုံတင် ကျလာ

မြန်မာစစ်အစိုးရ ထူထောင်ပေးသည့် ကချင်ပါတီ မှတ်ပုံတင် ကျလာ

ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကချင်မနောတိုင်ပါ UDPKS ကချင်ပါတီ၏ ပါတီတံဆိပ်ကို ကန့်ကွက် ထားသည့်ကြား မြန်မာစစ်အစိုးရ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီအား တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ပေးလိုက်....

ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကချင်မနောတိုင်ပါ UDPKS ကချင်ပါတီ၏ ပါတီတံဆိပ်ကို ကန့်ကွက် ထားသည့်ကြား မြန်မာစစ်အစိုးရ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီအား တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ပေးလိုက်သည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS သို့မဟုတ် စဒက) ၏ တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယမန်နေ့ သြဂုတ် ၂ ရက်နေ့က ချပေးခဲ့ပါသည်။

“မနေ့ကပဲ မှတ်ပုံတင် ချပေးလိုက်တာ ဖြစ်တယ်” ဟု နာမည်ကျော် ကချင်အဆိုတော်တစ်ဦးဖြစ်သူ ယခု UDPKS ပါတီအတွင်းရေးမှူး ဦးဖော်လားကမ်ဖန် (ကချင်လို Hpaula Kam Hpang) ပြောသည်။

ဤပါတီကို ကချင်အမျိူးသားများ၏ ဆန္ဒမပါဘဲ စစ်အစိုးရနှင့် ၎င်း၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့၏ အကြံပေးထောက်ခံမှုဖြင့် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။

ပါတီခေါင်းဆောင် စီးပွားရေးသမား ဒူဝါခက်ထိန်နန် နှင့် ထိပ်ပိုင်းခေါင်းဆောင်အားလုံးသည် အစောပိုင်းက စစ်အစိုးရ၏ နိုင်ငံရေးပါတီ USDP အဖွဲ့ဝင်များ ဖြစ်ကြသည်။

UDPKS သည် ပါတီမှတ်ပုံတင်် ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင် (၂၃) ရက် နေ့တွင် လျှောက်ထားရာ (၁၀) ရက်အတွင်း ပါတီမှတ်ပုံတင် ထုတ်ပေးခြင်းလည်း ဖြစ်သည်။

၎င်းပါတီ၏ မှတ်ပုံတင် လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ပါ ပူးတွဲ ဖော်ပြထားသည်။ အလံမှာ အစိမ်းရောင် အောက်ခံတွင် အဖြူရောင် ကြယ်သုံးလုံး ပါရှိသည်။ ယင်းကြယ်သုံးလုံးမှာ ကချင်ပြည်နယ်ရှိ ကချင်၊ ရှမ်း၊ ဗမာ လူမျိုးတို့နှင့် စစ်အစိုးရ၏ ဒို့တာဝန်အရေး (၃) ပါးကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဦးကမ်ဖန်က ကချင် သတင်းဌာနသို့ ရှင်းပြသည်။

ကချင်ရိုးရာ မနောတိုင််ကို စပါးနှံ နှစ်ခက်ဖြင့် ၀န်းရံထားသည့် ပါတီအမှတ်တံဆိပ်မှာ ကချင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် ပါတီတစ်ခုအဖြစ် ဖော်ညွှန်းထားခြင်း ဖြစ်ပါကြောင်း ပါတီအတွင်းရေးမှူးမှ ဆက်ပြောသည်။

ယခု USDP က ထူထောင်ပေးသည့် UDPKS ပါတီ၏တံဆိပ်ကို မြစ်ကြီးနား အခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ (Wunpawng Htunghking Ginjaw) မှ ကန့်ကွက်ခဲ့သော်လည်းု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့ပါ။

UDPKS ပါတီ ဥက္ကဌ ဒူဝါခက်ထိန်နန်။ ဓါတ်ပုံ - ကချင်သတင်းဌါန

“သူတို့ကန့်ကွက်နိုင်တယ် ဆိုလို့၊ ကန့်ကွက်စာတင်လိုက်တယ်။ သူတို့ချပေးလိုက်တော့လည်း ပြီးသွားပြီလေ။” ဟု မြစ်ကြီးနားမြို့မှ ယဉ်ကျေးမှု ဗဟိုကော်မတီအတွင်းရေးမှူး ဦးကမန်းဒူနော် ပြောသည်။

ပါတီမှတ်ပုံတင်ရရှိပြီးနောက် UNITY AND DEMOCRACY PARTY OF KACHIN STATE ခေါ် စဒက ပါတီ သည် ယခုချိန် ကချင်ပြည်နယ်တဝန်း မြို့နယ်အလိုက် ပါတီကော်မတီခွဲများဖွင့်လှစ်ရေးအတွက် ပထမအဆင့် အနေဖြင့်  ပြင်ဆင်နေပါပြီ။

ကချင်အဖွဲ့အစည်းကြီးများ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်မှ ”ကချင်ပြည်နယ်တိုးတက်ရေး ပါတီ (KSPP)” နှင့် ရှမ်းပြည်နယ်ရှိ ခွဲ-ကချင်ပြည်နယ်မှ ”ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ (NSPP)” တို့အား ရွေးကောက်ပွဲကော်မရှင်က ယခုချိန်ထိ ပါတီတည်ထောင်ခွင့် မချပေးသေးပါ။

Most read this week