KSPP အား ယခုလကုန်ပိုင်းတွင် လက်ခံရန် ကော်မရှင်ပြောကြား

KSPP အား ယခုလကုန်ပိုင်းတွင် လက်ခံရန် ကော်မရှင်ပြောကြား
KSPP အား ယခု လကုန်ပိုင်းတွင် တရားဝင်ပါတီ အဖြင့် ပါတီ မှတ်ပုံတင်ချပေးမည်ဟု ကော်မရှင်မှ ထပ်မံပြောကြား...

KSPP အား ယခု လကုန်ပိုင်းတွင် တရားဝင်ပါတီ အဖြင့် ပါတီ မှတ်ပုံတင်ချပေးမည်ဟု ကော်မရှင်မှ ထပ်မံပြောကြားခဲ့ကြောင့်သိရှိရသည်။

ဒေါက်တာတူဂျား ခေါင်းဆောင်သော ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အား ယခုလ ၁၆ ရက်နေ့ ၌ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် နှင့် တွေ့ဆုံခဲ့ရာ ယခုလကုန်ပိုင်းတွင် ပါတီ မှတ်ပုံတင် ချပေးမယ်ဖြစ်သည်ဟု နေပြည်တော်တွင်သွားရောက်ခဲ့သော ပါတီအရာရှိတစ်ဦး ပြောသည်။

“KSPP ပါတီ ကို ဒီလကုန်ပိုင်းချပေးမယ် လုပ်စရာရှိတာဆက်လုပ်လို့ရပြီဟု” ရွေးကောက်ပွဲကော်မရှင် က ကချင်ပါတီကို ပြောသည်ဟု သိရှိရသည်။

ကြံ့ဖွ့ံပါတီ၏ အတွင်းရေးမှုးနှစ်ဦးဖြစ်ကြသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့သည် ကချင်ပါတီ KSPP အား လက်ခံတော့မယ်မဟုတ်ကြောင်း ပြောခဲ့သည်။

KSPP ပါတီခေါင်းဆောင် ဒေါက်တာ တူးဂျာ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ထို့ကြောင့် ဒူဝါခက်ထိန်နန် အား ကြံ့ဖွ့ံပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က စစ်အစိုးရ ကြံ့ဖွ့ံပါတီ၏ အတွင်းရေးမှုးနှစ်ဦးဖြစ်ကြသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ တိုက်တွန်းခဲ့ကြောင်းသိရသည်။

“KSPP ကို မချပေးတော့ဘူးလို့ ကော်မရှင်က ပြောဆိုတင်ပြသည့်အချက် မဟုတ်သောကြောင့် ဘေးလူ စကားမယုံနဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်က KSPP ကိုပြောသည်” ဟု နေပြည်တော်သွားရောက် ခဲ့သည့် KSPP ဗဟို အလုပ်အမှုဆောင်တစ်ဦးပြောသည်။

“ကျွန်တော် တို့ကို တရားဝင်ပါတီ တည်ထောင်ခွင့်မပေးတာဘဲရှိတော့တယ် လုပ်စရာရှိတာတော့ ဆက်လုပ်ဖို့မှာလိုက်ပါတယ်” ဟု ထပ်မံပြောသည်။

ယခုလ ၁၆ ရက် နေ့ သွားရောက်သည်မှာ တတိယအကြိမ် နှင့် နောက်ဆုံးသွားရောက်ခြင်းဖြစ်သည်ဟု ဒေါက်တာတူဂျာ ကပြောသည်။

Most read this week