မြဝတီ မဲဆောက် တံတားဖြတ်သန်းခွင့် ပိတ်ပင်မှုကြောင့် ဒေသခံများ အခက်အခဲဖြစ်

မြဝတီ မဲဆောက် တံတားဖြတ်သန်းခွင့် ပိတ်ပင်မှုကြောင့် ဒေသခံများ အခက်အခဲဖြစ်
by -
ဇော်ကြီး
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ချစ်ကြည်ရေးတံတား ဆက်သွယ်ရေးဂိတ်ငယ်များ အားလုံးကိုပိတ်လိုက် သည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြရ...

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ချစ်ကြည်ရေးတံတား ဆက်သွယ်ရေးဂိတ်ငယ်များ အားလုံးကိုပိတ်လိုက် သည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြရသည််။

မြဝတီနှင့် မဲဆောက် နေ့စဉ်ကူးသန်းသွားလာနေသည့် ဂိတ်အားလုံးကို ယမန်နေ့နံနက် ပိုင်းက မြန်မာဖက်ခြမ်းမှ ရုတ်တရက် ပိတ်လိုက်သည့် အတွက် ကုန်သည်ကြီးများအနေနှင့် သိပ်မထိခိုက်သော်လည်း တနိုင်တပိုင် လုပ် ကိုင်စားသောက်သူများ အခက်အခဲဖြစ်ကြ ရသည်ဟု မြဝတီမြို့ခံ ကုန်သည်ကြီးတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့တော့ လောလောဆယ် အရောင်းအဝယ်အေးတာပေ့ါဗျာ။ ခက်ကုန်တာက တနေ့လုပ်တ နေ့စားနဲ့ အလယ်အလတ် သမားတွေပေ့ါဗျာ။ စျေးဆိုင်တွေကို ငှားပြီးတော့ ရောင်းတဲ့သူတွေကျပြန် တော့ နည်းနည်း ဒုက္ခရောက်တာပေ့ါဗျာ။”

မြန်မာဖက်ခြမ်းမှ ယခုလိုပိတ်လိုက်သည့်အတွက် ပြည်တွင်းကုန်စည်စီးဆင်းမှုရပ်ဆိုင်းသွားသည်ဟု ၎င်းက ဆက် ပြောသည်။

“အဓိက နံပါတ်တစ်ကတော့ အောက်ဖက်(ရန်ကုန်)ဆင်းတဲ့ကားမရှိတော့ဘူး။ ကုန်သွယ်မှု လုံးဝ ရပ် သွားတယ်။ အဆင်းကားသမား လုံးဝ မကိုက်ဖူး ပေ့ါဗျာ။ ဘာလို့လည်းဆိုတော့ မနေ့က ကတည်းက မ ၀င်လာတော့ဘူးဆိုတော့ ဒီနေ့ ဆင်းတဲ့ကားမရှိဘူးဗျ။”

ယခု တံတားနှင့် ဂိတ်များကို နေပြည်တော်မှ တိုက်ရိုက်အမိန့်ပေး၍ ပိတ်ပင်ခြင်းဖြစ်သည် ဟု ဒေသခံတဦးက ပြောသည်။

“အောက်ကလူကတော့ ဖွင့်ချင်တာပေ့ါနော်။ အခုက အပေါ်ကလာတဲ့ အမိန့်နဲ့ဆိုတော့ မငြင်းသာတော့ ဘူးပေ့ါဗျာ။ ဒီတစ်ခေါက်တော်တော့ကို ဆိုးတယ်ဗျ။ အခုက သူဘာလုပ်မယ်ဆိုရင် လုပ်မယ့်ပုံစံ အတိုင်း ချလိုက်တာ။ အဲတာ နောက်ကလိုက်လုပ်ရတာပေ့ါဗျာ။ မလုပ်ရင်လည်း အပြုတ်ပဲ ဆိုတော့ တော်တော် ကြောက်နေကြတယ်။”

ယခုလိုနယ်စပ် ကုန်စည်စီးဆင်းမှုရပ်ဆိုင်းသွားသည့်အတွက် တရက်လျှင် ထိုင်းဘတ်ငွေ သန်း ၅၀ ဖိုးခန့် ထိုင်း ဖက်က နစ်နာပြီး ရေရှည်ပိတ်ထားပါက ဆုံးရှံုးမှု ပိုကြီးနိုင်သည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌ က ပြောသည်။

နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ မြန်မာအာဏာပိုင်ဖက်က တရားဝင် အကြောင်းကြားခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

ကော့သောင်းမြစ်အတွင်းသို့ မြန်မာဖက်ခြမ်းမှစီးဝင်သည့် ချောင်းကမ်းပါးကို မိုးတွင်း ရေတိုက်စားမှုကာကွယ်ရန် ထိုင်းဖက်ခြမ်းက တံတိုင်း တည်ဆောက် နေသည့်အပေါ် မြန်မာ အာဏာပိုင်က ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သော် လည်း ထိုင်းဖက်က ဆက်လက် ပြုလုပ် နေသည့်အတွက် ယခုလို ပိတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာအာဏာပိုင် နှင့် နီးစပ်သူများက ပြောသည်။

ယခုတစ်ကြိမ် နှစ်နိုင်ငံ ဖြတ်သန်းခွင့် ပိတ်လိုက်သည့်အတွက် အခက်အခဲဖြစ်ကြသည်ဟု အလယ်အလတ်တန်း စား ကုန်သည်တစ်ဦးက ယခုလိုပြောသည်။

“အခုက ဘယ်သူမှမလုပ်နိုင်ဘူး။အောက်ကတက်လာတဲ့ စီးပွားရေးသမားတွေဆိုရင် မြဝတီမှာ သောင် တင်နေတယ်။ ဟိုဖက်ကူးဖို့ တံတား ပိတ်ထားတဲ့ အတွက်ကို ၀ယ်လို့လည်း မရဘူး။ ဂိတ်တွေကလည်း ပိတ်ထားတယ်။ ကူးချင်တောင် ကူးလို့မရ တော့ဘူး။ တော်တော်လေးကို ဒုက္ခဖြစ်ကြတာ အခုက။ တ အားအခက်အခဲဖြစ်တယ်။”

မြန်မာနိုင်ငံ မြဝတီမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ သွားရောက်လုပ်ကိုင်သူများ နေ့စဉ်နှင့်အမျှရှိနေပြီး ယခုလို ပိတ်ပင်လိုက်သည့်အတွက် ထိုင်း အလုပ်ရှင်များနှင့် မြန်မာ အလုပ်သမားများ နှစ်ဖက်စလုံးတွင် ထိခိုက်နစ်နာ မှုရှိသည်ဟု ဆိုသည်။

ယခုလ ၁၆ ရက် သောကြာနေ့က မြန်မာကုန်သည်စက်မှုလုပ်ငန်းရှင်အသင်းနှင့် ထိုင်းထုတ်ကုန်လုပ်ငန်း ကုန သည်ကြီးများဖက်ဒရေးရှင်းတို့ နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်ရန် မဲဆောက်မြို့တွင် ဆွေးနွေး ခဲ့သည်ဟု ၁၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်၌ ဖော်ပြပါရှိသည်။

Most read this week