စစ်အစိုးရ ထောက်ပ့ံငွေဖြင့် UDPKS မှ ကချင် လူထုမဲဆွယ်စည်းရုံးနေ

စစ်အစိုးရ ထောက်ပ့ံငွေဖြင့် UDPKS မှ ကချင် လူထုမဲဆွယ်စည်းရုံးနေ
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party of Kachin State, UDPKS) သည် မြန်မာစစ်အစိုးရ ထောက်ပံငွေဖြင့် ကချင်လူထု မဲဆွယ်စည်းရုံး...

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party of Kachin State, UDPKS) သည် မြန်မာစစ်အစိုးရ ထောက်ပံငွေဖြင့် ကချင်လူထု မဲဆွယ်စည်းရုံး နေသည်ဟု သိရှိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှုး ဗိုလ်ချူပ် စိုးဝင်းသည်  ယခုလ ၁၈ ရက်နေ့က UDPKS ပါတီအား “မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားများကို စည်းရုံးရေး ဆင်းရန်” ကျပ်ငွေ သိန်း ၄၀ ပေးအပ်ခဲ့သည်ဟု ပါတီနှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ ပြောသည်။

စောစောပိုင်းကလည်း ၎င်းပါတီကို တရားဝင် ပါတီတည်ထောင်ရန်အတွက် မြန်မာစစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကျပ်ငွေ သိန်း ၅၀၀ ထုတ်ပေးသည်ဟု သိရသည်။

ဒူဝါခက်ထိန်နန် ဦးဆောင်သော UDPKS သည် ဇွန်လကုန်ပိုင်းက ကြံ့ဖွ့ံပါတီ (USDP) မှ ခွဲထွက်သော  ကချင်ပါတီတစ်ခု ဖြစ်ပြီး စစ်အစိုးရ၏ ကြောထောက် နောက်ခံအဖြစ် ရပ်တည်နေသော ကချင်ပါတီ တစ်ခုလည်း ဖြစ်သည်။

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲမရှင် စည်းမျဉ်းစည်းကမ်းအရ ပါတီတစ်ခု အနေဖြင့်  နိုင်ငံတော်၏ ငွေကြေးများကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း သုံးစွဲမှု ပြုလုပ်ခြင်း မရှိရဟု ထုတ်ပြန်ကြေငြာထားသည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေငြာထားသော်လည်း ကချင်ပါတီ UDPKS ကို စစ်အစိုးရမှ လိုက်နာခြင်း မရှိဘဲ လူထုစည်းရုံးရေး ပြုလုပ်ရန် ငွေးကြေးများ ထုတ်ပေးနေခြင်း ဖြစ်သည်။

၎င်းပါတီကို ဇွန်လိုင်လ ၁၆ ရက်နေ့တွင်  ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် နိုင်ငံရေးပါတီ တည်ဆောင်ခွင့် ပြုခဲ့သည်။

Most read this week