နေထိုင်သော တည်းခိုခန်း စီးနှင်းခံရပြီးနောက် ရခိုင်ကျောင်းသား ခေါင်းဆောင် ကိုနီမင်းအောင် ပျောက်ဆုံးနေ

နေထိုင်သော တည်းခိုခန်း စီးနှင်းခံရပြီးနောက် ရခိုင်ကျောင်းသား ခေါင်းဆောင် ကိုနီမင်းအောင် ပျောက်ဆုံးနေ

ရခိုင်ကျောင်းသား ခေါင်းဆောင် ကိုနီမင်းအောင် တည်းခို နေထိုင်နေသော ရန်ကုန် လိူင်မြို့နယ်မှ တည်းခိုခန်း ၀င်ရောက် စီးနှင်းမူ ခံခဲ့ရ...

ရခိုင်ကျောင်းသား ခေါင်းဆောင် ကိုနီမင်းအောင် တည်းခို နေထိုင်နေသော ရန်ကုန် လိူင်မြို့နယ်မှ တည်းခိုခန်း ၀င်ရောက် စီးနှင်းမူ ခံခဲ့ရပြီးနောက် ယခုအချိန်ထိ ကိုနီမင်းအောင်မှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံး နေကြောင်း သူ့၏ သူငယ် ချင်း တဦးက ပြောသည်။

“သူ့ကို ဒီလ ၂၁ ရက် ဗုဒ္ဓဟူးနေ့က လိူင်မြို့နယ်က တည်းခိုခန်း တခုမှာ တည်းခိုနေစဉ် လိူင်ရဲစခန်းက ရဲသားတွေနဲ့ အရပ်ဝတ် စရဖ သုံးဦးက တည်းခိုခန်းကို ၀င်ပီး သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အချိန်မှာ ကိုနီမင်းအောင်က အပြင်ကို ရောက်နေတဲ့ အတွက် အဖမ်းမခံခဲ့ရဘူး။ လွတ်သွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူနဲ့ အခုအချိန်ထိ ကျွန်တော်တို့ အဆက်အသွယ် မရဘဲ ဖြစ်နေတဲ့ အတွက် သူ့အတွက် စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ကိုနီမင်းအောင်သည် စစ်တွေ တက္ကသိုလ်မှ ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ၂၀၀၈ ခုနှစ် စစ်တွေတက္ကသိုလ် ကျောင်းကားခ ကျဆင်းရေးအတွက် အဓိက ဦးဆောင်ခဲ့သူ ဖြစ်သဖြင့် သူ့ကို စစ်တွေအမှတ် ၁ ရဲစခန်းမှ ခေါ်ယူထိန်းသိမ်းခဲ့သည်။

“ အမှတ် ၁ ရဲစခန်းက သူ့ကို သူနေတဲ့အိမ်မှာ ရှိတဲ့ ထူးကျော် ဘတ်ထရီဆိုင်မှ ခေါ်ယူ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပါတယ်။ ရဲက စစ်ဆေး မေးမြန်းပြီးတဲ့ နောက်မှာ သူ့ကို ပြန်လည် လွတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာလည်း ကျောင်းသား လူပ်ရှားမူတွေ ပေါ်ပေါက်အောင် ဦးဆောင်ခဲ့တဲ့ အတွက် ရဲက အလိုရှိနေတာကြောင့် သူစစ်တွေကနေ ထွက်ခွာပြီး ရန်ကုန်မှာ နေထိုင်နေစဉ်က ထောက်လှမ်းရေးက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကိုနီမင်းအောင်သည် ၂၀၀၇ ခုနှစ် ၆၈ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ တွင် အာဏာပိုင်များ တားမြစ် ထားသည့်ကြားက ကျောင်းသားများကို ဦးဆောင်ကာ လွမ်းသူ့ပန်းခွေ ချခဲ့သူ ဖြစ် သဖြင့် ကျောင်းသားလောက တွင် နာမည်ကြီးလာသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇွန်လအတွင်းက စစ်တွေ နည်းပညာကောလိပ်တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားများ ကားခလျော့ချရေး ဆန္ဒပြပွဲတွင် ပါ၀င်သူ ကျောင်းသား ခေါင်းဆောင်များ၏ ကိုယ်ရေး ရာဇဝင်များကို အာဏာပိုင်များက လိုက်လံ စုဆောင်းနေပြီး သူတို့နေထိုင်ရာ ဒေသအထိ သွားရောက်ကာ မေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ကျောင်းသား အရေးအခင်း ဖြစ်ပွားပြီးနောက် အာဏာပိုင်များက နောက်ကွယ်မှ နိုင်ငံရေး ပယောဂများ ပါ၀င်ခြင်း ရှိမရှိ စစ်ဆေးနေကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက်ပိုင်း အာဏာပိုင်များမှ ကိုနီမင်းအောင်ကို အဓိက ပစ်မှတ်ထား ရှာဖွေမူများ ပြုလုပ်လာသဖြင့် ယခု တကြိမ် ဖမ်းဆီးခြင်းမှ လွှတ်မြောက် သွားသော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရ ပျောက်ဆုံးနေ၍ သူ့အတွက် သူငယ်ချင်းများနှင့် မိသားစုများက စိုးရိမ်နေကြောင်း သိရသည်။

Most read this week