နို်င်ငံသားစီစစ်ရေး ကဒ်ပြား တခုခု မရှိသူများ မဲစာရင်း တင်သွင်းခြင်း ခံရမည် မဟုတ်

နို်င်ငံသားစီစစ်ရေး ကဒ်ပြား တခုခု မရှိသူများ မဲစာရင်း တင်သွင်းခြင်း ခံရမည် မဟုတ်

ရခိုင်ပြည်နယ်တွင် မြို့နယ် ကျေးရွာအဆင့် မဲစာရင်းများကို ဇူလိူင်လ ၃၁ ရက်နေ့ကို နောက်ဆုံး ထားပြီး ပြုစု တင်သွင်းရမည်ဟု ပြည်နယ် ရွှေးကောက်ပွဲက ကော်မရှင်က ညွန်ကြားထား...

ရခိုင်ပြည်နယ်တွင် မြို့နယ် ကျေးရွာအဆင့် မဲစာရင်းများကို ဇူလိူင်လ ၃၁ ရက်နေ့ကို နောက်ဆုံး ထားပြီး ပြုစု တင်သွင်းရမည်ဟု ပြည်နယ် ရွှေးကောက်ပွဲက ကော်မရှင်က ညွန်ကြားထားသဖြင့် ယခုအခါ မြို့နယ် ကျေးရွာ အုပ်စု အလိုက် မဲစာရင်းများကို စုဆောင်း ကောက်ခံနေသည်။

ထိုသို့ ကောက်ခံရာတွင် နိုင်ငံတော်မှ အသိအမှတ်ပြု ကပ်ပြား တခုခုကို ကိုင်ဆောင် ထားခြင်း မရှိသူ မည်သူ့ကို မဆို မဲစာရင်းတွင် စာရင်း ထည့်သွင်းခြင်း မရှိရဟု ညွန်ကြားထားသဖြင့် ယခုအခါ ကပ်ပြား မရှိသူများ အနေဖြင့် မဲစာရင်းထဲတွင် ပါ၀င်ရန် အခွင့်အရေး မရှိ ဖြစ်နေကြောင်း သတင်း ရရှိသည်။

ရသေ့တောင်မြို့မှ ရွှေးကောက်ကော်မရှင်တွင် ပါ၀င်သူ လူကြီး တဦးက“ လူတော်တော် များများကတော့ မဲစာရင်းထဲမှာ မပါ၀င်ဘဲ ကျန်နေခဲ့မယ် ထင်ပါတယ်။ တချို့က ဘယ်ကပ်ပြားမှ မရှိဘဲ ဖြစ်နေတဲ့ သူတွေ ရှိနေပါတယ်။ မြို့နယ် လဝက အရာရှိတွေကတော့ ကျေးရွာတွေ အထိ ဆင်းပြီး သက်ဆိုင်ရာ အဆင့် အတန်းလိုက် ကပ်ပြားတွေကို ထုတ်ပေးနေပေမယ့် အချိန်မှီ ပြီးစီး နိုင်မယ် မထင်ပါဘူး” ဟု ပြောသည်။

လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ကျေးရွာများသို့ ဆင်းပြီး နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးနေသော်လည်း ပြည်သူများ အနေဖြင့် ကပ်ပြား တခုခု ရရန်အတွက် ကျပ် ရ၀၀၀ မှ ကျပ် ၁၀၀၀၀ ထိကုန်နေကျနေကြောင်း သိရသည်။

သို့အတွက် အများစု ဆင်းရဲသားများမှာ ကပ်ပြား မပြုလုပ်နိုင်ဘဲ ဖြစ်နေကြောင်း မောင်တောမြို့ အလယ်သံကျော်မှ ဒေသခံ တဦးက ပြောသည်။

“သူတို့ကျွန်တော်တို မူဆလင်တွေကို အဖြူရောင် ဧည့်နိုင်ငံသား ကပ်ပြားတွေကို ဆက်လက် ထုတ်ပေး နေပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ကပ်ပြားအတွက် ကုန်ကျငွေဆိုပီး ကျပ် ရ၀၀၀ နဲ့ ၁၀၀၀၀ ကြားမှာ ပေးရပါတယ်။ အများစုက ဆင်းရဲတဲ့ အတွက် အဲဒီကပ်တွေကို မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။”

အဖြူရောင် ဧည့်နိုင်ငံသား ကပ်ပြားများကို သြဂတ်စ်လ အကုန်ထိ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ပြီး နောက်ထပ် ရက်ပေါင်း ၃၀ ကျော်အတွင်း အပြီးသတ် ထုတ််ပေးသွားနိုင်ရန် လဝကဌာနမှ စီစဉ် နေကြောင်း သိရသည်။

“ကျွန်တော်တို့က ကျေးရွာ၊ ရပ်ကွက်အလိုက် မဲစာရင်းကောက်တာကို ဒီလ ၃၁ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကပ်ပြားမရှိတဲ့ အတွက် မဲစာရင်းထဲမှာ အမည်မသွင်း လိုက်ရတဲ့ သူတွေဟာ ကပ်ပြား အသစ် တခုခု ရရှိလာတဲ့အခါ သြဂတ်စ်လ အတွင်းမှာ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် ကော်မရှင်တွေဆီ အကြောင်းကြားပြီး မဲစာရင်း တင်သွင်းနိုင်ပါတယ်။ ဒါပေမယ်လည်း သြဂတ်စ်လ အတွင်းမှာ တင်သွင်းကြရမှာ ဖြစ်ပါတယ်။ သြဂတ်စ် လွန်ရင်တော့ လက်ခံမှာ မဟုတ်တော့ပါဘူး။” အဆိုပါ ရသေ့တောင်မှ ရွှေးကောက်ပွဲ ကော်မရှင် လူကြီးက ပြောသည်။

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ဆင်းရဲသားများနှင့် မူဆလင် ဘာသာဝင်များ အများစုမှာ ငွေရေးကြေးရေး အခက်အခဲကြောင့် ကပ်ပြားများကို အချိန်မှီ ပြုလုပ်နိုင်ရန် အနေအထားမရှိသဖြင့် ယခုနှစ်ရွှေးကောက်ပွဲတွင် မဲထည့်ခွင့် အခွင့်အရေးများ ဆုံးရှံုးရမည့် အနေအထားသို့ ရောက်ရှိနေကြောင်း စုံစမ်း သိရှိရသည်။

Most read this week