အာဇာနည်နေ့ အခမ်းနား ရခိုင်က မြို့တချို့တွင် ပြုလုပ်

အာဇာနည်နေ့ အခမ်းနား ရခိုင်က မြို့တချို့တွင် ပြုလုပ်
by -
စံလင်း
၆၃ နှစ်မြှောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်က မြို့တချို့တွင် မြန်မာ့ ဒီမိုကရေစီ အရေး လူပ်ရှားသူများနှင့် ပြည်သူများက အကျဉ်းချံုး ကျင်းပ ပြုလုပ်...

၆၃ နှစ်မြှောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်က မြို့တချို့တွင် မြန်မာ့ ဒီမိုကရေစီ အရေး လူပ်ရှားသူများနှင့် ပြည်သူများက အကျဉ်းချံုး ကျင်းပ ပြုလုပ် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

တောင်ကုတ်မြို့့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ချောင်းကောက်ရပ်ကွက်တွင် ရှိသော ဦးသန်းရွှေ၏ နေအိမ်တွင် ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ လူငယ် ရ၀ ခန့်တက်ရောက်ကာ အာဇာနည်နေ့ အကြောင်းကို ဟောပြော ခဲ့ကြသည်ဟု သိရသည်။

၎င်းပြင် အခမ်းအနားတွင် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးပြီး ဘုန်းကြီးကျောင်း သုံးကျောင်းတွင် ဆွမ်းများ ကပ်လှူခဲ့ကြပြီး ကျဆုံး ခဲ့ကြသော အာဇာနည်ကြီးများနှင့် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ကျဆုံးခဲ့ကြသူများကို အမျှအတန်းပေးဝေ ဆုတောင်းများ ပြုလုပ်ခဲ့ကြ သည်ဟု အခမ်းအနားကို တက်ရောက်ခဲ့သူတဦးက ပြောသည်။

အာဏာပိုင်များက အနှောက်ယှက် မပေးသော်လည်း ဦးဆောင် ပြုလုပ်သူများ နောက်မှ ထောက်လှမ်းရေးက တချိန်လုံး နောက်ယောင်ခံလိုက် ကြည့်နေပြီး မည်သူများ ဦးဆောင်သည်ကို မှတ်တမ်းများ ပြုစုထားသည်ဟု သိရသည်။

တောင်ကုတ်မြို့သူ မြို့သားများ အာဇာနည် နေ့သို့ တက်ရောက်ခြင်း မရှိအောင် သွယ်ဝိုက်ပြီး ခြိမ်းခြောက်သည့် သဘော ဖြစ်သည်ဟု သူက ကောက်ချက် ပြောကြားသည်။

အလားတူ သံတွဲမြို့တွင်လည်း အာဇာနည်နေ့ အခမ်းအနားကို ပြည်သူများက အကျဉ်းချံုး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဇူလိူင်လ ၁၈ ရက်နေ့က စပြီး လုံခြံုရေး တပ်ဖွဲ့ဝင်များကို လမ်းဆုံတိုင်း လမ်းဆုံတိုင်းတွင် ၄-၅ ဦး တဖွဲ့စီဖြင့် ဖြန့်ကျက် ချထားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

သို့သော်လည်း နိုင်ငံရေး သမားတချို့နှင့် ကျောင်းသားများမှ ဘုန်းတော်ကြီး ကျောင်းတချို့တွင် ဆွမ်းကပ်လှူပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။

ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် စစ်အစိုးရမှ ကြီးမှူး ကျင်းပပြုလုပ်သော အာဇာနည်နေ့့ အခမ်းနားသို့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက အစိုးရ အဆင့်အမြင့်ဆုံး တာဝန်ရှိသူ တဦး အနေဖြင့် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးနှင့် ဇနီးလည်း တက်ရောက် လွမ်းသူ ပန်းခွေ ချခဲ့ပြီး ရွှေးကောက်ပွဲ ကော်မရှင် အသိအမှတ်ပြု နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်၏ သမီး ဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Most read this week