ပဲခူးတိုင်းအတွင်း တစည ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုံ့ဆော်

ပဲခူးတိုင်းအတွင်း တစည ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုံ့ဆော်
by -
ဇော်ကြီး

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခေါ် တစည ပါတီက လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပဲခူးတိုင်း အတွင်း စည်းရုံးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်....

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခေါ် တစည ပါတီက လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပဲခူးတိုင်း အတွင်း စည်းရုံးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လျှက် ရှိသည်။

တစညပါတီ အနေနှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ လောလောဆယ် ပဲခူးတိုင်း အတွင်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိနေ ကြောင်း ပဲခူးမြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“သူတို့ရဲ့ဒီပါတီဝင်ရဲ့ အိမ်မှာ လူစုပြီးတော့မှ သူတို့ပါတီမူကိုပြောတယ်။ သူတို့ အင်အားသစ်တိုး ချဲ့ဖို့ပြောတယ်။ ပါတီအောင်နိုင်ရေး ကိစ္စတွေပြောတယ်။ ဒါပါပဲ။”

လွန်ခဲ့သည့် ဇူလိုင်လလယ်ပိုင်းကစ၍ လကုန်ပိုင်းအထိ မြို့ပေါ်ရှိရပ်ကွက်(၁၀)ခုခန့်တွင် စည်းရုံးရေးလုပ် ငန်းများလုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ကနေပြီးတော့ ဒီပါတီနဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေချပြပြောဆိုတာ၊ ကျနော်တို့ကတော့ အလုပ်သမား လယ်သမားကို ဦးစားပေးဆောင်ရွက်မယ်တို့ ဘာတို့ပေ့ါဗျာ။ ဒီလိုပဲ ပြောတာ ပေ့ါ။ သို့ပေမယ့်လည်း ဒါကို အောက်ကနေပြီးတော့မှ ပြန်လည်မေးနိုင်တဲ့ ကွန်ပလိန်း ပေါ်လစီ သူတို့ဆီမှာမရှိဘူး။ ကျနော်တို့လည်း မမြင်ရဘူး၊ မတွေ့ရဘူး၊ မကြားရဘူးပေ့ါဗျာ။”

ပဲခူးမြို့တွင်းစည်းရုံးရေးလုပ်ငန်းများအား ပဲခူးမြို့နယ်စည်းရုံးရေးမှူး  ဦးလှမြင့် နှင့် တိုင်းကော်မတီ အဖွဲ့ဝင် ဒေါ်အေးအေးမြင့်တို့က ဦးဆောင်ပြုလုပ်နေသည်ဟု သိရသည်။

ပဲခူးမြို့ပေါ်၌ တစညပါတီနှင့် ခေတ်သစ်ပြည်သူ့ပါတီနှစ်ခုသာ ပါတီရုံးခန်းဖွင့်လှစ်ထားပြီး အခြားပါတီများ အနေနှင့် ရုံးခန်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်ဟု မြို့ခံက ဆက်ပြောသည်။

“နောက်တစ်ခုက ဒီမိုကရေစီပါတီပေ့ါ၊ ဦးသုဝေတို့ပါတီကလည်း သူတို့ ရုံးခန်းတွေ ရှာနေတာမျိုး ရှိတယ်။ နောက် တစ်ခုက ကိုဖြိုးမင်းသိန်းတို့ ပါတီကလည်း ရုံးခန်းရှာတယ်လို့ ကျနော်တို့ ကြားတယ်။ ဟိုတစ်လောကဆိုရင် အေးလွင်တို့ အဖွဲ့တွေပေ့ါနော် အမျိုးသား နိုင်ငံရေးမဟာ မိတ် အင်အားစုလား။ သူတို့လည်း ရုံးခန်းလာရှာ ကြတယ်ဗျ။ ရုံးခန်းမဖွင့်ဖြစ်သေးဘူး။”

တစည မြို့နယ်နှင့် တိုင်းရုံးအား ရုံးကြီးရပ်ကွက်၊ ကားလေးဂိတ်အတွင်း ဖွင့်လှစ်ထားပြီး ခေတ်သစ်ပြည် သူ့ပါတီရုံးခန်းအား မြို့သစ်ရပ်ကွက် အုန်းတော(၂)လမ်းအတွင်းရှိ ပါတီအတွင်းရေးမှူးနေအိမ်တွင် ဖွင့် လှစ်ထားသည်။

တစည ပါတီမှာ ဦးနေဝင်းလက်ထက်က မြန်မာနိုင်ငံအား ၁၄ နှစ်ကြာ အာဏာရပါတီအဖြစ် အုပ်ချုပ် ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ၈ လေးလုံး လှုပ်ရှားမှု နောက်ပိုင်းတွင် အမည်ပြောင်းထား ခြင်းဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အဓိက ပြိုင်ဖက်ပါတီဖြစ်ခဲ့ပြီး အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။

စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနှင့် ပါတီ ဆိုင်းဘုတ် တင်ထားခြင်း မရှိသေးသော်လည်း မြို့ပေါ်ရပ်ကွက်များထက် မြို့စွန်ရပ်ကွက်များတွင် စည်းရုံးရေး လုပ်ငန်းမှုများ   ဆောင်ရွက် နေသည်ဟု ဆက်ပြောသည်။

“အခုဆိုရင် သူတို့က တစ်အိမ်တက် တစ်အိမ်ဆင်း  တက်ပြီးတော့ ကျနော်တို့ ကြံ့ခိုင်ရေး ပါတီက ရွေးချယ် တင်မြောက်မယ့် ကိုယ်စားလှယ်ကို မဲထည့်ပေးပါပေ့ါ။ ဒီကိုယ်စား လှယ်ကို မဲမ ထည့်ရင် ခင်ဗျားတို့က နောက်တစ်ကြိမ်တော့ စစ်အာဏာသိမ်းတဲ့ပုံစံမျိုးတွေ ခင်ဗျားတို့ ကြံု တွေ့ရမယ် ဘာညာပေ့ါဗျာ။ ဒီလိုမျိုး ပြောဆို စည်းရုံးတာတွေ ကျနော်တို့ ကြားရတယ် သိရ တယ်ဗျ။”

ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အား စစ်အစိုးရက သတ်မှတ်ပေးခြင်း မရှိသေးသလို ပါတီများအား တရားဝင် စည်းရုံးခွင့် မချပေးသေးပေ။

သို့သော် တရားဝင်မှတ်ပုံတင်ခွင့်ကျပြီးသည့်ပါတီများအနေနှင့် ရက်ပေါင်း(၉၀)အတွင်း ပါတီဝင်အင်အား စာရင်း တင်ပြရမည်ဟု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထုတ်ပြန်ထားသည့်အတွက် ပါတီဝင် အင်အား စုဆောင်းနိုင်ရန် သက်ဆိုင်ရာပါတီအလိုက် စည်းရုံးရေး လုပ်ငန်းများဆောင်ရွက် နေကြခြင်း ဖြစ်သည်။

Most read this week