ဖမ်းဆီးပြန်ပို့ခံရသူများ၏ လုံခြံုရေးကို အလေးထားရန် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို

ဖမ်းဆီးပြန်ပို့ခံရသူများ၏ လုံခြံုရေးကို အလေးထားရန် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို
by -
အားမီ
ဖမ်းဆီးပြန်ပို့သည့် နိုင်ငံခြားသားအလုပ်သမားများ၏ လုံခြံုရေးနှင့် အခွင့်အရေးကို အလေးထား ပြန်လည်သုံး သပ်ရန် ထိုင်းဝန်ကြီးချုပ်ထံ အလုပ်သမားအရေး ဆောင်ရွက်နေ သည့် အဖွဲ့အစည်းများပူးပေါင်း၍ အိတ်ဖွင့်ပေး စာတစ်စောင်ကို ယနေ့နံနက်က ပေးပို့...

ဖမ်းဆီးပြန်ပို့သည့် နိုင်ငံခြားသားအလုပ်သမားများ၏ လုံခြံုရေးနှင့် အခွင့်အရေးကို အလေးထား ပြန်လည်သုံး သပ်ရန် ထိုင်းဝန်ကြီးချုပ်ထံ အလုပ်သမားအရေး ဆောင်ရွက်နေ သည့် အဖွဲ့အစည်းများပူးပေါင်း၍ အိတ်ဖွင့်ပေး စာတစ်စောင်ကို ယနေ့နံနက်က ပေးပို့သည်။

ဖမ်းဆီးပြီး ပြန်ပို့ခံရသည့် အလုပ်သမားများ၏ လုံခြံုရေးနှင့် ၎င်းတို့၏ အခွင့်အရေးကို ထိုင်းအာဏာပိုင်များ အနေနှင့် သတိပြု အလေးထား လာစေရန် ရည်ရွယ်၍ တင်ပြရခြင်း ဖြစ်သည်ဟု ကိုစိန်ဌေးကပြောသည်။

"အဓိက ကတော့ ကျနော်တို့က လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့်ကနေသွားတာပေါ့နော်။ ဆိုတဲ့အခါကြ တော့ ဒီကိစ္စကို စတာက ထိုင်းကနေ စပြီးတော့ သွားပို့တာလေ၊ သူတို့က အဲဒီ လမ်းကြောင်းကို ပြန်ပြီး တော့သိအောင်၊ သူတို့ငါ့လက်ထဲကလွှတ် ကျွတ်ဆိုတဲ့ဟာမျိုး သူတို့လုပ်လို့ မရသလို သူတို့ပြန်ပို့လိုက် တဲ့လူတွေရဲ့ လုံခြံုရေးတာဝန်ကိုလည်းယူရမယ်လေ၊ အဲဒီ ရှုထောင့်အပိုင်းကနေသွားပြီးတော့ တောင်း ဆိုတာပေါ့။ သူတို့အနေနဲ့ ဒါကို အကောင်းဆုံးဖြစ်အောင်၊ ဘေးကင်းလုံခြံုစိတ်ချအောင်လုပ်ဖို့ အဲဒါ ကိုအဓိက တိုက်တွန်း တာပေါ့နော်။"

ယခုလိုဖမ်းဆီးနေမှုများမှာ ထိရောက်စွာတားဆီးနေခြင်းမဟုတ်ပဲ အလုပ်သမားများ အတွက် ပိုမိုဒုက္ခရောက်စေ ရုံသာမက အခြားသော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF ၏ပြောခွင့်ရသူ ကိုစိန်ဌေးက ယခုလိုပြောသည်။

"နယ်စပ်မှာဆိုရင် သူတို့က DKBA ဂိတ်၊ ကိုးသုံးလုံးဂိတ်ကို သွားသွားပို့တယ်ပေါ့နော်။ အဲလိုသွား ပို့တဲ့အခါကြတော့ ကိုးသုံးလုံးဂိတ်ရောက်တဲ့ အခါကျလို့ရှိရင် အလုပ်သမားတွေ ဖမ်းဆီးခံထိတဲ့ လူတွေ က ပိုက်ဆံနဲ့ပေးပြီးပြန်ရွေးရတာတွေ၊ မပေးနိုင်လို့ရှိရင် မတရား အလုပ်ခံရတာတွေ ရှိတယ်။ လူကုန် ကူးတဲ့ပွဲစားတွေပေါ့ အဲဒီလူတွေကို သွားပြန်ခေါ်လာ၊ ထိုင်းနိုင်ငံထဲပြန်သွင်းလာ၊ ပြန်ရောင်းစား အဲလို မျိုး သံသရာလည်နေတာ။"

ယခုလို ဖမ်းဆီး၍ ပြန်ပို့ခြင်းထက် အလုပ်သမားလက်မှတ်မရှိသေးသော သူများအား အလုပ်သမားလက်မှတ် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း တောင်းဆိုစာထဲတွင် ပါရှိသည်။

ထိုင်းအစိုးရအနေနှင့် ဖမ်းဆီးပြန်ပို့မှုများ လုပ်ဆောင်နေသော်လည်း မြန်မာအလုပ်သမား များအနေနှင့် နည်းအ မျိုးမျိုးဖြင့် ဆက်လက် ၀င်ရောက် လာနေသည်ဟု  ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ တာဝန်ခံ ဦးမိုးဆွေက ယခုလိုပြောသည်။

"ဒီကိစ္စကတော့ လက်တွေ့မှာအကောင်ထည်ဖေါ်အောင်မြင်နိုင်ဖို့ကတော့အလားလာနည်းတယ်။ နည်း တယ်ဆိုတာက ဒီမှာဖမ်းဆီးပြီးတော့မှ ပြန်ပို့တယ်ဆိုပေမယ့်လည်း မြန်မာ အလုပ်သမားတွေ အနေ နဲ့ကလည်း စီးပွားရေးအခြေအနေဆိုးဝါးတော့ ရတဲ့အပေါက် ကနေပြီးတော့ ဝင်လာကြတာပဲလေ။"

လာမည့်သြဂုတ်လမှစတင်၍ ထိုင်းအာဏာပိုင်များအနေနှင့် လူကုန်ကူးမှုကို ထိရောက်စွာ ဆောင်ရွက်သွားမည် ဟု ယခုလဆန်းပိုင်းက ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့သော်လည်း ထိရောက်စွာမလုပ်ဆောင် နိုင်ပါက အကျင့်ပျက်ခြစားမှုများ ပိုမိုရှိလာနိုင် သည်ဟု ၎င်းက သုံးသပ်သည်။

ဇွန်လ ၂ ရက်နေ့မှ စတင်၍ ဖမ်းဆီးခံရသည့် တရားမဝင်နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား သုံးထောင် ကျော်အနက် မြန်မာနိုင်ငံသား တစ်ထောင့် သုံးရာခန့် ရှိသည်ဟု ထိုင်းအစိုးရ၏ တရားဝင်ထုတ်ပြန်သည့် စာ ရင်းများကဆိုသည်။

Most read this week